သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားဝါဒဖြန့်ချီရေးလိုင်းကို Youtube စာမျက်နှာမှ ဖယ်ရှား


Uriminzokkiri ရုပ်သံလိုင်းမှ အစီအစဉ်တခု ထုတ်လွှင့်နေစဉ်
Uriminzokkiri ရုပ်သံလိုင်းမှ အစီအစဉ်တခု ထုတ်လွှင့်နေစဉ်

မြောက်ကိုရီးယားအစိုးရပိုင် ဝါဒဖြန့်ချီရေးတွေကို ထုတ်လွှင့်နေတဲ့ Uriminzokkiri ရုပ်သံလိုင်းကို လူမှုအဖွဲ့အစည်းတွေလိုက်နာရမယ့် လမ်းညွှန်ချက်တွေကို ချိုးဖောက်တယ်ဆိုပြီး Youtube အင်တာနက်စာမျက်နှာကနေ ဖယ်ရှားလိုက်ပါတယ်။

Youtube ကနေချမှတ်ထားတဲ့ လူမှုအဖွဲ့အစည်းတွေလိုက်နာရမယ့် လမ်းညွှန်ချက်ကို ချိုးဖောက်လို့ မြောက်ကိုရီးယားအစိုးရရဲ့ အဲဒီရုပ်သံလိုင်းကို ဖျက်သိမ်းလိုက်တယ်လို့ Youtube က ပြောပါတယ်။

သောကြာနေ့က အဲဒီရုပ်သံလိုင်းကို ဘာကြောင့်ဖယ်ရှားရသလဲဆိုပြီး မေးတဲ့အပေါ်မှာတော့ Youtube ဘက်က ချက်ချင်းတုံ့ပြန်ခဲ့ခြင်း မရှိခဲ့ဘူးလို့ သတင်းတွေက ဆိုပါတယ်။ ဒါပေမဲ့ ကြော်ငြာတွေကနေ ဒီရုပ်သံလိုင်း ရတဲ့ ဝင်ငွေတွေက အမေရိကန်ရဲ့ကုန်သွယ်ရေး ပိတ်ဆို့မှုကို ချိုးဖောက်တာဖြစ်နိုင်တဲ့အတွက် ဒီရုပ်သံလိုင်းကို ဖယ်ရှားတာဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။

Uriminzokkiri ဟာ မြောက်ကိုရီးယားအစိုးရရဲ့ ရုပ်သံဖိုင်တွေကို မကြာခဏဆိုသလို ထုတ်လွှင့်ပြသလေ့ရှိပြီး၊ ပြည်ပမှာနေထိုင်ကြတဲ့ မြောက်ကိုရီးယားနိုင်ငံသားတွေကို ပြသဖို့အတွက် ရည်ရွယ်တာဖြစ်ပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်တာတွေ နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ ခရီးစဉ်တွေကိုလည်း ပြသလေ့ရှိပါတယ်။

Middlebury နိုင်ငံတကာလေ့လာရေးဌာနက လက်နက်ထိန်းချုပ်ရေးကျွမ်းကျင်သူ Jefferey Lewis ကတော့ - သူ့အနေနဲ့ မြောက်ကိုရီးယားရဲ့ နျူးကလီးယားစွမ်းရည်ကို ပိုပြီးတော့သိရှိနားလည်နိုင်ဖို့အတွက် ဒီရုပ်သံလိုင်းကို အသုံးပြုလေ့ရှိတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG