သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA နဲ့ ဖြစ်နေတဲ့ တိုက်ပွဲကိစ္စ ကုလစိုးရိမ်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း မြန်မာအစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA ကြား လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး သောကြာနေ့ နေ့လည်က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က အခုလိုပြောခဲ့ပါတယ်။

"မြန်မာ့တပ်မတော်နဲ့ AA လက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲ ဆက်လက်ဖြစ်သွားနေတာနဲ့ ပတ်သက်လို့ အခုအခြေအနေမျိုးမှာ ပြောနိုင်တာကတော့ ကျွန်တော်တို့ အင်မတန်စိုးရိမ်နေပါတယ် ဆိုတာပါ။ မြန်မာလုံခြုံရေး တာဝန်ရှိသူတွေကို တိုက်ခိုက်နေမှုတွေအပေါ် ကျွန်တော်တို့ ရှုတ်ချပါတယ်။ ဒီအတွက် ဒုက္ခရောက်သူရတွေနဲ့ သူတို့ မိသားစုတွေနဲ့အတူ ကျွန်တော်တို့ ထပ်တူ ဝမ်းနည်းရပါတယ်။

တပ်မတော်ဖက်က လေကြောင်းကို အသုံးပြုနေတာတွေဟာလည်း အထူးစိုးရိမ်စရာ အနေအထားပါ။ အခုလို အင်အား အဆမတန်သုံး တုန့်ပြန်မှုကို ထိန်းချုပ်ဖို့လည်း တောင်းဆိုပါတယ်။ ဒီပဋိပက္ခနဲ့ ပတ်သက်တဲ့ အပြစ်မဲ့ပြည်သူတွေ နိုင်ငံတကာရဲ့ လူသားချင်းဆိုင်ရာ ကူညီမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေအောက်မှာ ဘေးကင်းလုံခြုံမှု၊ လူသားချင်းစာနာတဲ့ အကူအညီတွေနဲ့ တခြားအရေးပါတဲ့ အထောက်အပံ့တွေရဖို့ နှစ်ဖက်စလုံးဟာ တာဝန်ယူ ဆောင်ရွက်ရပါလိမ့်မယ်။

တိုက်ပွဲတွေ ဆက်ဖြစ်နေအုံးမယ် ဆိုရင် ရခိုင်ပြည်နယ်ရဲ့ အခုလက်ရှိ စိုးရိမ်ဖွယ်အခြေအနေတွေဟာ ပိုပြီး ရှုပ်ထွေးဖို့ပဲ ရှိပါတော့တယ်။

ဒီပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေ အားလုံးကိုလည်း အခုပြဿနာကို ထိန်းချုပ်ဖို့နဲ့ ဒီပြဿနာကို တွေ့ဆုံဆွေးနွေးမှုက တဆင့်ပဲ ဖြေရှင်းသွားကြဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။"

AA နဲ့ ဖြစ်နေတဲ့ တိုက်ပွဲကိစ္စ ကုလစိုးရိမ်
please wait

No media source currently available

0:00 0:01:27 0:00
တိုက်ရိုက် လင့်ခ်

This item is part of
​
XS
SM
MD
LG