သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပလတ္စတစ္ အသံုးျပဳမႈ ေလွ်ာ့ခ်ေရး ပညာေပးလႈပ္ရွားမႈ လိုအပ္


ဒဂုံအေရွ႕ၿမိဳ႕နယ္ ေဈးတခုအနီး ျမင္ေတြ႔ရသည့္ ပလတ္စတစ္အမႈိက္မ်ား။

(Zawgyi / Unicode)

ပလတ္စတစ္အမိႈက္ေတြနဲ႔ ကမၻာ့သမုဒၵရာေရထု ညစ္ညမ္းမႈအမ်ားဆုံးျဖစ္ေစတဲ့ ႏုိင္ငံေတြထဲမွာ အေရွ႕ေတာင္အာရွႏုိင္ငံေတြ အဓိက ပါ၀င္ေနတယ္လို႔ ကမၻာ့ကုသမဂၢ အဖြဲ႔အစည္းရဲ႕ မႏွစ္ေႏွာင္းပိုင္းက ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေျပာထားပါတယ္။ ျမန္မာ့အိမ္နီးခ်င္းႏုိင္ငံေတြျဖစ္တဲ့ ထုိင္းနဲ႔ တ႐ုတ္ႏုိင္ငံေတြမွာေတာ့ ပလတ္စတစ္အမႈိက္ ေလွ်ာ့ခ်ေရး လႈပ္ရွားမႈအျဖစ္ ပလတ္စတစ္ပစၥည္းတခ်ဳိ႕ သုံးစြဲမႈနဲ႔ ထုတ္လုပ္မႈေတြကို ဒီႏွစ္အစမွာပဲ ကန္႔သတ္ခဲ့တာပါ။ ျမန္မာႏုိင္ငံမွာေရာ ပလတ္စတစ္သုံးစြဲမႈနဲ႔ ပတ္သက္လို႔ ဘယ္ေလာက္အတုိင္းအတာထိ လုပ္ကိုင္ေနၾကပါသလဲ၊ လူထုရဲ႕ ပူးေပါင္းပါ၀င္မႈကေရာ ဘယ္ေလာက္ရွိသလဲ ဆိုတာကို နန္းေလာင္၀္က စုစည္းတင္ျပထားပါတယ္။

ကမၻာ့ႏုိင္ငံေတြလိုပဲ ျမန္မာႏုိင္ငံမွာလည္း ပလတ္စတစ္အမႈိက္ျပႆနာ ႀကီးထြားလာေနတဲ့အတြြက္ လူမႈအဖြဲ႔အစည္းတခ်ိဳ႕အျပင္ ပုဂၢလိက က႑ကပါ တႏုိင္တပိုင္အားနဲ႔ တတ္အားသမွ် လိုက္ၿပီး ေျဖရွင္းေပးေနၾကပါတယ္။ အမႈိက္ကင္းၿပီး သန္႔ရွင္းသာယာလွပေစေရး ရည္ရြြယ္ခ်က္နဲ႔ ျမန္မာႏုိင္ငံ ၿမိဳ႕ႀကီးအေတာ္မ်ားမ်ားမွာ အမႈိက္ေကာက္လႈပ္ရွားမႈေတြ လုပ္ေနၾကတဲ့ အဖြဲ႔ထဲက Clean Yangon အဖြဲ႔က ကိုေဇယ်ာထြန္းက အမႈိက္ျပႆနာနဲ႔ပတ္သက္လို႔ လူထုရဲ႕ ပါ၀င္မႈကို ခုလိုရွင္းျပပါတယ္။

“ရန္ကုန္နဲ႔ တျခားေက်းရြာေတြမွာ ျမစ္ေတြ၊ ေခ်ာင္းေတြထဲ အမႈိက္ေတြ ပစ္ေနတာေတာ့ ရွိပါတယ္။ အဲဒီလိုေက်းရြာေတြမွာေတာ့ က်ေနာ္တို႔အဖြဲ႔က လုိက္ၿပီး အသိပညာေပးတာေတြ ရွိပါတယ္။ ေနာက္ၿပီး က်ေနာ္တို႔လို ဖြံ႔ၿဖိဳးဆဲတုိင္းျပည္ အေနနဲ႔ကေတာ့ ပလတ္စတစ္ အစားထိုးသုံးစြဲမႈကေတာ့ သိပ္မရွိေသးပါဘူး။ ပလတ္စတစ္က အလြယ္တကူလည္းရတယ္၊ ေစ်းလည္းသက္သာတယ္ဆိုေတာ့ ဒါကိုပဲ သုံးေနၾကတာေပါ့။ ဒါေၾကာင့္လည္း က်ေနာ္တို႔အေနနဲ႔က ဒါကိုပဲ စနစ္တက်နဲ႔ အသုံးျပဳဖို႔ ေဆာ္ၾသေပးေနရပါတယ္။ အတတ္ႏုိင္ဆုံး ေလွ်ာ့သုံးဖို႔၊ စနစ္တက်စြန္႔ပစ္ဖို႔၊ ဒါမ်ိဳးေတြကိုပဲ သတိေပးေနရပါတယ္။”

ျမန္မာ့အိမ္နီးခ်င္း ထုိင္းႏုိင္ငံမွာေတာ့ ပလတ္စတစ္ေၾကာင့္ ေရေနသတၱ၀ါေတြအေပၚ ဘယ္လိုအႏၱရာယ္မ်ိဳး က်ေရာက္ႏုိင္သလဲဆိုတဲ့ အသိပညာေပးမႈေတြကို မႏွစ္ကစၿပီး က်ယ္က်ယ္ျပန္႔ျပန္႔ လုပ္ေဆာင္သလို လူမႈကြန္ရက္ စာမ်က္ႏွာကေန စည္း႐ုံးလႈံ႔ေဆာ္မႈေတြေၾကာင့္ လူထုရဲ႕ စိတ္ပါ၀င္စားမႈနဲ႔ ပူးေပါင္းပါ၀င္မႈေတြ ရခဲ့တဲ့အတြက္ ႏုိင္ငံတ၀ွမ္း ပလတ္စတစ္သုံးစြဲမႈကိို သိသိသာသာ က်ဆင္းသြားပါတယ္။ ျမန္မာႏုိင္ငံက အစိုးရမဟုတ္တဲ့ အဖြဲ႔အစည္း NGO ေတြနဲ႔ ကုမၸဏီအသိုင္းအ၀ိုင္းမွာ ပလတ္စတစ္သုံးစြဲမႈ ေလွ်ာ့ခ်ေရး အသိပညာေပးတာေတြ၊ ပူးေပါင္းပါ၀င္မႈေတြ ရွိေပမယ့္ ေက်းရြာေတြနဲ႔ သာမန္လက္လုပ္လက္စား ျပည္သူေတြအေနနဲ႔ကေတာ့ ပလတ္စတစ္ အစားထိုးသုံးရမယ့္ ပစၥည္းေတြ မရွိတာ၊ မသိနားမလည္တာမ်ိဳးေတြ ရွိေနေသးတယ္လို႔ လႈပ္ရွားတက္ႂကြသူေတြက ေျပာပါတယ္။ ဒီိကိစၥနဲ႔ပတ္သက္ၿပီး လူထုက က်ယ္က်ယ္ျပန္႔ျပန္႔ ပါ၀င္လာဖို႔ ကိုေဇယ်ာထြန္းက ခုလိုယူဆပါတယ္။

“အဓိကကေတာ့ ျပ႒ာန္းထားတဲ့ ဥပေဒေတြကို ျပည္သူလူထု မ်ားမ်ားသိႏုိင္ဖို႔ ေဆာင္ရြက္သင့္ပါတယ္။ အစိုးရက႑ အေနနဲ႔ေပါ့ေနာ္၊ က်ေနာ္တို႔ ျပင္ပအဖြဲ႔အစည္းေတြ အေနနဲ႔ကလည္း ျပည္သူလူထုကို သြားၿပီးေတာ့ ကြင္းဆင္းေဆာင္ရြက္တာမ်ိဳးေတြ လုပ္ေပးသင့္တယ္လို႔ ထင္ပါတယ္။ အစိုးရတခုတည္း ေဆာင္ရြက္ေနလို႔ မရဘူး၊ ျပည္သူလူထု၊ ျပည္ပအဖြဲ႔အစည္းေတြနဲ႔ ပူးေပါင္းၿပီး ဟန္ခ်က္ညီညီနဲ႔ ဘက္ေပါင္းစုံကလုပ္မွ ျမန္ျမန္ၿပီးေျမာက္မယ္လို႔ ထင္ပါတယ္ခင္ဗ်။”

တ႐ုတ္နဲ႔ ထုိင္းႏုိင္ငံက ေစ်း၀ယ္စင္တာႀကီးေတြမွာေတာ့ ပလတ္စတစ္အိတ္ အစားထိုးအျဖစ္ ျပန္သုံးလို႔ရတဲ့ အ၀တ္နဲ႔ ခ်ဳပ္ထားတဲ့အိတ္ေတြ၊ ေဆြးျမည့္လြယ္တဲ့ ပစၥည္းေတြနဲ႔ လုပ္ထားတဲ့ ေစ်း၀ယ္အိတ္ေတြကို ထားေပးပါတယ္။ အေမရိကန္နဲ႔ ၿဗိတိန္လို႔ ႏုိင္ငံႀကီးေတြ အပါအ၀င္ ႏုိင္ငံတခ်ိဳ႕မွာေတာ့ ေစ်း၀ယ္သူေတြကို ပလတ္စတစ္အိတ္ဖိုး ေကာက္တဲ့နည္း သုံးပါတယ္။ ျမန္မာႏုိင္ငံက ေစ်း၀ယ္စင္တာေတြမွာေတာ့ ပလတ္စတစ္အိတ္ဖိုး ေကာက္ယူတာမ်ိဳး မေတြ႔ရဘူးလုိ႔ ရန္ကုန္ၿမိဳ ႔ခံ မခ်ိဳခ်ဳိလြင္က ေျပာပါတယ္။

မႏၱေလးၿမိဳ႕က စားေသာက္ဆုိင္နဲ႔ ေကာ္ဖီဆုိင္ေတြမွာေတာ့ ပလတ္စတစ္ အစားထိုးအျဖစ္ ေဖာ့ဘူးေတြ၊ ပလတ္စတစ္အိတ္ေတြ ေနရာမွာ စကၠဴဘူးေတြ ေနရာယူလာတယ္လို႔ မႏၱေလးၿမိဳ႕ခံ အိမ္ရွင္မတဦးျဖစ္တဲ့ နန္းတင္တင္ေအာင္က ေျပာပါတယ္။

“လက္ဖက္ရည္ဆုိင္၊ ေကာ္ဖီဆုိင္ေတြဆိုရင္ အေတာ္မ်ားမ်ားက စကၠဴဘူးေတြပဲ သုံးေနၾကတာေလ။ အဲဒါကေတာ့ ေျပာင္းလဲေနပါတယ္။ မုန္႔ေတြဆိုရင္လည္း စကၠဴဘူးေလးေတြနဲ႔ပဲ ထည့္ေတာ့တာေလ။ လက္ဖက္ရည္ေတြ၊ ေကာ္ဖီေတြ အားလုံးက စကၠဴဘူးေတြနဲ႔ပဲ ထည့္ေပးေတာ့တယ္။ ပလတ္စတစ္ခြက္ေတြနဲ႔ ထည့္ေသာက္ရင္ ဘာျဖစ္တယ္ ညာျဖစ္တယ္ဆိုၿပီး ေျပာေနၾကေတာ့ မ်က္စိပြင့္ လာၾကတယ္လို႔ ထင္ပါတယ္။”

ဒါေပမယ့္လည္း နိစၥဓူ၀ ရပ္ကြက္ထဲမွာ ေစ်း၀ယ္ၾကရတဲ့ အိမ္ရွင္မေတြ အေနနဲ႔ကေတာ့ အသား၊ ငါးလို ညႇီၿပီး စိုစြတ္တဲ့ ဟင္းခ်က္စရာေတြကိုေတာ့ ပလတ္စတစ္အိတ္နဲ႔ပဲ ထည့္ေနရတယ္လို႔ ေျပာပါတယ္။

အမႈိက္သိမ္းဆည္းမႈ စနစ္တက်မရွိတဲ့ ျမန္မာႏုိင္ငံမွာ ႏွစ္စဥ္ အမႈိက္တန္ခ်ိန္ ဘယ္ေလာက္ထြက္သလဲဆိုတာ မသိႏုိင္သလို အမႈိက္ေတြကိုလည္း အဆင္ေျပသလို စြန္႔ပစ္ေနၾကတာပါ။ အဲဒီအမႈိက္ေတြက မိုးေရနဲ႔အတူ ပင္လယ္သမုဒၵရာထဲကို စီး၀င္သြားတာပါ။ ကမၻာ့ပင္လယ္ သမုဒၵရာေတြထဲကို အဲဒီလို နည္းလမ္းေပါင္းစုံနဲ႔ ေရာက္လာတဲ့ ပလတ္စတစ္ အမႈိက္သ႐ိုက္ေပါင္းစုံ ပမာဏတ၀က္ေက်ာ္ဟာ တ႐ုတ္ႏုိင္ငံ အပါအ၀င္ အင္ဒိုနီးရွား၊ ဖိလစ္ပိုင္၊ ဗီယက္နမ္နဲ႔ ထုိင္းႏုိင္ငံေတြက ျဖစ္ၾကပါတယ္။

အရွိန္အဟုန္နဲ႔ စီးပြားေရး ဖြံ႔ၿဖိဳးတိုးတက္လာတဲ့ တ႐ုတ္ႏုိင္ငံရဲ႕ စားသုံးသူေတြေၾကာင့္လည္း စြန္႔ပစ္အမႈိက္ျပႆနာေတြက ထင္မွတ္မထားႏုိင္ေလာက္ေအာင္ ႀကီးမားလာတာ ျဖစ္ပါတယ္။ ၂၀၁၇ ခုႏွစ္အတြင္း တ႐ုတ္ႏိုင္ငံက စြန႔္ပစ္အမႈိက္တန္ခ်ိန္ သန္းေပါင္း ၂၁၀ ထိ ရွိခဲ့တယ္လို႔ ကမၻာ့ဘဏ္က ေျပာပါတယ္။ ဒီႏႈန္းနဲ႔ဆုိ္ရင္ေတာ့ ၂၀၃၀ ခုႏွစ္အေရာက္မွာ တ႐ုတ္တႏုိင္ငံတည္းက ႏွစ္စဥ္ အမႈိက္တန္ခ်ိန္ သန္း ၅၀၀ ေလာက္ထြက္မယ့္သေဘာ ျဖစ္ပါတယ္။

လူဦးေရ ၆၄၁ သန္းေက်ာ္ရွိတဲ့ အေရွ႕ေတာင္အာရွ ၁၀ ႏုိင္ငံထဲက ျမန္မာႏုိင္ငံ အပါအ၀င္ ႏုိင္ငံအေတာ္မ်ားမ်ားမွာ အမႈိက္ေတြကို စနစ္တက် အမ်ိဳးအစားခြဲၿပီး စြန္႔ပစ္တဲ့စနစ္ေကာင္းေကာင္း မရွိၾကေသးပါဘူး။

တုိုးပြားလာတဲ့ လူဦးေရနဲ႔အတူ ၀ယ္လိုအားေတြပါ ျမင့္တက္လာခဲ့တဲ့အတြက္ အဲဒီကထြက္လာမယ့္ တခါသုံး ပလတ္စတစ္ အမႈိက္ေတြေၾကာင့္ ေရေနသတၱ၀ါ အပါအ၀င္ သဘာ၀ပတ္၀န္းက်င္အေပၚ ထိခိုက္မယ့္အေရး ရင္ေလးစရာပါ။ တကမၻာလုံးနဲ႔ဆုိင္တဲ့ ဒီျပႆနာကို ကိုင္တြယ္ဖို႔ဆိုရင္ အေရွ႕ေတာင္အာရွေဒသတြင္း တခုလုံးအတြက္ သက္ေရာက္မယ့္ ပလတ္စတစ္နဲ႔ ပလတ္စတစ္ ထုပ္ပိုးပစၥည္းေတြနဲ႔ ပတ္သက္တဲ့ မူ၀ါဒေတြကို ခ်မွတ္ဖို႔လိုတယ္လုိ႔ သဘာ၀ပတ္၀န္းက်င္ဆုိင္ရာ ကုလသမဂၢ အဖဲ႔ြအစည္း UNEP က ေျပာပါတယ္။

-----------------------------

(Unicode)

ပလတ်စတစ် အသုံးပြုမှု လျှော့ချရေး ပညာပေးလှုပ်ရှားမှု လိုအပ်

ပလတ်စတစ်အမှိုက်တွေနဲ့ ကမ္ဘာ့သမုဒ္ဒရာရေထု ညစ်ညမ်းမှုအများဆုံးဖြစ်စေတဲ့ နိုင်ငံတွေထဲမှာ အရှေ့တောင်အာရှနိုင်ငံတွေ အဓိက ပါဝင်နေတယ်လို့ ကမ္ဘာ့ကုသမဂ္ဂ အဖွဲ့အစည်းရဲ့ မနှစ်နှောင်းပိုင်းက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပြောထားပါတယ်။ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ တရုတ်နိုင်ငံတွေမှာတော့ ပလတ်စတစ်အမှိုက် လျှော့ချရေး လှုပ်ရှားမှုအဖြစ် ပလတ်စတစ်ပစ္စည်းတချို့ သုံးစွဲမှုနဲ့ ထုတ်လုပ်မှုတွေကို ဒီနှစ်အစမှာပဲ ကန့်သတ်ခဲ့တာပါ။ မြန်မာနိုင်ငံမှာရော ပလတ်စတစ်သုံးစွဲမှုနဲ့ ပတ်သက်လို့ ဘယ်လောက်အတိုင်းအတာထိ လုပ်ကိုင်နေကြပါသလဲ၊ လူထုရဲ့ ပူးပေါင်းပါဝင်မှုကရော ဘယ်လောက်ရှိသလဲ ဆိုတာကို နန်းလောင်ဝ်က စုစည်းတင်ပြထားပါတယ်။

ကမ္ဘာ့နိုင်ငံတွေလိုပဲ မြန်မာနိုင်ငံမှာလည်း ပလတ်စတစ်အမှိုက်ပြဿနာ ကြီးထွားလာနေတဲ့အတွက် လူမှုအဖွဲ့အစည်းတချို့အပြင် ပုဂ္ဂလိက ကဏ္ဍကပါတနိုင်တပိုင်အားနဲ့ တတ်အားသမျှ လိုက်ပြီး ဖြေရှင်းပေးနေကြပါတယ်။ အမှိုက်ကင်းပြီး သန့်ရှင်းသာယာလှပစေရေး ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံ မြို့ကြီးအတော်များများမှာ အမှိုက်ကောက်လှုပ်ရှားမှုတွေ လုပ်နေကြတဲ့ အဖွဲ့ထဲကClean Yangon အဖွဲ့က ကိုဇေယျာထွန်းက အမှိုက်ပြဿနာနဲ့ပတ်သက်လို့ လူထုရဲ့ ပါဝင်မှုကို ခုလိုရှင်းပြပါတယ်။

“ရန်ကုန်နဲ့ တခြားကျေးရွာတွေမှာ မြစ်တွေ၊ ချောင်းတွေထဲ အမှိုက်တွေ ပစ်နေတာတော့ ရှိပါတယ်။ အဲဒီလိုကျေးရွာတွေမှာတော့ ကျနော်တို့အဖွဲ့က လိုက်ပြီး အသိပညာပေးတာတွေ ရှိပါတယ်။ နောက်ပြီး ကျနော်တို့လို ဖွံ့ဖြိုးဆဲတိုင်းပြည် အနေနဲ့ကတော့ ပလတ်စတစ် အစားထိုးသုံးစွဲမှုကတော့ သိပ်မရှိသေးပါဘူး။ ပလတ်စတစ်က အလွယ်တကူလည်းရတယ်၊ ဈေးလည်းသက်သာတယ်ဆိုတော့ ဒါကိုပဲ သုံးနေကြတာပေါ့။ ဒါကြောင့်လည်း ကျနော်တို့အနေနဲ့က ဒါကိုပဲ စနစ်တကျနဲ့ အသုံးပြုဖို့ ဆော်သြပေးနေရပါတယ်။ အတတ်နိုင်ဆုံး လျှော့သုံးဖို့၊ စနစ်တကျစွန့်ပစ်ဖို့၊ ဒါမျိုးတွေကိုပဲ သတိပေးနေရပါတယ်။”

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ပလတ်စတစ်ကြောင့် ရေနေသတ္တဝါတွေအပေါ် ဘယ်လိုအန္တရာယ်မျိုး ကျရောက်နိုင်သလဲဆိုတဲ့ အသိပညာပေးမှုတွေကို မနှစ်ကစပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သလို လူမှုကွန်ရက် စာမျက်နှာကနေ စည်းရုံးလှုံ့ဆော်မှုတွေကြောင့် လူထုရဲ့ စိတ်ပါဝင်စားမှုနဲ့ ပူးပေါင်းပါဝင်မှုတွေ ရခဲ့တဲ့အတွက် နိုင်ငံတဝှမ်း ပလတ်စတစ်သုံးစွဲမှုကို သိသိသာသာ ကျဆင်းသွားပါတယ်။ မြန်မာနိုင်ငံက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGO တွေနဲ့ ကုမ္ပဏီအသိုင်းအဝိုင်းမှာ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး အသိပညာပေးတာတွေ၊ ပူးပေါင်းပါဝင်မှုတွေ ရှိပေမယ့် ကျေးရွာတွေနဲ့ သာမန်လက်လုပ်လက်စား ပြည်သူတွေအနေနဲ့ကတော့ ပလတ်စတစ် အစားထိုးသုံးရမယ့် ပစ္စည်းတွေ မရှိတာ၊ မသိနားမလည်တာမျိုးတွေ ရှိနေသေးတယ်လို့ လှုပ်ရှားတက်ကြွသူတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လူထုက ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာဖို့ ကိုဇေယျာထွန်းက ခုလိုယူဆပါတယ်။

“အဓိကကတော့ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို ပြည်သူလူထု များများသိနိုင်ဖို့ ဆောင်ရွက်သင့်ပါတယ်။ အစိုးရကဏ္ဍ အနေနဲ့ပေါ့နော်၊ ကျနော်တို့ ပြင်ပအဖွဲ့အစည်းတွေ အနေနဲ့ကလည်း ပြည်သူလူထုကို သွားပြီးတော့ ကွင်းဆင်းဆောင်ရွက်တာမျိုးတွေ လုပ်ပေးသင့်တယ်လို့ ထင်ပါတယ်။ အစိုးရတခုတည်း ဆောင်ရွက်နေလို့ မရဘူး၊ ပြည်သူလူထု၊ ပြည်ပအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဟန်ချက်ညီညီနဲ့ ဘက်ပေါင်းစုံကလုပ်မှ မြန်မြန်ပြီးမြောက်မယ်လို့ ထင်ပါတယ်ခင်ဗျ။”

တရုတ်နဲ့ ထိုင်းနိုင်ငံက ဈေးဝယ်စင်တာကြီးတွေမှာတော့ ပလတ်စတစ်အိတ် အစားထိုးအဖြစ် ပြန်သုံးလို့ရတဲ့ အဝတ်နဲ့ ချုပ်ထားတဲ့အိတ်တွေ၊ ဆွေးမြည့်လွယ်တဲ့ ပစ္စည်းတွေနဲ့ လုပ်ထားတဲ့ ဈေးဝယ်အိတ်တွေကို ထားပေးပါတယ်။ အမေရိကန်နဲ့ ဗြိတိန်လို့ နိုင်ငံကြီးတွေ အပါအဝင် နိုင်ငံတချို့မှာတော့ ဈေးဝယ်သူတွေကို ပလတ်စတစ်အိတ်ဖိုး ကောက်တဲ့နည်း သုံးပါတယ်။ မြန်မာနိုင်ငံက ဈေးဝယ်စင်တာတွေမှာတော့ ပလတ်စတစ်အိတ်ဖိုး ကောက်ယူတာမျိုး မတွေ့ရဘူးလို့ ရန်ကုန်မြို့ခံ မချိုချိုလွင်က ပြောပါတယ်။

မန္တလေးမြို့က စားသောက်ဆိုင်နဲ့ ကော်ဖီဆိုင်တွေမှာတော့ ပလတ်စတစ် အစားထိုးအဖြစ် ဖော့ဘူးတွေ၊ ပလတ်စတစ်အိတ်တွေ နေရာမှာ စက္ကူဘူးတွေ နေရာယူလာတယ်လို့ မန္တလေးမြို့ခံ အိမ်ရှင်မတဦးဖြစ်တဲ့ နန်းတင်တင်အောင်က ပြောပါတယ်။

“လက်ဖက်ရည်ဆိုင်၊ ကော်ဖီဆိုင်တွေဆိုရင် အတော်များများက စက္ကူဘူးတွေပဲ သုံးနေကြတာလေ။ အဲဒါကတော့ ပြောင်းလဲနေပါတယ်။ မုန့်တွေဆိုရင်လည်း စက္ကူဘူးလေးတွေနဲ့ပဲ ထည့်တော့တာလေ။ လက်ဖက်ရည်တွေ၊ ကော်ဖီတွေ အားလုံးက စက္ကူဘူးတွေနဲ့ပဲ ထည့်ပေးတော့တယ်။ ပလတ်စတစ်ခွက်တွေနဲ့ ထည့်သောက်ရင် ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး ပြောနေကြတော့ မျက်စိပွင့် လာကြတယ်လို့ ထင်ပါတယ်။”

ဒါပေမယ့်လည်း နိစ္စဓူ၀ ရပ်ကွက်ထဲမှာ ဈေးဝယ်ကြရတဲ့ အိမ်ရှင်မတွေ အနေနဲ့ကတော့ အသား၊ ငါးလို ညှီပြီး စိုစွတ်တဲ့ ဟင်းချက်စရာတွေကိုတော့ ပလတ်စတစ်အိတ်နဲ့ပဲ ထည့်နေရတယ်လို့ ပြောပါတယ်။

အမှိုက်သိမ်းဆည်းမှု စနစ်တကျမရှိတဲ့ မြန်မာနိုင်ငံမှာ နှစ်စဉ် အမှိုက်တန်ချိန် ဘယ်လောက်ထွက်သလဲဆိုတာ မသိနိုင်သလို အမှိုက်တွေကိုလည်းအဆင်ပြေသလို စွန့်ပစ်နေကြတာပါ။ အဲဒီအမှိုက်တွေက မိုးရေနဲ့အတူ ပင်လယ်သမုဒ္ဒရာထဲကို စီးဝင်သွားတာပါ။ ကမ္ဘာ့ပင်လယ် သမုဒ္ဒရာတွေထဲကို အဲဒီလို နည်းလမ်းပေါင်းစုံနဲ့ ရောက်လာတဲ့ ပလတ်စတစ် အမှိုက်သရိုက်ပေါင်းစုံ ပမာဏတဝက်ကျော်ဟာ တရုတ်နိုင်ငံ အပါအဝင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတွေက ဖြစ်ကြပါတယ်။

အရှိန်အဟုန်နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာတဲ့ တရုတ်နိုင်ငံရဲ့ စားသုံးသူတွေကြောင့်လည်း စွန့်ပစ်အမှိုက်ပြဿနာတွေက ထင်မှတ်မထားနိုင်လောက်အောင် ကြီးမားလာတာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း တရုတ်နိုင်ငံက စွန့်ပစ်အမှိုက်တန်ချိန် သန်းပေါင်း ၂၁၀ ထိ ရှိခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။ ဒီနှုန်းနဲ့ဆိုရင်တော့ ၂၀၃၀ ခုနှစ်အရောက်မှာ တရုတ်တနိုင်ငံတည်းက နှစ်စဉ် အမှိုက်တန်ချိန် သန်း ၅၀၀ လောက်ထွက်မယ့်သဘော ဖြစ်ပါတယ်။

လူဦးရေ ၆၄၁ သန်းကျော်ရှိတဲ့ အရှေ့တောင်အာရှ ၁၀ နိုင်ငံထဲက မြန်မာနိုင်ငံ အပါအဝင် နိုင်ငံအတော်များများမှာ အမှိုက်တွေကို စနစ်တကျ အမျိုးအစားခွဲပြီး စွန့်ပစ်တဲ့စနစ်ကောင်းကောင်း မရှိကြသေးပါဘူး။ တိုးပွားလာတဲ့ လူဦးရေနဲ့အတူ ဝယ်လိုအားတွေပါ မြင့်တက်လာခဲ့တဲ့အတွက် အဲဒီကထွက်လာမယ့်တခါသုံး ပလတ်စတစ် အမှိုက်တွေကြောင့် ရေနေသတ္တဝါ အပါအဝင် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မယ့်အရေး ရင်လေးစရာပါ။ တကမ္ဘာလုံးနဲ့ဆိုင်တဲ့ ဒီပြဿနာကို ကိုင်တွယ်ဖို့ဆိုရင် အရှေ့တောင်အာရှဒေသတွင်း တခုလုံးအတွက် သက်ရောက်မယ့် ပလတ်စတစ်နဲ့ ပလတ်စတစ် ထုပ်ပိုးပစ္စည်းတွေနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို ချမှတ်ဖို့လိုတယ်လို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကုလသမဂ္ဂ အဖဲ့ွအစည်း UNEP က ပြောပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG