သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားအပေါ် အရေးယူမှု လုံခြုံရေးကောင်စီမဲခွဲမည်


လုံခြုံရေးကောင်စီ
လုံခြုံရေးကောင်စီ

မြောက်ကိုရီးယားအနေနဲ့ နျူကလီးယာနဲ့ Missile ဒုံးစမ်းသပ်မှုတွေ ဆက်တိုက်လုပ်လာတာမို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေပိတ်ဆို့အရေးယူမှုသစ်တွေချမှတ်ရေး မူကြမ်းသစ်ကို ဒီနေ့ မဲခွဲဆုံးဖြတ်ဖို့ရှိနေပါတယ်။

မြောက်ကိုရီးယားအနေနဲ့ (၆) ကြိမ်မြောက် မြေအောက်နျူကလီးယာစမ်းသပ်မှုကို ဒီလ (၃) ရက်နေ့က ဆက်လုပ်ခဲ့တဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ တရုတ်နဲ့ ရုရှားတို့နဲ့ ပြင်းပြင်းထန်ထန် ဆွေးနွေးအပြီးမှာ အမေရိကန်ဘက်က ဒီလုံခြုံရေးကောင်စီဆုံးဖြတ်ချက်ချရေး အရင်မူကြမ်းကို ထပ်မံပြင်ဆင်ခဲ့တာပါ။

ဒီနောက်ဆုံး နျူကလီးယာစမ်းသပ်မှုမှာ မြောက်ကိုရီးယားအနေနဲ့ ပထမဆုံးအကြိမ် ဟိုက်ဒရိုဂျင်ဗုံးကို သုံးခဲ့တယ်လို့ ယူဆထားကြပါတယ်။

အမေရိကန်က အရင်ပြင်ဆင်ထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းထဲမှာ မြောက်ကိုရီးယားကနေ ရေနံနဲ့ သဘောဝဓာတ်ငွေ့ တင်ပို့မှုကို ပိတ်ပင်ဖို့နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ နိုင်ငံခြားပိုင်ဆိုင်မှုအားလုံးကို ထိန်းချုပ်ထားရေးတွေ ပါဝင်ပါတယ်။

ဗီတိုအာဏာကိုင်ထားတဲ့ တရုတ်နဲ့ ရုရှားတို့က ကန့်ကွက်မှာကိုစိုးရိမ်ပုံပေါ်ပြီး ပြင်ဆင်လိုက်တဲ့ အခုမူကြမ်းသစ်ထဲမှာတော့ အရင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိတ်ပင်ရေးကို နဲနဲဖြေလျော့လိုက်ပြီး၊ Kim Jong Un ရဲ့ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ထားရေးကိုလည်း ပယ်ဖျက်ပေးထားတယ်လို့ သံတမန်တွေက ထုတ်ပြောနေပါတယ်။

ဒါပေမဲ့ ဒီမူကြမ်းသစ်ထဲမှာ အရင်မူလမူကြမ်းထဲမှာ ပါထားတဲ့ မြောက်ကိုရီးယားက အဝတ်အထည်တင်ပို့မှု ပိတ်ပင်ရေးကိုတော့ ဆက်ထား ထားပါတယ်။

တကယ်တော့ အခုမတိုင်ခင်ထဲက မြောက်ကိုရီးယားဘက်က ခြိမ်းခြောက်ထားတာ အခုလို လုံခြုံရေးကောင်စီက ပိတ်ဆို့အရေးယူမှုသစ်တွေ တကယ်ချမှတ်လိုက်ရင် အမေရိကန်အနေနဲ့ တန်ဖိုးကြီးကြီးပြန်ပေးဆပ်ရလိမ့်မယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG