သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပါ ကမ္ဘာတဝန်း အိုးအိမ်စွန့်ခွာဒုက္ခသည်အရေအတွက်မြင့်မားလာ


ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ UNHCR က ၂၀၂၄ ခုနှစ်အတွက် ထုတ်ပြန်တဲ့ Global Trend အစီရင်ခံစာ။(UNHCR)
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ UNHCR က ၂၀၂၄ ခုနှစ်အတွက် ထုတ်ပြန်တဲ့ Global Trend အစီရင်ခံစာ။(UNHCR)

ကမ္ဘာတလွှား တိုက်ပွဲတွေ၊ ဖိနှိပ်မှုတွေ၊ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ၊ ဥတုရာသီပြောင်းလဲမှုနဲ့ တခြားဖြစ်ရပ်ဆိုးတွေကြောင့် အိုးအိမ်ပြောင်းရွှေ့ ရသူ အရေအတွက်ဟာ မနှစ်က မကြုံစဖူး စံချိန်တင် မြင့်မားလာခဲ့တယ်လို့ ကြာသပတေးနေ့မှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ UNHCR က ၂၀၂၄ ခုနှစ်အတွက် ထုတ်ပြန်တဲ့ Global Trend အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
၂၀၂၃ ခု နှစ်ကုန်အထိဆို ကမ္ဘာတလွှား အိုးအိမ်ပြောင်းရွှေ့ရသူဟာ ၁၁၇.၃ သန်း အထိရှိလာတာဖြစ်ပြီး ဒီအထဲမှာ ကိုယ့် နိုင်ငံအတွင်းမှာပဲ တိုက်ပွဲတွေကြောင့် အိမ်မပြန်နိုင်ဖြစ်နေရသူက ၆၈ သန်းလောက် ရှိနေတယ်လို့ ပြောပါတယ်။ နောက် လူပေါင်း ၃၁ သန်းလောက်ကတော့ ဒုက္ခသည်တွေ ဖြစ်နေပြီး ၁၀ သန်းလောက်ကတော့ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံနေရသူတွေ၊ နိုင်ငံမဲ့ ဖြစ်နေသူတွေပါ။

မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖေါ်ဝါရီ စစ်တပ်အာဏာသိမ်းခဲ့တဲ့ နောက်ပိုင်း အကြမ်းဖက်မှုတွေ တိုးလာခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်း ပြည်တွင်း အိုးအိမ်ပြောင်းရွှေ့ရသူက ၁.၃ သန်း ကျော် ဖြစ်သွားတယ်လို့လည်း အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။

ဒီနှစ်ထဲမှာလည်း အဓမ္မ အိုးအိမ်ရွှေ့ပြောင်းခံရသူတွေ ဆက်လက် တိုးလာနေပြီး လက်ရှိမှာ စုစုပေါင်း သန်း ၁၂၀ ဖြစ်လာနေတယ်လို့လည်း အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi ကတော့ အိုးအိမ်ရွေ့ပြောင်းရသူအရေအတွက်ဟာ စိတ်မကောင်းစရာ တိုးလာနေတာ ၁၂ နှစ် လုံးလုံး ဆက်တိုက်ဖြစ်နေပြီး အခုလို ဖြစ်ရတာဟာ တိုက်ပွဲတွေဖြစ်ပွါးနေတာကြောင့် ဖြစ်ကြောင်း ပြောပါတယ်။ ၂၀၂၃ မှာ နိုင်ငံပေါင်း ၂၉ နိုင်ငံအတွက် UNHCR က အရေးပေါ် အခြေနေ ၄၃ ကြိမ် ကြေညာခဲ့ရကြောင်းနဲ့ လွန်ခဲ့တဲ့ ၂ နှစ် - ၃ နှစ် လောက်တုန်းကတော့ တနှစ်ကို ပျမ်းမျှ ၈ ကြိမ်ကနေ ၁၀ ကြိမ်လောက်ပဲ ကြေညာခဲ့ရတာ လို့လည်းပြောပါတယ်။

လက်ရှိမှာ နေရာတိုင်းလိုလိုမှာဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေအတွင်း သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့ စစ်ကျင့်ထုံးဥပဒေတွေ၊ နိုင်ငံတကာ လူသားစာနာမှု ဥပဒေတွေ လိုက်နာမှုမရှိပဲ ဒေသခံတွေကြောက်ရွံ့စေဖို့ လုပ်နေတာတွေ တွေ့နေရပြီး ဒါဟာ ဒေသခံတွေကို စိုးရိမ်မှု ဖြစ်စေတယ်လို့လည်း ပြောပါတယ်။ ဒါဟာ အိုးအိမ်ပြောင်းရွှေ့နေထိုင်မှု တိုးလာစေတဲ့ အဓိက အချက် ဖြစ်ကြောင်းလည်း ပြောပါတယ်။

မြန်မာအပြင် အာဖဂန်နစ်စတန်၊ ဆီးရီးယား၊ ယီမင်၊ ဆိုမာလီယာ၊ ဗင်နီဇွလားနဲ့ နီကာရာဂွါ နိုင်ငံတွေမှာလည်း အခုထိ ဒေသခံတွေ အိုးအိမ် ပြောင်းရွှေ့ နေနေကြရဆဲဖြစ်ကြောင်းလည်း ဖေါ်ပြထားပါတယ်။

မြန်မာအပါ ကမ္ဘာအဝန်း အိုးအိမ်စွန့်ခွာဒုက္ခသည်အရေအတွက်မြင့်မားလာ
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG