သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် ဂျပန်အစိုးရနဲ့ မြန်မာ့အရေး ဆွေးနွေးမည်


ဆွန်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာကျင်းပတဲ့ ၅၁ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီအတွင်းတွေ့ရတဲ့ ကုလမြန်မာအထူးကိုယ်စားလှယ် Tom Andrews
ဆွန်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာကျင်းပတဲ့ ၅၁ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီအတွင်းတွေ့ရတဲ့ ကုလမြန်မာအထူးကိုယ်စားလှယ် Tom Andrews

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကြပ်အတည်းကူညီဖြေရှင်းနိုင်ရေးနဲ့ စစ်ကောင်စီ အားနည်းသွားအောင် ဖိအားတိုးပေးရေး ဂျပန်အစိုးရ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ လာမယ့် ဧပြီလ ၁၉ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ဂျပန်နိုင်ငံကို သွားရောက်မယ့်အကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေ ပိုပြီး ဆုတ်ယုတ်ကျဆင်းနေတဲ့အတွက် နက်ရှိုင်းလာတဲ့ လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းကိစ္စတွေကို ဂျပန်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ မဖြစ်မနေ လိုနေပြီလို့ Tom Andrews က ပြောဆိုပါတယ်။

အရပ်သားတွေအပေါ် စစ်တပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပိုတိုးလာသလို၊ နိုင်ငံရေးအကျဉ်းသား အရေအတွက် ပိုများလာပြီး အရေးပေါ် လူသားချင်းစာနာမှု အကူအညီလိုအပ်နေတဲ့အခြေအနေတွေလည်း ပိုဆိုးလာနေတဲ့အကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဂျပန်နိုင်ငံဟာ မြန်မာနိင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းရေးမှာ ဒေသတွင်း ဦးဆောင်မှုကို ရယူထားတဲ့ ခိုင်မာတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်တယ်လို့လည်း Tom Andrews က ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်း စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီးကြီးကျေးရွာအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို ဥပမာပေးပြီး မြန်မာစစ်တပ်ဘက်က အရပ်သား၊ လက်နက်ကိုင် အခွဲခြားပဲ အားလုံးကို သိမ်းကြုံးတိုက်ခိုက်နေတယ်လို့ လည်း သူက ဝေဖန်ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG