သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားသွင်းကုန်အချို့ တရုတ်ပိတ်ပင်


မြောက်ကိုရီးယားကျောက်မီးသွေးလုပ်ငန်းတခု
မြောက်ကိုရီးယားကျောက်မီးသွေးလုပ်ငန်းတခု

ကုလသမဂ္ဂဘက်က ဒီလ အစောပိုင်းမှာ ချမှတ်လိုက်တဲ့ မြောက်ကိုရီးယား အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုသစ် အရ မြောက်ကိုရီးယားရဲ့ ကျောက်မီးသွေး၊ သံရိုင်းနဲ့ တခြား ထုတ်ကုန်တွေ တင်သွင်းမှုကို တားမြစ်လိုက်ကြောင်း တရုတ်နိုင်ငံက ဒီကနေ့ တနလာၤနေ့မှာ ကြေညာလိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းတပ် ဒုံးကျည် စမ်းသပ်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကြား တခဲနက် အတည်ပြုလိုက်တဲ့ ဒဏ်ခတ်ပိတ်ဆို့ကို အပြည့်အ၀ ဆောင်ရွက်ဖို့ တရုတ် ခေါင်းဆောင်တွေက ကတိပြုထားတာ ဖြစ်ပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှု အရ မြောက်ကိုရီးယားရဲ့ ပို့ကုန် ဒေါ်လာ သန်း ၁ ထောင်ဖိုးလောက်ကို တားဆီး ပိတ်ပင်နိုင်မှာ ဖြစ်ပါတယ်။ လာမယ့် စက်တင်ဘာလ ၅ ရက်နေ့မှာ ကုန်သွယ်ရေးကန့်သတ်ချက်သစ် အပြည့်အ၀ စတင်အကျုံးဝင်မယ်လို့ တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနက ပြောဆိုပါတယ်။

မြောက်ကိုရီးယားဘက်က နျူးကလီးယား လက်နက် အစီအစဉ်တွေကို လက်လွှတ်ရေးအတွက် အရေးပါဆုံး မဟာမိတ် ဖြစ်တဲ့ တရုတ်အနေနဲ့ သူ့ရဲ့ အနေအထားကို အသုံးပြု ဆောင်ရွက်ဖို့ အမေရိကန် သမ္မတ Donald Trump နဲ့ သူ့အစိုးရ အဖွဲ့ဝင်တွေက တိုက်တွန်းနေကြတာပါ။ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို တရုတ်ဘက်က လိုက်နာဆောင်ရွက်နေတယ်လို့လည်း တရုတ်ဘက်က ပြောဆိုပါတယ်။ အခြေအနေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ လိုအပ်ကြောင်းနဲ့ ထိန်းထိန်းသိမ်းသိမ်း ရှိကြဖို့လည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကနေ့ တနလာၤနေ့မှာ ထပ်မံ တိုက်တွန်းလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG