သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကောင်စီစည်းဝေးပွဲ မြန်မာအခြေအနေပြောင်းလဲ နိုင်မည်မဟုတ် (HRW)


လုံခြုံရေးကောင်စီစည်းဝေးပွဲ မြန်မာအခြေအနေပြောင်းလဲ နိုင်မည်မဟုတ် (HRW)
လုံခြုံရေးကောင်စီစည်းဝေးပွဲ မြန်မာအခြေအနေပြောင်းလဲ နိုင်မည်မဟုတ် (HRW)

{{Zawgyi/Unicode}}

ကြာသပတေးနေ့ မနက်မှာ ကျင်းပတဲ့ ကုလလုံခြုံရေးကောင်စီမှာလက်ရှိမြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲကို လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

မြန်မာစစ်တပ်ရဲ့ လူပေါင်းများစွာသေစေတဲ့ စစ်အာဏာသိမ်းမှုကြီး ခြောက်လကြာတဲ့အထိ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံထဲမှာ လူ့အခွင့်အရေးဖောက်ဖျက်ခံနေရတာတွေကို ထိရောက်တဲ့ ဆုံးဖြတ်ချက်တခုမှ မချပေးနိုင်တဲ့အပြင် စေ့စပ်ဆွေးနွေးရေးမဖော်ဆောင်နိုင်တာက သနားစရာကောင်းလောက်အောင် အသုံးမကျဖြစ်နေတာလို့HRW ရဲ့ UN ညွှန်ကြားရေးမှုး Louis Charbonneau က ပြောပါတယ်။

အခုလို အလွတ်သဘော ဆွေးနွေးတာ၊ တံခါးပိတ် အစည်းအဝေးကျင်းပနေတာတွေကလည်း ဘာကိုမှ အပြောင်းအလဲဖြစ်အောင်လုပ်နိုင်မှာ မဟုတ်ပါဘူး။ တကယ်လုပ်ပြမှ ဖြစ်မှာပါလို့လဲဆိုပါတယ်။ အထွေထွေညီလာခံကြီးက မြန်မာနိုင်ငံကို လက်နက်ရောင်းဝယ်ခွင့် ပိတ်ပင်ဖို့ အဆိုပြုထားတာပါ။ လုံခြုံရေးကောင်စီကလည်း ဒီအဆိုပြုချက်ကို အလျင်အမြန်လိုက်နာပြီး နိုင်ငံတကာကနေ မြန်မာကိုလက်နက်ရောင်းဝယ်ခွင့် ပိတ်ပင်ဖို့ ၊ စစ်ခေါင်းဆောင်တွေနဲ့ သူတို့နဲ့ပတ်သတ်သူတွေကို အဓိက ပစ်မှတ်ထား ပိတ်ပင်မှုတွေနဲ့ စက်သုံးဆီက ငွေမရအောင် ပိတ်ပင်မှုတွေကိုလည်း အမြန်ဆုံး ဆက်လက် လုပ်ဆောင်ဖို့လိုတယ်လို့လဲ HRW ရဲ့ ဝေဖန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်းက တရားဥပဒေ စိုးမိုးမှုအခြေအနေ၊ မြန်မာ့အရေး အာဆီယံရဲ့ အချက် (၅) ချက်ပါ သဘောတူညီချက် ဆောင်ရွက်နေမှု တိုးတက်မှု အခြေအနေ၊ စာနာမှုအကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ဆိုးရွားလာနေတဲ့ COVID-19 ကူးစက် ပြန့်ပွားမှုအခြေအနေ စတဲ့ မြန်မာနိုင်ငံ လတ်တလော ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ပတ်သက်လို့ ပြည်တွင်းက ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့အသံတွေကို နားထောင်ဖို့အတွက်ဆိုပြီး လုံခြုံရေးကောင်စီအဖွဲ့ဝင် ဗြိတိန်နိုင်ငံက ကမကထပြုပြီး ဒီဆွေးနွေးပွဲကို ခေါ်ယူ ကျင်းပတာပါ။

...........................................

တိုက်ရိုက် လင့်ခ်

{{Unicode}}





XS
SM
MD
LG