သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတလွှား လူ့အခွင့်အရေးချိုးဖောက်မှု စစ်ဆေးရေးအတွက် ဒေါ်လာသန်း (၅၀၀) ကုလ တောင်းခံ


ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Volker Turk
ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Volker Turk

ဆီးရီးယားကနေ ဆူဒန်အထိ ကမ္ဘာတလွှား လူ့အခွင့်အရေး ချိုးဖေါက်မှု စုံစမ်းစစ်ဆေးရေးဆိုင်ရာ လုပ်ငန်းတွေအတွက် အခု ၂၀၂၅ မှာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ချထားပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Volker Turk က ကြာသပတေးနေ့မှာ ပန်ကြားလိုက်ပါတယ်။

အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ရဲ့ နိုင်ငံခြားအကူအညီ ရံပုံငွေဖြတ်တောက်မှုကနေ ကုလလူ့အခွင့်အရေးရုံး ရဲ့ လုပ်ငန်းတွေ မလည်ပတ်နိုင်မှာ စိုးရိမ်နေတာဖြစ်ပါတယ်။ ကုလအဖွဲ့ဝင် နိုင်ငံတွေထည့်ဝင်တဲ့ ထဲကနေ လူ့အခွင့်အရေးရုံးအတွက် ခွဲဝေချထားပေးတဲ့ ရံပုံငွေဟာ လုံလောက်မှု မရှိပဲ ဖြစ်နေတာပါ။

မဟာမင်းကြီးကတော့ အခု ၂၀၂၅ ခုနှစ်အတွင်း လူ့အခွင့်အရေး ဆိုင်ရာ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ပေါ်မလာဖို့ မျှော်လင့်ကြောင်း လည်း ဂျနီဗာ ကုလရုံးမှာ အဖွဲ့ဝင်နိုင်ငံတွေကို ပြောပါတယ်။ အခုလို ရံပုံငွေ မရရင် လူ့အခွင့်အရေးရုံး လုပ်ငန်းလည်ပတ်မှုတွေ ထိခိုက်လာနိုင်သလို ကမ္ဘာ့နိုင်ငံတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာကို စိုးရိမ်ကြောင်းလည်း ပြောပါတယ်။

ခွဲခြားဆက်ဆံတဲ့ မူဝါဒတွေ ဆက်ပြီး ချမှတ် ဆောင်ရွက်ခွင့် ပေးထားတဲ့ အစိုးရတွေအောက်မှာ တရားမဝင် အဖမ်းခံရသူ ပိုများလာနိုင်သလို လူ့အခွင့်အရေး အချိုးဖေါက်ခံရမှုတွေ အတွက် မှတ်တမ်း မှတ်ရာတွေ မရှိတာ၊ လူ့အခွင့်အရေးရှေ့နေတွေနဲ့ လှုပ်ရှားသူတွေ အကာကွယ်မဲ့ သွားမှာကို စိုးရိမ်ကြောင်း ပြောပါတယ်။

လူ့အခွင့်အရေးရုံး အနေနဲ့ ကုလဘတ်ဂျတ်ထဲကနေ ပုံမှန်အားဖြင့် ၅ % သာ ရတာ ဖြစ်ပါတယ်။ မနှစ်ကလျာထားငွေ ဒေါ်လာ သန်း ၅၀၀ မှာ ထက်ဝက်လောက်ပဲ ရခဲ့တာ ဖြစ်ပြီး အမေရိကန်က အများဆုံး ထည့်ဝင်တာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ဒေါ်လာ ၃၅ သန်း ထည့်ဝင်မှုဟာ ၂၀၂၄ မှာ ကောက်ယူ ရရှိတဲ့ ရံပုံငွေရဲ့ ၁၅ % ရှိနေတာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG