သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ ဒုက္ခသည်ဆိုင်ရာအကြီးအကဲ ရခိုင်ပြည်နယ်ရောက်ရှိ


ဒုက္ခသည်များဆိုင်ရာ ကုသလမဂ္ဂ မဟာမင်းကြီး Filippo Grandiနဲ့ ရခိုင်ပြည်နယ်အစိုးရတွေ့။ (သတင်းဓာတ်ပုံ- ရခိုင်ဝန်ကြီးချုပ်)
ဒုက္ခသည်များဆိုင်ရာ ကုသလမဂ္ဂ မဟာမင်းကြီး Filippo Grandiနဲ့ ရခိုင်ပြည်နယ်အစိုးရတွေ့။ (သတင်းဓာတ်ပုံ- ရခိုင်ဝန်ကြီးချုပ်)

ဒုက္ခသည်များဆိုင်ရာ ကုသလမဂ္ဂ မဟာမင်းကြီး Filippo Grandi ဟာ ဒီရက်ပိုင်း မြန်မာနိုင်ငံကို ရောက်ရှိနေပြီး ဒီကနေ့မှာတော့ ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်စခန်းတချို့ကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အကြောင်း စုံစမ်းမေးမြန်းထားတဲ့ မခင်ဖြူထွေးက ပြောပြပေးပါမယ်။

UNHCR ဒုက္ခသည်များဆိုင်ရာ ကုသလမဂ္ဂ မဟာမင်းကြီး Filippo Grandi ဟာ မနေ့က တနင်္ဂနွေနေ့ကစလို့ ရခိုင်ပြည်နယ်ကို သုံးရက်ကြာ ရောက်ရှိနေပါတယ်။ ရခိုင်၊ ကချင်နဲ့ ကရင်ပြည်နယ်တွေမှာ အကြမ်းဖက်ပဋိပက္ခတွေကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြ ရတဲ့ ဒုက္ခသည်တွေ အရေး ကိုယ်တိုင် သွားရောက်လေ့လာပြီး ဖြေရှင်းကိုင်တွယ်နိုင်ဖို့အတွက် ကုလသမဂ္ဂမဟာမင်းကြီး Grandi ခုလို မြန်မာနိုင်ငံကို ရောက်ရှိနေတာဖြစ်တယ်လို့ UNHCR ရဲ့ အာရှဒေသဆိုင်ရာ ပြောခွင့်ရ Vivian Tan က ပြောပါတယ်။

“အခုခရီးစဉ်ကတော့ မြန်မာနိုင်ငံတွင်းက ဒုက္ခသည်တွေနဲ့ပတ်သက်တဲ့ ကိစ္စရပ်အတော်များများကို သွားရောက်လေ့လာဖို့အတွက် အချိန်အတော်ကြာ ကတည်းက စီစဉ်ခဲ့တဲ့ ခရီးစဉ်ပါ။ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ် နဲ့ နိုင်ငံ အရှေ့တောင်ဘက်ခြမ်းက ဒေသတွေ အပါအဝင် မြန်မာနိုင်ငံ နေရာ အတော်များများမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေရဲ့ အခြေအနေကို သွားရောက်လေ့လာနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတွင်းက တချို့ လူမှုအဖွဲ့အစည်းတွေရဲ့ နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိစ္စ၊ အဲဒီနောက် ဒေသတွင်းမှာကြုံနေရတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေအရေးနဲ့ ပတ်သက်လို့ ဘယ်လိုဖြေရှင်းကိုင်တွယ် နိုင်မလဲ ဆိုတာ နည်းလမ်းရှာဖွေသွားနိုင်ဖို့အတွက် ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ် ခရီးစဉ်အတွင်းမှာတော့ အရင်က အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ စစ်တွေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသ တွေကို သွားရောက်ပြီး စစ်တွေမြို့ အပြင်ဘက်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရဆဲ ဖြစ်တဲ့ ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီကနေ့ကတော့ မောင်တောမြို့မှာ ရောက်ရှိနေပြီး UNHCR က ကူညီဆောင်ရွက်ပေးနေတဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အစီအစဉ်မှာ ပါဝင်ကြတဲ့ အဲဒီဒေသက ရခိုင် နဲ့ မူစလင် အသိုင်းအဝိုင်း နှစ်ခုစလုံးက လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ Vivian Tan က ပြောပါတယ်။ မြန်မာနိုင်ငံတွင်း လက်နက်ကိုင်စစ်ပွဲတွေနဲ့ အကြမ်းဖက် ပဋိ့က္ခတွေကြောင့် နယ်စပ်ဖြတ်ကျော် ထွက်ပြေးနေကြရတဲ့ မြန်မာဒုက္ခသည်တွေကို လက်ခံ ကူညီထားတဲ့ အိမ်နီးချင်း နိုင်ငံတွေကိုလည်း မြန်မာနိုင်ငံ ခရီးစဉ်ပြီးတာနဲ့ UNHCR မဟာမင်းကြီး သွားရောက် ဆွေးနွေးဖို့ရှိတဲ့အကြောင်းလည်း Vivian Tan ကပြောပါတယ်။

“ထိုင်းနိုင်ငံ ခရီးစဉ်အတွင်းမှာတော့ နယ်စပ် ဒုက္ခသည် စခန်း ၉ ခုမှာ နေထိုင်နေကြတဲ့ မြန်မာဒုက္ခသည်တွေ အရေးကို ဆွေးနွေးမှာပါ။ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်ကလည်း ဒီလို ဒုက္ခသည်အရေး ဆွေးနွေးဖို့ပါပဲ။”

ဒီလ ၆ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ရှိနေမယ့် သူ့ရဲ့ခရီးစဉ်အတွင်း လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေတဲ့ ကချင်နဲ့ ရှမ်းပြည်နယ်တွေကိုတော့ မဟာမင်းကြီး Grandi သွားရောက်မှာ မဟုတ်ဘူးလို့ အာရှဒေသဆိုင်ရာ ပြောခွင့်ရ Vivian Tan က ပြောပါတယ်။ ဒါပေမဲ့ နေပြည်တော် နဲ့ ရန်ကုန်မြို့တွေကို ရောက်မှာ ဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာအစိုးရ တာဝန်ရှိသူတချို့နဲ့ နေပြည်တော်မှာ တွေ့ဆုံဖို့ရှိပါတယ်။

ကုလ ဒုက္ခသည်ဆိုင်ရာအကြီးအကဲ ရခိုင်ပြည်နယ်ရောက်ရှိ
please wait

No media source currently available

0:00 0:02:52 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG