{{Zawgyi/Unicode}}
ကုလသမဂၢ လံုျခံဳေရးေကာင္စီရဲ႕ အာဖဂန္နစၥတန္ႏိုင္ငံတြင္း လုပ္ငန္းေတြကို ေနာက္ထပ္ ၆ လ ဆက္ၿပီး လုပ္ကိုင္ေရးအတြက္ ေသာၾကာေန႔က မဲခြဲဆံုးျဖတ္ရာမွာ ကန္႔ကြက္သူမရွိ တညီတၫြတ္ထဲ အတည္ျပဳခဲ့ၾကပါတယ္။
“မဲခြဲရာမွာ ရလဒ္ကေတာ့- အဆိုျပဳခ်က္မူၾကမ္းအတြက္ ေထာက္ခံမဲက ၁၅ မဲ ျဖစ္ပါတယ္။ ဒီဆံုးျဖတ္ခ်က္အမွတ္ ၂၅၉၆ - ၂၀၂၁ ကို ကန္႔ကြက္သူမရွိ တညီတၫြတ္ထည္း အတည္ျပဳလိုက္ပါၿပီ” လို႔ လံုျခံဳေရးေကာင္စီ အလွည့္က်ဥကၠဌ ျဖစ္တဲ့ ကုလသမဂၢဆိုင္ရာ အိုင္ယာလန္ အၿမဲတမ္းကိုယ္စားလွယ္ Geraldine Byrne Nason က မဲခြဲအၿပီးေၾကညာခဲ့တာ ျဖစ္ပါတယ္။
ဒီဆံုးျဖတ္ခ်က္အတြက္ မူၾကမ္းကို ေနာ္ေဝနဲ႔ အက္စ္တိုးနီးယား တို႔က ေရးဆြဲခဲ့ၾကတာ ျဖစ္ၿပီး တာလီဘန္ေတြဘယ္လို အုပ္ခ်ဳပ္မယ္ဆိုတာကို အကဲျဖတ္ႏိုင္ဖို႔ အဖြဲ႔ဝင္ႏိုင္ငံေတြကို အခ်ိန္ေပးခဲ့တာ ျဖစ္ပါတယ္။ ဒီဆံုးျဖတ္ခ်က္ေၾကာင့္ လာမယ့္ လေတြအတြင္း ကုလသမဂၢရဲ႕ လုပ္ငန္းေတြျဖစ္တဲ့ အာဖဂန္နစ္စတန္ႏိုင္ငံတြင္းက လူ႔အခြင့္ေရးဆိုင္ရာေတြ၊ ကေလးငယ္ေတြကို အကာကြယ္ေပးမႈနဲ႔ အရပ္သားေတြ အေပၚက်ဴးလြန္မႈရွိမရွိ ေစာင့္ၾကည့္တာေတြ လုပ္ေဆာင္ႏိုင္မယ့္ အျပင္ စီမံအုပ္ခ်ဳပ္ေရးဆိုင္ရာ အဆင့္အားလံုးမွာ အမ်ိဳးသမီးေတြ အျပည့္အဝ၊ အဓိပၸါယ္ရွိရွိ၊ သာတူညီမွ်စြာ ပါဝင္ေဆာင္ရြက္ႏိုင္ဖို႔ပါ အေထာက္အကူ ရေစမွာ ျဖစ္ပါတယ္။
အခုဆံုးျဖတ္ခ်က္ကေန အာဖဂန္နစ္စတန္နဲ႔ ပတ္သက္ၿပီး ကုလသမဂၢရဲ႕ ႀကိဳးပမ္းမႈေတြအတြက္ လံုျခံဳေရေကာင္စီက ညီညီၫြတ္ၫြတ္ ရပ္တည္ လုပ္ေဆာင္ေပးေနတယ္ ဆိုတာကို ျပသတာ ျဖစ္ေၾကာင္း ေနာ္ေဝနဲ႔ အက္စ္တိုးနီးယားတို႔က လံုျခံဳေရးေကာင္စီကို ေပးပို႔တဲ့ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။
ၿပီးခဲ့တဲ့လ အေမရိကန္တပ္ေတြ ႐ုတ္သိမ္းခဲ့တဲ့ေနာက္ပိုင္း အာဖဂန္ကို ထိန္းခ်ဳပ္ခဲ့တဲ့ တာလီဘန္ေတြက အလံုးစံုပါဝင္တဲ့ အစိုးရတရပ္ကို ဖြဲ႔စည္းမယ္လို႔ ကတိေပးခဲ့ေပမယ့္ သူတို႔ ေၾကညာခဲ့တဲ့ ယာယီအစိုးရအဖြဲ႔ထဲမွာေတာ့ အမ်ိဳးသမီးေတြ၊ လူနည္းစုဝင္ေတြကို ထည့္သြင္းမထားပါဘူး။
.............................................
{{Unicode}}
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အာဖဂန်နစ္စတန်နိုင်ငံတွင်း လုပ်ငန်းတွေကို နောက်ထပ် ၆ လ ဆက်ပြီး လုပ်ကိုင်ရေးအတွက် သောကြာနေ့က မဲခွဲဆုံးဖြတ်ရာမှာ ကန့်ကွက်သူမရှိ တညီတညွတ်ထဲ အတည်ပြုခဲ့ကြပါတယ်။
“မဲခွဲရာမှာ ရလဒ်ကတော့- အဆိုပြုချက်မူကြမ်းအတွက် ထောက်ခံမဲက ၁၅ မဲ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်အမှတ် ၂၅၉၆ - ၂၀၂၁ ကို ကန့်ကွက်သူမရှိ တညီတညွတ်ထည်း အတည်ပြုလိုက်ပါပြီ” လို့ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဌ ဖြစ်တဲ့ ကုလသမဂ္ဂဆိုင်ရာ အိုင်ယာလန် အမြဲတမ်းကိုယ်စားလှယ် Geraldine Byrne Nason က မဲခွဲအပြီးကြေညာခဲ့တာ ဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်အတွက် မူကြမ်းကို နော်ဝေနဲ့ အက်စ်တိုးနီးယား တို့က ရေးဆွဲခဲ့ကြတာ ဖြစ်ပြီး တာလီဘန်တွေဘယ်လို အုပ်ချုပ်မယ်ဆိုတာကို အကဲဖြတ်နိုင်ဖို့ အဖွဲ့ဝင်နိုင်ငံတွေကို အချိန်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် လာမယ့် လတွေအတွင်း ကုလသမဂ္ဂရဲ့ လုပ်ငန်းတွေဖြစ်တဲ့ အာဖဂန်နစ်စတန်နိုင်ငံတွင်းက လူ့အခွင့်ရေးဆိုင်ရာတွေ၊ ကလေးငယ်တွေကို အကာကွယ်ပေးမှုနဲ့ အရပ်သားတွေ အပေါ်ကျူးလွန်မှုရှိမရှိ စောင့်ကြည့်တာတွေ လုပ်ဆောင်နိုင်မယ့် အပြင် စီမံအုပ်ချုပ်ရေးဆိုင်ရာ အဆင့်အားလုံးမှာ အမျိုးသမီးတွေ အပြည့်အဝ၊ အဓိပ္ပါယ်ရှိရှိ၊ သာတူညီမျှစွာ ပါဝင်ဆောင်ရွက်နိုင်ဖို့ပါ အထောက်အကူ ရစေမှာ ဖြစ်ပါတယ်။
အခုဆုံးဖြတ်ချက်ကနေ အာဖဂန်နစ်စတန်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှုတွေအတွက် လုံခြုံရေကောင်စီက ညီညီညွတ်ညွတ် ရပ်တည် လုပ်ဆောင်ပေးနေတယ် ဆိုတာကို ပြသတာ ဖြစ်ကြောင်း နော်ဝေနဲ့ အက်စ်တိုးနီးယားတို့က လုံခြုံရေးကောင်စီကို ပေးပို့တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ပြီးခဲ့တဲ့လ အမေရိကန်တပ်တွေ ရုတ်သိမ်းခဲ့တဲ့နောက်ပိုင်း အာဖဂန်ကို ထိန်းချုပ်ခဲ့တဲ့ တာလီဘန်တွေက အလုံးစုံပါဝင်တဲ့ အစိုးရတရပ်ကို ဖွဲ့စည်းမယ်လို့ ကတိပေးခဲ့ပေမယ့် သူတို့ ကြေညာခဲ့တဲ့ ယာယီအစိုးရအဖွဲ့ထဲမှာတော့ အမျိုးသမီးတွေ၊ လူနည်းစုဝင်တွေကို ထည့်သွင်းမထားပါဘူး။