သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဖဂန္က တပ္႐ုပ္သိမ္းတဲ႔ကိစၥ ကန္လႊတ္ေတာ္မွာ ဝန္ႀကီး Blinken ခုခံကာကြယ္


(Zawgyi/ Unicode)

အေမရိကန္သမိ္ုင္းမွာ အရွည္ၾကာဆံုးတိုက္ခိုက္ခဲ့ရတဲ့ အာဖဂန္က အႏွစ္ ၂၀ ၾကာစစ္ပြဲ အဆံုးသတ္ၿပီး အေမရိကန္တပ္ေတြ အာဖဂန္နစၥတန္ကေန ျပန္႐ုပ္သိမ္းခဲ့ရတာနဲ႔ ပတ္သက္ၿပီး ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က တနလၤာေန႔ လႊတ္ေတာ္ၾကားနာပြဲမွာ ခုခံကာကြယ္ေျပာဆိုခဲ့ပါတယ္။

တကယ္လို႔ သမၼတဂ်ိဳးဘိုင္ဒန္သာ စစ္ပြဲကို ဆက္ၿပီး ဆင္ႏႊဲမယ္ဆိုရင္ အာဖဂန္မွာ တာလီဘန္ေတြ မထိန္းခ်ဳပ္ေအာင္ ကာကြယ္ဖို႔နဲ႔ အေမရိကန္အက်ိဳးစီးပြါးကို ခုခံကာကြယ္ဖို႔ အေမရိကန္တပ္ေတြကို အာဖဂန္ကို ထပ္ေစလႊတ္ဖို႔ လိုအပ္မွာ ျဖစ္သလို ထိခိုက္ေသဆံုးမႈေတြရွိလာႏိုင္ၿပီး အာဖဂန္ကေန ႐ုန္းမထြက္ႏိုင္ဘဲ ျဖစ္ေနႏိုင္တယ္လို႔ ေအာက္လႊတ္ေတာ္ ႏိုင္ငံျခားေရးေကာ္မတီေရွ႕ေမွာက္မွာ ဝန္ႀကီး Blinken က ထြက္ဆိုခဲ့ပါတယ္။

ဒါ့အျပင္ အာဖဂန္မွာ ခုထက္ပိုအခ်ိန္ၾကာၾကာ ဆက္ေနရင္ အာဖဂန္လံုျခံဳေရးတပ္ေတြ ဒါမွမဟုတ္ အာဖဂန္အစိုးရဘက္က သူတို႔ ဘာသာ ရပ္တည္ ႏိုင္စြမ္းရွိလာႏိုင္မယ္ ဆိုတဲ့ အေထာက္အထားလည္း တစံုတရာ မေတြ႕ရဘူးလို႔ ေျပာပါတယ္။

အေမရိကန္က ႏွစ္ေပါင္း ၂၀ၾကာ ေဒၚလာဘီလီယံ ရာနဲ႔ခ်ီ ေထာက္ပံ့မႈေတြ၊ စစ္လက္နက္နဲ႔ စစ္သင္တန္းေတြ ေပးခဲ့တာေတာင္ ဘာမွ မထူးျခားရင္ ေနာက္ ၁ ႏွစ္ ျဖစ္ေစ၊ ၅ ႏွစ္ ဒါမွမဟုတ္ ၁၀ ႏွစ္ ထပ္ေပးလည္း ထူးျခားႏိုင္မွာ မဟုတ္ေၾကာင္း လႊတ္ေတာ္မွာ ဝန္ႀကီး Blinken က တင္ျပခဲ့တာပါ။

အာဖဂန္သမၼတ Ashraf Ghani ဟာ ၾသဂုတ္လလယ္မွာ UAE အာရပ္ေစာ္ဘြားမ်ား သမၼတႏိုင္ငံကို ထြက္ေျပးခဲ့တဲ့ ေနာက္ တာလီဘန္ေတြက ႏိုင္ငံကို ထိန္းခ်ဳပ္ခဲ့တာ ျဖစ္ပါတယ္။ အေမရိကန္က တပ္ေတြ ၾသဂုတ္လကုန္မွာ အာဖဂန္ကေန အၿပီးတိုင္ ျပန္႐ုပ္သိမ္းခဲ့သလို အေမရိကန္ႏိုင္ငံသား ၅ ၅၀၀ ေလာက္နဲ႔ အတူ အာဖဂန္ႏိုင္ငံသားအမ်ားစုပါတဲ့ လူေပါင္း ၁၂၄ ၀၀၀ ေလာက္ကို ကာဘူးလ္ ေလဆိပ္ကေန ကယ္ထုတ္ခဲ့တာ ျဖစ္ပါတယ္။ အာဖဂန္မွာေတာ့ အေမရိကန္ ႏိုင္ငံသား ၁၀၀ ေလာက္ က်န္ေနေသးတာပါ။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အမေရိကန်သမိုင်းမှာ အရှည်ကြာဆုံးတိုက်ခိုက်ခဲ့ရတဲ့ အာဖဂန်က အနှစ် ၂၀ ကြာစစ်ပွဲ အဆုံးသတ်ပြီး အမေရိကန်တပ်တွေ အာဖဂန်နစ္စတန်ကနေ ပြန်ရုပ်သိမ်းခဲ့ရတာနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တနင်္လာနေ့ လွှတ်တော်ကြားနာပွဲမှာ ခုခံကာကွယ်ပြောဆိုခဲ့ပါတယ်။

တကယ်လို့ သမ္မတဂျိုးဘိုင်ဒန်သာ စစ်ပွဲကို ဆက်ပြီး ဆင်နွှဲမယ်ဆိုရင် အာဖဂန်မှာ တာလီဘန်တွေ မထိန်းချုပ်အောင် ကာကွယ်ဖို့နဲ့ အမေရိကန်အကျိုးစီးပွါးကို ခုခံကာကွယ်ဖို့ အမေရိကန်တပ်တွေကို အာဖဂန်ကို ထပ်စေလွှတ်ဖို့ လိုအပ်မှာ ဖြစ်သလို ထိခိုက်သေဆုံးမှုတွေရှိလာနိုင်ပြီး အာဖဂန်ကနေ ရုန်းမထွက်နိုင်ဘဲ ဖြစ်နေနိုင်တယ်လို့ အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီရှေ့မှောက်မှာ ဝန်ကြီး Blinken က ထွက်ဆိုခဲ့ပါတယ်။

ဒါ့အပြင် အာဖဂန်မှာ ခုထက်ပိုအချိန်ကြာကြာ ဆက်နေရင် အာဖဂန်လုံခြုံရေးတပ်တွေ ဒါမှမဟုတ် အာဖဂန်အစိုးရဘက်က သူတို့ ဘာသာ ရပ်တည် နိုင်စွမ်းရှိလာနိုင်မယ် ဆိုတဲ့ အထောက်အထားလည်း တစုံတရာ မတွေ့ရဘူးလို့ ပြောပါတယ်။

အမေရိကန်က နှစ်ပေါင်း ၂၀ကြာ ဒေါ်လာဘီလီယံ ရာနဲ့ချီ ထောက်ပံ့မှုတွေ၊ စစ်လက်နက်နဲ့ စစ်သင်တန်းတွေ ပေးခဲ့တာတောင် ဘာမှ မထူးခြားရင် နောက် ၁ နှစ် ဖြစ်စေ၊ ၅ နှစ် ဒါမှမဟုတ် ၁၀ နှစ် ထပ်ပေးလည်း ထူးခြားနိုင်မှာ မဟုတ်ကြောင်း လွှတ်တော်မှာ ဝန်ကြီး Blinken က တင်ပြခဲ့တာပါ။

အာဖဂန်သမ္မတ Ashraf Ghani ဟာ သြဂုတ်လလယ်မှာ UAE အာရပ်စော်ဘွားများ သမ္မတနိုင်ငံကို ထွက်ပြေးခဲ့တဲ့ နောက် တာလီဘန်တွေက နိုင်ငံကို ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်က တပ်တွေ သြဂုတ်လကုန်မှာ အာဖဂန်ကနေ အပြီးတိုင် ပြန်ရုပ်သိမ်းခဲ့သလို အမေရိကန်နိုင်ငံသား ၅ ၅၀၀ လောက်နဲ့ အတူ အာဖဂန်နိုင်ငံသားအများစုပါတဲ့ လူပေါင်း ၁၂၄ ၀၀၀ လောက်ကို ကာဘူးလ် လေဆိပ်ကနေ ကယ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ အာဖဂန်မှာတော့ အမေရိကန် နိုင်ငံသား ၁၀၀ လောက် ကျန်နေသေးတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG