သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ အရှေ့တောင်အာရှဒေသ ဆိုက်ဘာရာဇဝတ်မှု အစီရင်ခံစာ ကုလထုတ်ပြန်


UN Logo
UN Logo

မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေမှာ ရာဇဝတ်ဂိုဏ်းတွေက သိန်းနဲ့ ချီတဲ့ လူတွေကို ဆိုက်ဘာရာဇဝတ်မှုတွေကို ကျူးလွန်ဖို့ မကြာခဏ ညှဉ်းပန်းနှိပ်စက် ခြိမ်းခြောက်ကာ ဖိအားပေးစေခိုင်းနေတယ်လို့ ကုလသမဂ္ဂက ဒီနေ့ပဲ အစီရင်ခံစာထုတ်ပြန်ပါတယ်။ အများစုဟာ ဆိုက်ဘာရာဇဝတ်မှုတွေကို ကျူးလွန်ဖို့အတွက် လူကုန်ကူးခံရပြီး၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုလို ပြင်းထန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ရင်ဆိုင်နေရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

“အွန်လိုင်းလိမ်လည်မှုတွေမှာ အတင်းအကြပ် ခိုင်းစေခံရတဲ့သူတွေဟာ ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ ကို အတင်းအကြပ် ဖိအားပေးခံရချိန်မှာ လူမဆန်တဲ့ ဆက်ဆံမှုတွေကိုပါ ခံစားကြရတယ်” လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ Volker Turk က အစီရင်ခံစာမှာ ပြောပါတယ်။ သူတို့ဟာ ရာဇဝတ်သားတွေ မဟုတ်ဘဲ၊ သားကောင်တွေသာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

အခုလို အရှေ့တောင်အာရှ နိုင်ငံတွေမှာ ဖြစ်နေတဲ့ ဆိုက်ဘာရာဇဝတ်မှုတွေကို သေချာကိုင်တွယ်ဖြေရှင်းရာမှာ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ တုံ့ပြန်မှု ကွာဟချက်ကြောင့် အခက်အခဲရှိတယ်လို့လည်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်းမှာတော့ အနည်းဆုံး လူပေါင်း ၁ သိန်း ၂ သောင်းနဲ့ ကမ္ဘောဒီးယားမှာ ခန့်မှန်းခြေ ၁ သိန်း လောက်ဟာ ဆိုက်ဘာ လိမ်လည်မှုတွေကို အတင်းအကြပ် လုပ်ဆောင်ဖို့ ဖိအားပေး ချုပ်နှောင်ခံနေရတယ်လို့လည်း ခန့်မှန်းထားပါတယ်။ လာအို၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတွေကတော့ ကြားခံလုပ်ဆောင်နေတဲ့ နိုင်ငံတွေဖြစ်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေဟာ နှစ်စဉ် ဒေါ်လာဘီလီယံနဲ့ချီပြီး ဝင်ငွေရနေပြီး၊ လိမ်လည်ခံရသူအများစုဟာ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေ၊ တရုတ်ပြည်မကြီး၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ တောင်အာရှ၊ အာဖရိကနဲ့ လက်တင်အမေရိကတို့က အများစုဖြစ်တယ်လို့လည်း ပြောပါတယ်။ အွန်လိုင်းလိမ်လည်မှုမှာ လူကုန်ကူးခံရသူအများစုဟာ အမျိုးသားတွေဖြစ်ပေမဲ့ အမျိုးသမီးတွေနဲ့ ဆယ်ကျော်သက်တွေလည်း ပါတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကိုဗစ်ကာလနောက်ပိုင်း ပြည်သူ့ကျန်းမာရေး အစီအမံများအောက်မှာ ပိတ်ထားရတဲ့ ကာစီနိုလောင်းကစားရုံတွေဟာ ထိန်းချုပ်မှုနည်းပါးတဲ့ အွန်လိုင်းနဲ့ ပဋိပက္ခဒဏ်ခံရတဲ့ နယ်စပ်ဒေသတွေကို ပြောင်းရွေ့လာကြကာ ကိုဗစ်ကြောင့် အွန်လိုင်းပေါ်မှာ အချိန်ပိုဖြုန်းလာတဲ့ သူတွေကို ပစ်မှတ်ထားလာတယ်လို့ လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG