သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေကြောင့် ဘင်္ဂလားဒေ့ရ်ှအခက်ကြီးမားဟု ကုလမဟာမင်းကြီးပြောဆို


UNHCR အကြီးအကဲ Filippo Grandi ဘင်္ဂလားဒေရှ့် နိုင်ငံ ကော့ဇ်ဘဇားရောက်ရှိ
UNHCR အကြီးအကဲ Filippo Grandi ဘင်္ဂလားဒေရှ့် နိုင်ငံ ကော့ဇ်ဘဇားရောက်ရှိ

မြန်မာနိုင်ငံဘက်ကနေ ထွက်ပြေးလာကြသူတွေ အတွက် ဘင်္ဂလားဒေရှ့်နိုင်ငံမှာ နိုင်ငံတကာ အကူအညီတွေ အကြီးအကျယ် လိုအပ်နေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးက ပြောဆိုလိုက်ပါတယ်။ မြန်မာဘက်က ထွက်ပြေးလာသူ ၄ သိန်း ၃ သောင်းကျော်ဟာ အင်မတန်မှ များပြားလှပြီး ဘင်္ဂလားဒေရှ့် နိုင်ငံဟာ အခက်အခဲကြီး ကြုံနေရတယ်လို့ UNHCR အကြီးအကဲ Filippo Grandi က ဒီကနေ့ ဘင်္ဂလားဒေရှ့် နိုင်ငံ ကော့ဇ်ဘဇားမှာ ပြောကြားတာ ဖြစ်ပါတယ်။

ဒုက္ခသည်တွေဟာ စားနပ်ရိက္ခာ၊ သန့်ရှင်းတဲ့ရေ၊ ကျန်းမာရေး စောင့်ရှောက်မှုစတာတွေ အားလုံး လိုအပ်နေပြီး သင့်တင့်တဲ့ နေရာထိုင်ခင်း ရဖို့တော့ အရေးတကြီးလိုအပ်နေတယ်လို့ ကုလသမ္မဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးက ပြောဆိုပါတယ်။ အရေးအကြီးဆုံးနဲ့ အရင်ဆုံး လုပ်ရမှာကတော့ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေ ရပ်ဖို့ ဖြစ်ပါတယ်လို့လည်း UNHCR အကြီးအကဲက ပြောဆိုပါတယ်။

"လူတွေ ရှောင်တိမ်းထွက်ပြေးလာစေတဲ့ အကြမ်းဖက်မှုတွေကို အရင်ဆုံး ရပ်ရမှာ ဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေ ရပ်ရပါမယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ UNHCR လို လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး အဖွဲ့အစည်းတွေကို အပြည့်အ၀ ပြန်ပြီး လုပ်ခွင့်ပေးရပါမယ်။ UNHCR နဲ့ စားနပ်ရိက္ခာ အဖွဲ့ WFP တို့ ဆက်ပြီး လည်ပတ်နေတယ်ဆိုပေမယ့် အကန့်အသတ်တွေ ရှိနေဆဲပါ။ လုံခြုံရေးကို ပြန်ပြီး ထိန်းနိုင်ပြီဆိုရင် ပြန်လည် လုပ်ပိုင်ခွင့်ပေးရမှာ ဖြစ်ပါတယ်။ ဒါမှလည်း ဒီဘက်ကို ထွက်ပြေးမလာသူတွေရဲ့ လိုအပ်ချ်ကတွေကိုလည်း ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။"

ARSA အဖွဲ့က မြန်မာ လုံခြုံရေး စခန်းတွေကို သြဂုတ်လ ၂၅ ရက်နေ့က တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မှာ အခုတကျော့ပြန် အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာခဲ့တာပါ။ ARSA အဖွဲ့ကို မြန်မာအစိုးရဘက်က ချေမှုန်းတာမှာ စစ်တပ်နဲ့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်တုံ့ပြန်ခဲ့တာပါ။ ဒုက္ခသည်တွေ ဝင်ရောက်လာမှုက လျော့ကျသွားပေမယ့် ထပ်ပြီး ထွက်လာဦးမလား ဆိုတာကလည်း မပြောနိုင်သေးဘူးလို့လည်း UNHCR အကြီးအကဲက ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG