သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်အရေးအခြေအနေ နိုင်ငံတကာ စောင့်ကြည့်ဖို့ Yanghee Lee တိုက်တွန်း


 မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး Yang Hee Lee ။
မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး Yang Hee Lee ။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း အခြေအနေတွေက နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့် အရေးအခြေအနေကို သတိထားပြီး မပြတ်စောင့်ကြည့်သွားရမယ်ဆိုတာ ပြနေတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး Yang Hee Lee က ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံခရီးစဉ်စဖို့ သုံးရက်အလို ဒီကနေ့ထွက်လာတဲ့ ထုတ်ပြန်ချက်တခုထဲမှာ မစ္စယန်ဟီးလီက အဲဒီလို ပြောထားတာပါ။ ရခိုင်ပြည်ဘက်မှာ ဖြစ်နေတာအပြင် ကချင်နဲ့ရှမ်းဘက်မှာ တိုက်ပွဲတွေ အရှိန်မြင့်လာတာ၊ အဲဒီကနေ အရပ်သားတွေရဲ့ အခြေ အနေအပေါ် အနုတ်လက္ခဏာဆောင် သက်ရောက်မှုတွေ မလွှဲမရှောင်သာ ဖြစ်လာတာတွေဟာ အစိုးရအဖွဲ့သစ်ရဲ့ ပထမနှစ်အတွင်း သွားနေတဲ့လမ်းကြောင်းပေါ် စိုးရိမ်ပူပန်စရာတချို့ ဖြစ်လာစေပါတယ်လို့ မစ္စယန်ဟီးလီကပြောပါတယ်။

မစ္စယန်ဟီးလီဟာ ဇန်နဝါရီလ ၉ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ မြန်မာနိုင်ငံကို လာမှာပါ။ ဒီခရီးစဉ်အတွင်း ကချင်ပြည်နယ်ထဲက မြစ်ကြီးနား၊ ဖားကန့်နဲ့ လိုင်ဇာ၊ ရခိုင်ပြည်နယ်ထဲက စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်းတောမြို့တွေ အပြင် နေပြည် တော်နဲ့ ရန်ကုန်မြို့တွေကိုလည်းသွားဖို့ စီစဉ်ထားပါတယ်။

အစိုးရရဲ့ဖိတ်ကြားချက်နဲ့ လာရောက်မယ့် ၁၂ ရက်ကြာခရီးစဉ် အတွင်း နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ရပ်ရွာအကြီးအကဲတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေအပြင် လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေနဲ့ တွေ့ဆုံဖို့ရှိသလို နိုင်ငံ တကာအသိုင်းအဝိုင်းက လူပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။ ဒီခရီးစဉ် အတွင်း လေ့လာတွေ့ရှိ ချက်တွေကို အစီရင်ခံစာ ရေးပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ၂၀၁၇ ခုနှစ် မတ်လမှာ တင်သွင်းမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG