သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံမည်


ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filipo Grandi မောင်တောမြောက်ပိုင်း ကျေးရွာတွေကို သွားရောက်လေ့လာ။ ဓာတ်ပုံ- MOI
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filipo Grandi မောင်တောမြောက်ပိုင်း ကျေးရွာတွေကို သွားရောက်လေ့လာ။ ဓာတ်ပုံ- MOI

မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filipo Grandi ဟာ ဒီကနေ့မှာ နေပြည်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပြင် ပြည်ထောင်စု အစိုးရအဖွဲ့ ဝန်ကြီး တချို့နဲ့ပါ တွေ့ဆုံဖို့ရှိပါတယ်။

ဇူလိုင်လ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ ၆ ရက်ကြာခရီးစဉ်နဲ့မြန်မာနိုင်ငံမှာ ရောက်နေတဲ့ မစ္စတာ Grandi ဦးဆောင်တဲ့ ကုလ သမဂ္ဂအဖွဲ့ဝင် ၆ ဦး ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ဇူလိုင်လ ၄ ရက် မနေ့တုန်းက ရခိုင်ပြည်နယ်၊ မောင်တောခရိုင် မြောက်ပိုင်း မှာရှိတဲ့ ကျေးရွာတွေက ဒေသခံတွေနဲ့ တွေ့ဆုံပြီး ဒေသတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို လေ့လာခဲ့တယ်လို့ မြန်မာအစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ သတင်းဖော်ပြထားပါတယ်။

မဟာမင်းကြီးက သူတို့အဖွဲ့အနေနဲ့ ဒေသ အခြေအနေတွေကို လက်တွေ့ကျကျ သိရှိနိုင်ဖို့နဲ့ ကူညီပေးနိုင်တဲ့ ကိစ္စတွေကို ကူညီပေးဖို့အတွက် လာရောက်တာ ဖြစ်တဲ့အကြောင်းနဲ့ ဒေသခံ တိုင်းရင်းသားတွေရဲ့စကားသံတွေကို ကြားသိလိုတယ်လို့ ပြောတဲ့အကြောင်း အစိုးရသတင်းမှာ ဖော်ပြထားပါတယ်။

ဒေသခံ တိုင်းရင်းသားတွေ ဘက်ကလဲ သူတို့ အခက်အခဲတွေနဲ့ ရင်ဆိုင် ကြုံတွေ့နေရတာတွေကို ရှင်းလင်း ပြောကြားခဲ့ပြီး မဟာ မင်းကြီးနဲ့ အဖွဲ့ဟာ မနေ့က ညနေပိုင်းမှာ မောင်တောကနေ ရန်ကုန်မြို့ကို ပြန်လည် ထွက်ခွာသွားတယ်လို့ သတင်းမှာ ရေးထားပါ တယ်။ အခု ရခိုင်ခရီးစဉ် အတွင်းမှာ မဟာမင်းကြီးဟာ စစ်တွေမြို့၊ ဒါးပိုင် IDP ကယ်ဆယ်ရေးစခန်းကို တနင်္လာနေ့က သွားခဲ့သလို ရခိုင်ပြည် အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

UNHCR မဟာမင်းကြီး သွားခဲ့တဲ့ ဒါးပိုင် ကယ်ဆယ်ရေးစခန်းက မွတ်စလင်တချို့ကို သူ မောင်တောမှာရောက်နေတဲ့ တနေ့ထဲမှာပဲ ဒေသခံတချို့က တိုက်ခိုက်တာကြောင့် ၁ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရသွားပါတယ်။ အဲဒီထဲက ၂ ဦးဟာ စစ်တွေ ပြည်သူ့ ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေပြီး ၄ ယောက်ကိုတော့ ကယ်ဆယ်ရေးစခန်းကို ပြန်ပို့လိုက်ပြီလို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG