သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ကုလအကြီးအကဲတိုက်တွန်းသတိပေး


ကုလသမဂ္ဂအထွေထွေညီလာခံ အဆင့်မြင့်အစည်းအဝေး အဖွင့်မိန့်ခွန်းပြောနေတဲ့ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် (စက်တင်ဘာ ၁၉၊ ၂၀၂၃)
ကုလသမဂ္ဂအထွေထွေညီလာခံ အဆင့်မြင့်အစည်းအဝေး အဖွင့်မိန့်ခွန်းပြောနေတဲ့ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် (စက်တင်ဘာ ၁၉၊ ၂၀၂၃)

အင်္ဂါနေ့က ကုလသမဂ္ ဂအထွေအထွေညီလာခံမှာ “နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးကြောင်း” ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ကမ္ဘာ့ခေါင်းဆောင်တွေကို ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ပထဝီဝင်နိုင်ငံရေး တင်းမာမှုတွေ တိုးမြင့်လာနေလို့ ကမ္ဘာကြီးဟာ အတူတကွပူးပေါင်း တုံ့ပြန်ဆောင်ရွက်ဖို့ မစွမ်းဆောင်နိုင်ဘဲဖြစ်နေတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံရဲ့အဆင့်မြင့်အစည်းအဝေးဖွင့်ပွဲမှာ နိုင်ငံတကာက သမ္မတတွေ၊ ဝန်ကြီးချုပ်တွေ၊ ဘုရင်တွေနဲ့ ဝန်ကြီးတွေကို မိန့်ခွန်းပြောကြားစဥ်မှာ ကုလအကြီးအကဲက အခုလို သတိပေးတာပါ။ ရာသီဥတုဖောက်ပြန်မှုကနေ ဉာဏ်ရည်တုနည်းပညာလို ဘေးထွက်ဆိုးကျိုးရှိတဲ့ ခေတ်သစ်နည်းပညာကဏ္ဍတွေအထိ မျက်မှောက်ကမ္ဘာမှာ ကြုံတွေ့နေရတဲ့ “ခြိမ်းခြောက်မှုတွေ” အကြောင်းကို ဂူတာရက်စ်က ပြောပါတယ်။

ကမ္ဘာကြီးဟာ တုန်လှုပ်ခြောက်ခြားစရာ အခြေအနေဖြစ်လာနေပြီး ခေါင်းဆောင်တွေဟာ ဒီနေ့ ခေတ်စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်မယ့် ခေတ်မီဖြေရှင်းနည်းလမ်းတွေကို မစွမ်းဆောင်သေးကြောင်း ပြောပါတယ်။ "အင်စတီကျူးရှင်း အဖွဲ့အစည်းတွေဟာ ကမ္ဘာကြီးကို မထင်ဟပ်နိုင်ဘဲ ပြဿနာတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းလို့မရကြောင်းနဲ့ ပြဿနာတွေကို ဖြေရှင်းမယ့်အစား သူတို့ဟာ ပြဿနာရဲ့အစိတ်အပိုင်းဖြစ်လာဖို့ အန္တရာယ်ရှိတယ်" လို့လည်း သတိပေးပါတယ်။ ကမ္ဘာကြီးဟာ "ဖရိုဖရဲပုံစံနဲ့ အသွင်ကူးပြောင်းနေ" တယ် ဆိုပါတယ်။

တဖက်မှာတော့ အမေရိကန်တနိုင်ငံတည်းက ကမ္ဘာ့ပါဝါဗဟိုချက် အင်အားကို ရယူထားရာကနေ ပါဝါဗဟိုချက်များစွာတည်ရှိတဲ့ ဘက်စုံကမ္ဘာကို အလျင်အမြင်နဲ့ ဦးတည်နေကြောင်း ဂူတာရက်စ်က ပြောပြီး ဒါဟာ ကိစ္စရပ်များစွာအတွက် အပြုသဘောဆောင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဘက်စုံဗဟိုချက်မ ရှိတဲ့ ကမ္ဘာကြီးဟာ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ နိုင်ငံအားလုံး အတူတကွ ပူးပေါင်းလုပ်ဆောင်တဲ့ အားကောင်းပြီး ထိရောက်တဲ့ ဘက်စုံအဖွဲ့အစည်း လိုအပ်ကြောင်း ဂူတာရက်စ်က သတိပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG