သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သဘာ၀ပတ္၀န္းက်င္နဲ႔ သဟဇာျဖစ္တဲ့ ဆန္ကိုေရြးခ်ယ္ဖို႔ UNEP တံဆိပ္ ထုတ္ 


UNEP တံဆိပ္ အသစ္ SRP

(Zawgyi/Unicode)

ပတ္ဝန္းက်င္ကို မထိခိုက္ဘဲထုတ္လုပ္တဲ့ ဆန္ေတြကို ထုပ္ပိုးတဲ့ အိတ္ေတြမွာ တံဆိပ္ကပ္ အသုံးျပဳမယ့္ သေကၤတ အမွတ္အသားဟာဆန္ ထုတ္လုပ္မႈေၾကာင့္ ပတ္ဝန္းက်င္ကို ထိခိုက္မႈကို ေလၽွာ့ခ်ရာမွာ အေထာက္အကူ ျပဳမွာ ျဖစ္ပါတယ္။ စဥ္ဆက္မျပတ္ ဆန္ထုတ္လုပ္ေရး (SRP) က ဒီကေန႔ ထုတ္ျပန္တဲ့ တံဆိပ္ အမွတ္ သေကၤတကို ပတ္ဝန္းက်င္ကို မထိခိုက္ေစဘဲ စဥ္ဆက္မျပတ္ နည္းပညာနဲ႔ ထုတ္လုပ္တဲ့ ဆန္ေတြ မွာ တံဆိပ္ကပ္ အသုံးျပဳသြားမွာ ျဖစ္ပါတယ္။

ကမၻာေပၚမွာ လူေပါင္း ၃.၅ ဘီလီယံဟာ အသက္ရွင္ရပ္တည္ေရးအတြက္ ဆန္ကို ေန႔စဥ္ မွီခိုေနရတာျဖစ္ပါတယ္။ ဒါေပမဲ့ ဆန္စိုက္ပ်ိဳး ထုတ္လုပ္ဖို႔ ကမၻာ့ ေရခ်ိဳ အရင္းအျမစ္ရဲ့ ၃ ပုံ ၁ပုံကို သုံးစြဲေနၾကရတာျဖစ္သလို ပတ္ဝန္းက်င္ကို ထိခိုက္ေစတဲ့ ကမၻာ့ မီသိန္း ဓါတ္ေငြ႕ ထုတ္လႊတ္မႈရဲ့ ၂၀ ရာခိုင္ႏႈန္းကို ဆန္စိုက္ပ်ိဳးမႈကေန ထုတ္လႊတ္ေနတာလည္း ျဖစ္ပါတယ္။

ဒါေၾကာင့္ ကုလသမဂၢ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးအဖြဲ႕ (UNEP) က ထုတ္ျပန္တဲ့ တံဆိပ္ သေကၤတ အမွတ္အသားေၾကာင့္ စားသုံး သူေတြ အေနနဲ႔ ဆန္ထုတ္လုပ္တဲ့ မူရင္း တိုင္းျပည္ကို သိရွိနိုင္မွာ ျဖစ္သလို လက္လီလက္ကား ေရာင္းဝယ္သူေတြဟာလည္း အဲဒီ တံဆိပ္ ကပ္ထားတဲ့ ဆန္ေတြကို ပိုမို အသုံးျပဳၿပီး ဥတု ရာသီ ေျပာင္းလဲမႈနဲ႔ စဥ္ဆက္မျပတ္ တိုးတက္ေရးဆိုင္ရာ ရည္မွန္းခ်က္ေတြကို သိသိသာသာ အေထာက္အပံ့ျပဳေပးနိုင္မွာ ျဖစ္ ပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာဖြစ်တဲ့ ဆန်ကိုရွေးချယ်ဖို့ UNEP တံဆိပ် ထုတ်

(Unicode)

ပတ်ဝန်းကျင်ကို မထိခိုက်ဘဲထုတ်လုပ်တဲ့ ဆန်တွေကို ထုပ်ပိုးတဲ့ အိတ်တွေမှာ တံဆိပ်ကပ် အသုံးပြုမယ့် သင်္ကေတ အမှတ်အသားဟာဆန် ထုတ်လုပ်မှုကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်မှုကို လျှော့ချရာမှာ အထောက်အကူ ပြုမှာ ဖြစ်ပါတယ်။ စဉ်ဆက်မပြတ် ဆန်ထုတ်လုပ်ရေး (SRP) က ဒီကနေ့ ထုတ်ပြန်တဲ့ တံဆိပ် အမှတ် သင်္ကေတကို ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ စဉ်ဆက်မပြတ် နည်းပညာနဲ့ ထုတ်လုပ်တဲ့ ဆန်တွေ မှာ တံဆိပ်ကပ် အသုံးပြုသွားမှာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ လူပေါင်း ၃.၅ ဘီလီယံဟာ အသက်ရှင်ရပ်တည်ရေးအတွက် ဆန်ကို နေ့စဉ် မှီခိုနေရတာဖြစ်ပါတယ်။ ဒါပေမဲ့ ဆန်စိုက်ပျိုး ထုတ်လုပ်ဖို့ ကမ္ဘာ့ ရေချို အရင်းအမြစ်ရဲ့ ၃ ပုံ ၁ပုံကို သုံးစွဲနေကြရတာဖြစ်သလို ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ကမ္ဘာ့ မီသိန်း ဓါတ်ငွေ့ ထုတ်လွှတ်မှုရဲ့ ၂၀ ရာခိုင်နှုန်းကို ဆန်စိုက်ပျိုးမှုကနေ ထုတ်လွှတ်နေတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ (UNEP) က ထုတ်ပြန်တဲ့ တံဆိပ် သင်္ကေတ အမှတ်အသားကြောင့် စားသုံး သူတွေ အနေနဲ့ ဆန်ထုတ်လုပ်တဲ့ မူရင်း တိုင်းပြည်ကို သိရှိနိုင်မှာ ဖြစ်သလို လက်လီလက်ကား ရောင်းဝယ်သူတွေဟာလည်း အဲဒီ တံဆိပ် ကပ်ထားတဲ့ ဆန်တွေကို ပိုမို အသုံးပြုပြီး ဥတု ရာသီ ပြောင်းလဲမှုနဲ့ စဉ်ဆက်မပြတ် တိုးတက်ရေးဆိုင်ရာ ရည်မှန်းချက်တွေကို သိသိသာသာ အထောက်အပံ့ပြုပေးနိုင်မှာ ဖြစ် ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG