သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေရပ်ပြန်ရေးလက်ခံထားသူ ရိုဟင်ဂျာ ၂၃ဦးကို အကူအညီဖြတ်


Cox's Bazar စခန်း၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ကပေးတဲ့ရိက္ခာထုတ်လာတဲ့ ရိုဟင်ဂျာတဦး

Cox's Bazar ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်မိသားစု ၄ စု ရဲ့ လူ ၂၃ ယောက်ကို ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာမဟာမင်းကြီးရုံး UNHCR က စားနပ်ရိက္ခာထောက်ပံ့တာ ရပ်နားလိုက်ပါတယ်။ အဲဒီ မိသားစု ၄ စုတို့ စမ်းသပ်စီမံချက်အောက်မှာ ပြန်သွားကြဖို့ သဘောတူညီထားပြီးသားဖြစ်တယ်လို့ ဒုက္ခသည် သက်သာရေးနဲ့ ပြန်ပို့ရေးကော်မရှင်နာ Md Mizanur ကပြောပါတယ်။

“မိသားစု ကို တနင်္လာနေ့ မနက်ကစပြီး ထောက်ပံ့တာရပ်လိုက်တာပါ။ ဒါပေမဲ့ UNHCR ကတော့ ဘာကြောင့် အဲဒီလို ရပ်လိုက်ရသလဲဆိုတာကို ဖော်ထုတ်မပြောပါဘူး။ ဒါပေမဲ့ သူတို့ ကို တနည်းတဖုံနည်းလမ်းနဲ့ စားနပ်ရိက္ခာ ထောက်ပံ့နေပါတယ်။” လို့လည်း Md Mizanur က ဆိုပါတယ်။

စားနပ်ရိက္ခာ ထောက်ပံ့တာကို ရပ်လိုက်တဲ့အကြောင်းပြချက်ကိုတော့ ရာထူးမြင့်တဲ့ တာဝန်ရှိသူတွေကပဲ ရှင်းပြနိုင်ပါတယ်လို့ UNHCR Cox's Bazar ရုံး ရဲ့ ဒုတိယ အကြီးအကဲက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ကြောင်း စိစစ်ထားပြီးဒုက္ခသည် အဖွဲ့တစ်ဖွဲ့ ကိုစမ်းသပ်စီမံချက်အနေနဲ့ မြန်မာနိုင်ငံ ကို ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့ သဘောတူထားကြပါတယ်။ ဒီအစီအစဥ်ကို တရုတ်အကူအညီနဲ့ စတင်ဖို့စီစဥ်နေကြတာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာရခိုင်ပြည်နယ်ရဲ့ အခြေအနေက ဒုက္ခသည်တွေပြန်ဖို့ အခြေအနေ မပေးသေးဘူးလို့လည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး ကို ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG