သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားအပေါ်ပိတ်ဆို့မှုအသစ် ကုလ တခဲနက် ချမှတ်


ကုလသမဂ္ဂလုံခြုံရေးကောင်စီ မဲပေးနေစဉ်
ကုလသမဂ္ဂလုံခြုံရေးကောင်စီ မဲပေးနေစဉ်

နျူကလီးယားနဲ့ မစ်ဇိုင်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေ ဆက်ပြီးလုပ်နေတဲ့ မြောက်ကိုရီးယားနိုင်ငံကို တုံ့ပြန်တဲ့အနေ နဲ့ စီးပွါးရေးအရ အရေးယူပိတ်ဆို့မှုတွေအသစ်ထပ်ပြီးလုပ်ဖို့ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်မူကြမ်းကို ပြီးခဲ့တဲ့နာရီပိုင်းအတွင်းကပဲ အဖွဲ့ဝင်နိုင်ငံအများစုထောက်ခံချက်နဲ့ ချမှတ်လိုက်ပါပြီ။

အခုဆုံးဖြတ်ချက်ဟာ မြောက်ကိုရီး ယားကို အပြင်းထန်ဆုံး လုံခြုံရေးကောင်စီကနေချမှတ်တဲ့ ဆုံးဖြတ်ချက်တခုလည်းဖြစ်ပါတယ်။ ရေနံတင်သွင်းမှုတွေ မြောက်ကိုရီးယားကို ကန့်သတ်ဖို့နဲ့ မြောက်ကိုရီးယားရဲ့ ချည်ထည်ပို့ကုန်တွေကို ပိတ်ပင်ဖို့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီရဲ့ဆုံးဖြတ်ချက်မူကြမ်းထဲမှာပါဝင်ပါတယ်။

နျူကလီးယားနဲ့မစ်ဇိုင်းဒုံးကျည်စမ်းသပ်မှုတွေအတွက်လိုအပ်တဲ့ ဝင်ငွေတွေကို လျှော့ကျသွားအောင်လုပ်ဖို့ရည်ရွယ်ပြီး အခုလို ဒဏ်ခတ်အရေးယူတာပါ။ ဆွေးနွေးညှိနှိုင်းမှုတွေလုပ် လာအောင်လည်း ဖိအားတွေတိုးလိုက်တဲ့သဘောလည်းဖြစ်ပါတယ်။

နိုင်ငံရေးအရအဖြေရှာဖို့တွန်းအားပေးတဲ့အနေနဲ့ မြောက်ကိုရီးယားကို အခုလိုပိုပြင်းထန်တဲ့အရေးယူမှုထပ်လုပ်ရတာလို့ ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်သံအမတ်ကြီး François Delattre ကပြောပါတယ်။

မြောက်ကိုရီးယားကို ဒဏ်ခတ်အရေးယူမှုတွေထပ်လုပ်ဖို့ အမေရိကန်ဘက်က တွန်းအားပေးမှုတွေလုပ်ခဲ့သလို လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာတွေရှိကြတဲ့ တရုတ်နဲ့ရုရှားနိုင်ငံတွေရဲ့ အကြိတ်အနယ်ညှိနှိုင်းတောင်းဆိုမှုတွေရှိခဲ့ပါတယ်။ အခုနောက်ဆုံးသဘောတူခဲ့တဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မူကြမ်းဟာ အမေရိကန်ဘက်က တင်သလောက်တော့ အရှိန်သိပ်မပြင်းခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG