သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလက်ထောက်အကြီးအကဲ မြောက်ကိုရီးယားသွားမည်


ကုလသမဂ္ဂ နိုင်ငံရေးဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် Jeffrey Feltman
ကုလသမဂ္ဂ နိုင်ငံရေးဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် Jeffrey Feltman

အခုနှစ်အတွင်း နျူကလီးယားနဲ့ ပဲ့ထိန်းတပ် ဒုံးကျည်တွေ အကြိမ်ကြိမ် စမ်းသပ်မှု ပြုလုပ်ခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံကို ကုလသမဂ္ဂ အရာရှိတဦးဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် သွားရောက်ဖို့ ရှိနေပါတယ်။

ကုလသမဂ္ဂ နိုင်ငံရေးဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် Jeffrey Feltman ဟာ ဒီကနေ့ ဒီဇင်ဘာ ၅ ရက်ကနေ ၈ ရက်နေ့အထိ မြောက်ကိုရီးယားကို သွားရောက်မှာဖြစ်ကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

ဒီခရီးစဉ်ဟာ မြောက်ကိုရီးယား အာဏာပိုင်တွေရဲ့ ဖိတ်ကြားချက်အရ မူလကတည်းက တည်ရှိပြီးဖြစ်တဲ့ မူဝါဒဆိုင်ရာ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ သွားရောက်တဲ့ ခရီးစဉ်ဖြစ်ကြောင်း၊ စက်တင်ဘာလမှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ပြင်ပမှာ ထပ်မံ ဖိတ်ကြားခဲ့တာ ဖြစ်ကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က တနင်္လာနေ့မှာ ပြောပါတယ်။

ဒီခရီးစဉ်အတွင်း မူဝါဒဆိုင်ရာ ကိစ္စရပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားမှာဖြစ်ကြောင်းလည်း Dujarric က ပြောပါတယ်။

သူ့အနေနဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Ri Yong Ho ၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Pak Myong Guk တို့နဲ့ တွေ့ဆုံသွားမှာ ဖြစ်ကြောင်းလည်း မစ္စတာ Feltman က အတည်ပြု ပြောကြားပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားမှာ ရှိနေတဲ့ သံတမန်တွေနဲ့ ပြုံယမ်းမှာ ရှိနေတဲ့ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် အဖွဲ့နဲ့လည်း တွေ့ဆုံသွားမယ်လို့ မစ္စတာ Feltman က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG