သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာျပည္သူေတြကို ကာကြယ္ရမယ္႔တာဝန္ လံုျခံဳေရးေကာင္စီပ်က္ကကြ္ (ကုလဆိုင္ရာ ကန္သံအမတ္ Jeffery Delaurentis)


ျမန္မာျပည္သူေတြကို ကာကြယ္ရမယ္႔တာဝန္ လံုျခံဳေရးေကာင္စီပ်က္ကကြ္

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ၾကံဳေတြ႕ေနရတဲ့ ႏိုင္ငံေရး အက်ပ္အတည္းေတြနဲ႔ ဆိုးရြားလာေနတဲ့ ကိုဗစ္ကပ္ေရာဂါကို ရင္ဆိုင္ေက်ာ္လႊားႏိုင္ေရး ကုလသမဂၢ လုံျခံဳေရးေကာင္စီ အပါအ၀င္ ႏိုင္ငံတကာ အသိုင္းအ၀န္းက ထိထိေရာက္ေရာက္ အေရးယူ ေဆာင္ရြက္ဖို႔ ျမန္မာ့အေရး လႈပ္ရွားသူေတြနဲ႔ ႏိုင္ငံတကာ သံတမန္ေတြ တိုက္တြန္းလိုက္ၾကပါတယ္။

ျမန္မာစစ္တပ္ကို ဒီမိုကေရစီလမ္းေၾကာင္းေပၚ ဦးတည္ေအာင္ လုံျခံဳေရးေကာင္စီက ဖိအားေပးဖို႔လည္း ကုလသမဂၢဆိုင္ရာ အေမရိကန္ ဒုတိယသံအမတ္ႀကီး Jeffery DeLaurentis က တိုက္တြန္းလိုက္တာပါ။

“အခုအခ်ိန္ဟာ အၾကမ္းဖက္မႈေတြရပ္ဖို႔၊ ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ေရာက္ေအာင္ ဖိအားေတြ တိုးျမႇင့္ရမယ့္ အခ်ိန္ပါ။ အက်ပ္အတည္းကို ၿငိမ္းခ်မ္းတဲ့နည္းနဲ႔ ေျဖရွင္းတာကို က်ေနာ္တို႔အားလုံး အားေပးပါတယ္။ ဒါေပမဲ့လည္း ျမန္မာစစ္တပ္အေနနဲ႔ ဂ်ကာတာမွာ (အာဆီယံရဲ႕) ဆုံးျဖတ္ခ်က္ကို အေလးထားမွာ မဟုတ္ဘူးဆိုတာကို အတိအလင္း ေျပာထားၿပီး ျဖစ္ပါတယ္။ ဒါကိုဆက္ေစာင့္ေနမယ္ဆိုရင္၊ အခ်ိန္ၾကာေလေလ၊ လူေတြေသေလ ျဖစ္လာပါလိမ့္မယ္။ လုံျခံဳေရးေကာင္စီ အေနနဲ႔ ႏိုင္ငံတကာ ၿငိမ္းခ်မ္းေရး၊ လုံျခံဳေရးနဲ႔ ျမန္မာျပည္သူေတြကို ညီညီၫြတ္ၫြတ္ ကာကြယ္ေစာင့္ေရွာက္ရမယ့္ တာ၀န္ကို ပ်က္ကြက္ေနပါတယ္။ က်ေနာ္တို႔ ဒီထက္ပိုလုပ္ဖို႔ လိုအပ္သလို၊ လုပ္ဖို႔လည္း အခ်ိန္တန္ေနပါၿပီ။” လို႔ ကုလသမဂၢ လုံျခံဳေရးေကာင္စီမွာ ၾကာသပေတးေန႔က ပါ၀င္ေဆြးေႏြးခဲ့တဲ့ အေမရိကန္သံတမန္ DeLaurentis က ေျပာသြားတာပါ။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းခဲ့တာ ၆ လနီးပါးရွိလာေပမဲ့ ဆန္႔က်င္လႈပ္ရွားမႈေတြ၊ လက္နက္ကိုင္ ပဋိပကၡေတြ ဆက္လက္ ေပၚေပါက္ေနသလို၊ ကိုဗစ္ကပ္ေရာဂါ စတင္ခ်ိန္ကစလို႔ အဆိုးဆုံး အေျခအေနနဲ႔ ရင္ဆိုင္ေနရခ်ိန္မွာပဲ ကုလသမဂၢ လုံျခံဳေရးေကာင္စီမွာ အလြတ္သေဘာ ေဆြးေႏြးခဲ့တာ ျဖစ္ပါတယ္။

ျမန္မာ့အေရး ေျဖရွင္းဖို႔ အာဆီယံ ဘုံသေဘာတူညီခ်က္ ၅ ရပ္နဲ႔ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ ဆိုးရြားလာေနတာကို ကူညီႏိုင္ဖို႔ ရည္ရြယ္ၿပီး ၿဗိတိန္ႏိုင္ငံက ကမကထလုပ္ ေဆြးေႏြးခဲ့ၾကတာပါ။

အြန္လိုင္းေဆြးေႏြးမႈမွာ ပါ၀င္ခဲ့ၾကတဲ့ အမ်ဳိးသားညီၫြတ္ေရးအစိုးရ (NUG) အမ်ဳိးသမီးေရးရာ၀န္ႀကီး ေဒၚဆူဇန္နာလွလွစိုးနဲ႔ ကခ်င္တိုင္းရင္းသား ဂြမ္ဆန္းအဲန္စန္း တို႔ကေတာ့ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္လႈပ္ရွားသူေတြအေပၚ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြနဲ႔ ႏိုင္ငံေရးအက်ပ္အတည္းၾကား ကိုဗစ္ကပ္ေရာဂါကို ထိန္းခ်ဳပ္ဖို႔ မႏိုင္မနင္း ျဖစ္ေနတဲ့ အေျခအေနေတြကိုလည္း အြန္လိုင္းေဆြးေႏြးပဲြမွာ အေလးထား ေျပာဆိုခဲ့ၾကပါတယ္။

.........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကြုံတွေ့နေရတဲ့ နိုင်ငံရေး အကျပ်အတည်းတွေနဲ့ ဆိုးရွားလာနေတဲ့ ကိုဗစ်ကပ်ရောဂါကို ရင်ဆိုင်ကျော်လွှားနိုင်ရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ဖို့ မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ နိုင်ငံတကာ သံတမန်တွေ တိုက်တွန်းလိုက်ကြပါတယ်။

မြန်မာစစ်တပ်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ဦးတည်အောင် လုံခြုံရေးကောင်စီက ဖိအားပေးဖို့လည်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ဒုတိယသံအမတ်ကြီး Jeffery DeLaurentis က တိုက်တွန်းလိုက်တာပါ။

“အခုအချိန်ဟာ အကြမ်းဖက်မှုတွေရပ်ဖို့၊ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် ဖိအားတွေ တိုးမြှင့်ရမယ့် အချိန်ပါ။ အကျပ်အတည်းကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းတာကို ကျနော်တို့အားလုံး အားပေးပါတယ်။ ဒါပေမဲ့လည်း မြန်မာစစ်တပ်အနေနဲ့ ဂျကာတာမှာ (အာဆီယံရဲ့) ဆုံးဖြတ်ချက်ကို အလေးထားမှာ မဟုတ်ဘူးဆိုတာကို အတိအလင်း ပြောထားပြီး ဖြစ်ပါတယ်။ ဒါကိုဆက်စောင့်နေမယ်ဆိုရင်၊ အချိန်ကြာလေလေ၊ လူတွေသေလေ ဖြစ်လာပါလိမ့်မယ်။ လုံခြုံရေးကောင်စီ အနေနဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ မြန်မာပြည်သူတွေကို ညီညီညွတ်ညွတ် ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ကို ပျက်ကွက်နေပါတယ်။ ကျနော်တို့ ဒီထက်ပိုလုပ်ဖို့ လိုအပ်သလို၊ လုပ်ဖို့လည်း အချိန်တန်နေပါပြီ။” လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကြာသပတေးနေ့က ပါဝင်ဆွေးနွေးခဲ့တဲ့ အမေရိကန်သံတမန် DeLaurentis က ပြောသွားတာပါ။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းခဲ့တာ ၆ လနီးပါးရှိလာပေမဲ့ ဆန့်ကျင်လှုပ်ရှားမှုတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက် ပေါ်ပေါက်နေသလို၊ ကိုဗစ်ကပ်ရောဂါ စတင်ချိန်ကစလို့ အဆိုးဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရချိန်မှာပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အလွတ်သဘော ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ဆိုးရွားလာနေတာကို ကူညီနိုင်ဖို့ ရည်ရွယ်ပြီး ဗြိတိန်နိုင်ငံက ကမကထလုပ် ဆွေးနွေးခဲ့ကြတာပါ။

အွန်လိုင်းဆွေးနွေးမှုမှာ ပါဝင်ခဲ့ကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမျိုးသမီးရေးရာဝန်ကြီး ဒေါ်ဆူဇန်နာလှလှစိုးနဲ့ ကချင်တိုင်းရင်းသား ဂွမ်ဆန်းအဲန်စန်း တို့ကတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှားသူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နိုင်ငံရေးအကျပ်အတည်းကြား ကိုဗစ်ကပ်ရောဂါကို ထိန်းချုပ်ဖို့ မနိုင်မနင်း ဖြစ်နေတဲ့ အခြေအနေတွေကိုလည်း အွန်လိုင်းဆွေးနွေးပွဲမှာ အလေးထား ပြောဆိုခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG