သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပလတ္စတစ္အမိႈက္ ပင္လယ္ထဲမေရာက္ခင္ ရွင္းႏုိင္မယ့္ကိရိယာ တီထြင္ေအာင္ျမင္


နယ္သာလန္ႏုိင္ငံတြင္ ျပဳလုပ္သည့္ Ocean Cleanup foundation ၏ သတင္းစာရွင္းလင္းပြဲတခုတြင္ ျပသထားသည့္ ပလတ္စတစ္အမႈိက္မ်ား။ (ေမ ၁၁၊ ၂၀၁၇)

(Zawgyi / Unicode)

ျမစ္ေၾကာင္းႀကီးေတြထဲက ပလတ္စတစ္အမိႈက္ေတြကို ပင္လယ္ထဲမေရာက္ခင္ ဖယ္ရွားေပးႏိုင္မယ့္ ကိရိယာအသစ္ကို ထြင္ႏုိင္ၿပီျဖစ္ေၾကာင္း ကမာၻ႔ ပင္လယ္သမုဒၵရာ ညစ္ညမ္းမႈကို တိုက္ဖ်က္ဖုိ႔ သႏၷိ႒ာန္ခ် လုပ္ေဆာင္ေနတဲ့ နယ္သာလန္ႏို္င္ငံ အေျခစိုက္ Ocean Cleanup Foundation က ေအာက္တုိဘာ ၂၆ စေနေန႔မွာ ေျပာၾကားလိုက္ပါတယ္။

NGO အဖြဲ႔တခုျဖစ္တဲ့ သမုဒၵရာသန္႔စင္ေရး ေဖာင္ေဒးရွင္းဟာ ပစိဖိတ္ထဲက အမႈိက္ေတြ လိုက္စုၿပီး ဖယ္ရွားဖုိ႔ ႀကိဳးစားခဲ့တာနဲ႔ နာမည္ေက်ာ္တဲ့ အဖြဲ႔တဖြဲ႔ ျဖစ္ပါတယ္။ သူတို႔ရဲ႕ အခုကိရိယာကေတာ့ ပင္လယ္သမုဒၵရာေတြထဲ ပလတ္စတစ္အမႈိက္ေတြ မေရာက္ခင္ သူတုိ႔ထဲစီးဝင္တဲ့ ျမစ္ေခ်ာင္းေတြထဲမွာ ပလတ္စတစ္သန္႔စင္ဖို႔ ျဖစ္ပါတယ္။

အခက္အခဲအမ်ိဳးမ်ိဳး ႀကံဳခဲ့ရၿပီးတဲ့ေနာက္ အခု သူတို႔သံုးတဲ့ ေရေပၚေပၚေနတဲ့ အတားအဆီးလုပ္ေပးတဲ့ ကိရိယာကေန ဒီလ အေစာပိုင္းမွာေတာ့ ပထမဆံုးအႀကိမ္အျဖစ္ ျမစ္ေၾကာင္းႀကီးေတြမွာ ေအာင္ေအာင္ျမင္ျမင္ လုပ္ေဆာင္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

Interceptor လို႔ေခၚတဲ့ ျမစ္ေၾကာင္းသံုး ဒီကိရိယာဟာ ျမစ္ေၾကာင္းတြင္း သြားလာတဲ့ ေရယာဥ္ေတြနဲ႔ သတၱဝါေလးေတြမပါဘဲ အမႈိက္ေတြကို ေကာက္ေပးႏုိင္တာ ျဖစ္ပါတယ္။

ဒီစနစ္ကို အင္ဒိုနီးရွားႏိုင္ငံ Jakata၊ မေလးရွားက Klang မွာရွိတဲ့ ျမစ္ေၾကာင္းေတြမွာ စမ္းသပ္ခဲ့ၿပီးၿပီျဖစ္ၿပီး မၾကာခင္မွာ ဗီယက္နမ္ႏုိင္ငံက မဲေခါင္ျမစ္ဝကၽြန္းေပၚေဒသ Can Tho နဲ႔ ဒိုမီနီကန္ ရီပတ္ဘလစ္ႏုိင္ငံ၊ Santo Domingo ေဒသေတြကို သြားေရာက္လုပ္ေဆာင္ဖုိ႔ စီစဥ္ေနတယ္လို႔လည္း Ocean Cleanup အဖြဲ႔က ေျပာပါတယ္။

သူတို႔ရဲ႕ Interceptor က တေန႔ကို အမႈိက္ ကီလိုဂရမ္ ေထာင္ေပါင္းမ်ားစြာ ဖယ္ထုတ္ေပးႏုိင္တယ္လုိ႔လည္း ေျပာပါတယ္။

-------------------------------------

(Unicode)

ပလတ်စတစ်အမှိုက် ပင်လယ်ထဲမရောက်ခင် ရှင်းနိုင်မယ့်ကိရိယာ တီထွင်အောင်မြင်

မြစ်ကြောင်းကြီးတွေထဲက ပလတ်စတစ်အမှိုက်တွေကို ပင်လယ်ထဲမရောက်ခင် ဖယ်ရှားပေးနိုင်မယ့် ကိရိယာအသစ်ကို ထွင်နိုင်ပြီဖြစ်ကြောင်း ကမ္ဘာ့ ပင်လယ်သမုဒ္ဒရာ ညစ်ညမ်းမှုကို တိုက်ဖျက်ဖို့ သန္နိဋ္ဌာန်ချ လုပ်ဆောင်နေတဲ့ နယ်သာလန်နိုင်ငံ အခြေစိုက် Ocean Cleanup Foundation က အောက်တိုဘာ ၂၆ စနေနေ့မှာ ပြောကြားလိုက်ပါတယ်။

NGO အဖွဲ့တခုဖြစ်တဲ့ သမုဒ္ဒရာသန့်စင်ရေး ဖောင်ဒေးရှင်းဟာ ပစိဖိတ်ထဲက အမှိုက်တွေ လိုက်စုပြီး ဖယ်ရှားဖို့ ကြိုးစားခဲ့တာနဲ့ နာမည်ကျော်တဲ့ အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။ သူတို့ရဲ့ အခုကိရိယာကတော့ ပင်လယ်သမုဒ္ဒရာတွေထဲ ပလတ်စတစ်အမှိုက်တွေ မရောက်ခင် သူတို့ထဲစီးဝင်တဲ့ မြစ်ချောင်းတွေထဲမှာ ပလတ်စတစ်သန့်စင်ဖို့ ဖြစ်ပါတယ်။

အခက်အခဲအမျိုးမျိုး ကြုံခဲ့ရပြီးတဲ့နောက် အခု သူတို့သုံးတဲ့ ရေပေါ်ပေါ်နေတဲ့ အတားအဆီးလုပ်ပေးတဲ့ ကိရိယာကနေ ဒီလ အစောပိုင်းမှာတော့ ပထမဆုံးအကြိမ်အဖြစ် မြစ်ကြောင်းကြီးတွေမှာ အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Interceptor လို့ခေါ်တဲ့ မြစ်ကြောင်းသုံး ဒီကိရိယာဟာ မြစ်ကြောင်းတွင်း သွားလာတဲ့ ရေယာဉ်တွေနဲ့ သတ္တဝါလေးတွေမပါဘဲ အမှိုက်တွေကို ကောက်ပေးနိုင်တာ ဖြစ်ပါတယ်။

ဒီစနစ်ကို အင်ဒိုနီးရှားနိုင်ငံ Jakata၊ မလေးရှားက Klang မှာရှိတဲ့ မြစ်ကြောင်းတွေမှာ စမ်းသပ်ခဲ့ပြီးပြီဖြစ်ပြီး မကြာခင်မှာ ဗီယက်နမ်နိုင်ငံက မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ Can Tho နဲ့ ဒိုမီနီကန် ရီပတ်ဘလစ်နိုင်ငံ၊ Santo Domingo ဒေသတွေကို သွားရောက်လုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့လည်း Ocean Cleanup အဖွဲ့က ပြောပါတယ်။

သူတို့ရဲ့ Interceptor က တနေ့ကို အမှိုက် ကီလိုဂရမ် ထောင်ပေါင်းများစွာ ဖယ်ထုတ်ပေးနိုင်တယ်လို့လည်း ပြောပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG