သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားအပေါ် စစ်ရေးအရ တုံ့ပြန်မှု Trump ရဲ့ ပထမ ရွေးလမ်းမဟုတ်


မြောက်ကိုရီးယား အပေါ် စစ်ရေးအရ အရေးယူသွားမလားလို့ သတင်းထောက်တွေက မေးတာမှာ ဘာဖြစ်မယ်ဆိုတာ အတိအကျ မသိသေးကြောင်း၊ စစ်ရေးအရ အရေးယူမယ့် ကိစ္စဟာ ပထမ ဦးစားပေး လုပ်ငန်းစဉ် မဟုတ်ကြောင်း သမ္မတ Donald Trump က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

တရုတ်သမ္မတ Xi Jinping နဲ့ တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောကြား ပြီးနောက် သမ္မတ အိမ်ဖြူတော်မှာ မစ္စတာ Trump က အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

သမ္မတ ရှီနဲ့ မြောက်ကိုရီးယား အရေး ဆွေးနွေးခဲ့သလားလို့ ဗွီအိုအေ သတင်းထောက်က မေးတာမှာတော့ မြောက်ကိုရီးယား ကိစ္စအတွက် သမ္မတ ရှီအနေနဲ့ တခုခု လုပ်လိုကြောင်း၊ ဒါပေမယ့် သူ့အနေနဲ့ လုပ်နိုင်စွမ်း ရှိမရှိ ဆိုတာကိုတော့ မသိကြောင်း သမ္မတ Trump က ပြန်လည် ဖြေကြားခဲ့ပါတယ်။

သမ္မတ ရှီနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့ကြောင်း၊ ဆွေးနွေးမှုဟာ အားရစရာ ကောင်းပြီး အချိန်လည်း အတော်ကြာခဲ့ကြောင်း သမ္မတ Trump က ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ မကြာသေးခင်က လုပ်ဆောင်မှု တွေဟာ ရန်လိုတဲ့ လုပ်ရပ် ဖြစ်တယ်ဆိုတာကို သမ္မတ ရှီအနေနဲ့ သဘောတူကြောင်း၊ ကိုရီးယား ကျွန်းဆွယ်မှာ ဖြစ်ပေါ်နေတာတွေကို သမ္မတ ရှီအနေနဲ့လည်း မလိုလားကြောင်း သမ္မတ Trump က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG