သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်တွင်းဒုက္ခသည်တွေ စိုးရိမ်စရာ အခြေအနေ ကုလသတိပေး


စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတဲ့ဒေသခံများ (သြဂုတ် ၉၊ ၂၀၂၃)
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတဲ့ဒေသခံများ (သြဂုတ် ၉၊ ၂၀၂၃)

မြန်မာနိုင်ငံအတွင်းက ပြည်တွင်းနေရပ်စွန့်ခွာနေရသူတွေ အချိန်ကြာလာတာနဲ့အမျှ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှု၊ စိတ်ဖိစီးမှု၊ လူအခွင့်အရေးချိုးဖေါက်မှုနဲ့ ဥပဒေရေးရာ အကူအညီမရတဲ့ ကန့်သတ်ချက် အခက်အခဲတွေကို ရင်ဆိုင်နေရတဲ့အကြောင်း UNHCR ကုလသမဂ္ဂ မဟာမင်းကြီးရုံး က လူမှုကွန်ယက်တွေမှာ ဒီနေ့ ရေးသားထားပါတယ်။

အသက်မွေးဝမ်းကြောင်း အထောက်အကူပေးတာ၊ အသိပညာပေးတာနဲ့၊ တရားဥပဒေဆိုင်ရာ အကြံပေးမှုတွေ ပေးပြီး အခက်အခဲတွေကို လျှော့ချပေးနိုင်ဖို့၊ ကာကွယ်စောင့်ရှောက်ဖို့ လိုတဲ့အကြောင်း ရေးသားထားတာပါ။ အိုးအိမ်စွန့်ခွာ ရှောင်တိမ်းနေထိုင်ရတဲ့ အချိန်ကြာလာတာနဲ့အမျှ ပြည့်ကြပ်နေတဲ့ ခိုလှုံရာနေရာတွေမှာ လုံခြုံမှုမရှိ၊ အရင်းအမြစ်လုံလောက်မှုမရှိတဲ့ မရေရာမှုတွေကို ရင်ဆိုင်နေရပါတယ်။ နေရပ်စွန့်ခွာသူတွေ ပြန်လည်ထူထောင်နိုင်စွမ်းရှိဖို့၊ အထောက်အပံ့တွေပေါ် မှီခိုမှုကင်းကင်းနဲ့ ရေရှည်ရပ်တည်နိုင်ဖို့ လိုအပ်တဲ့အကြောင်း ရေးသားထားပါတယ်။

ပဋိပက္ခနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် အန္တရာယ်ကင်းတဲ့ နေရာတွေကို ယာယီ ရွေ့ပြောင်းကြရပေမဲ့ အချိန်ကြာလာတာနဲ့အမျှ အခက်အခဲတွေ ရင်ဆိုင်နေရတာကို UNHCR က ထောက်ပြထားတာပါ။ မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေကြား တနိုင်ငံလုံး အတိုင်းအတာနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ အရပ်သားက ၃ သန်းကျော်နေပြီလို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက မကြာသေးခင်လတွေက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG