သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဒေါ်လာ၃သန်း ကုလရံပုံငွေချထား


ရိုဟင်ဂျာများခိုလှုံနေတဲ့ Kutupalong ဒုက္ခသည်စခန်း၊ မေ ၁၅၊၂၀၂၃။
ရိုဟင်ဂျာများခိုလှုံနေတဲ့ Kutupalong ဒုက္ခသည်စခန်း၊ မေ ၁၅၊၂၀၂၃။

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဒေါ်လာ၃သန်း ကုလရံပုံငွေချထား

မေလလယ်က ကျရောက်ခဲ့တဲ့ မိုခါမုန်တိုင်း ဒဏ်ခံရတဲ့ ဒုက္ခသည်တွေထဲက ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အရေးပေါ်ကယ်ဆယ်ကူညီရေး ရံပုံငွေ ဒေါ်လာ ၃ သန်းချထားပေးလိုက်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

" အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံ Martin Griffiths က အပူပိုင်းမုန်တိုင်း မိုခါ ဒဏ်သင့်သူတွေကို အကူညီပေးဖို့ ဗဟိုအရေးပေါ်တုန့်ပြန်ရေး ရံပုံငွေထဲက ဒေါ်လာ ၃ သန်း ချထားပေးလိုက်ပါတယ်။ ဒီမုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည် ၄ သောင်းကျော်ခိုမှီနေတဲ့ စခန်းတွေကိုရော ဒေသခံတွေရဲ့ အဆောက်အဦးတွေကိုပါ ထိခိုက်ပျက်စီးစေတာကြောင့် ဒါတွေကို ရှင်းလင်း၊ ပြင်ဆင်ဖို့ ရံပုံငွေချထားပေးတာ ဖြစ်ကြောင်း" ပြောပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ လူသားစာနာမှုဆိုင်ရာ အဖွဲ့တွေ အနေနဲ့ ရံပုံငွေကလည်း မလုံမလောက် ဖြစ်နေတယ် လို့ ပြောပါတယ်။ WFP ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့မှာဆို ရံပုံငွေ မလုံလောက်တဲ့ အတွက် တလကို ဒုက္ခသည်တယောက် အတွက် ၁၀ ဒေါ်လာနှုန်းနဲ့ စားသောက်စားရိတ် ထောက်ပံ့နေရာကနေ အခုဆို ၈ ဒေါ်လာနှုန်းကို လျှော့ချခဲ့ရတာ ဖြစ်ပြီး ဒါတာ တယောက်ကို ထမင်းတနပ်အတွက် ၉ ဆင့် တောင်မပြည့်တဲ့ အနေထား ဖြစ်နေတယ်လို့လည်း ပြောပါတယ်။ ဒါဟာ မတ်လတုန်းက တယောက်ကို တလ ၁၂ ဒေါ်လာနှုန်းကနေ ၃ လအတွင်း ဒုတိယအချီ လျှော့ချရတာလည်း ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည် တသန်းလောက် အတွက် အစားအသောက် အပါအဝင် အခြေခံ လိုအပ်ချက်တွေဖြစ်တဲ့ ပညာရေး၊ အဟာရပြည့်ဝရေး၊ လုံခြုံရေးနဲ့ အကာကွယ်ပေးရေးတွေဟာ လူသားစာနာမှု အကူညီတွေပေါ် မှီခိုနေရတာပါ။ ဒါတွေအတွက် ဒေါ်လာငွေ သန်း ၅၀ အရေးပေါ်ချထားပေးဖို့လည်း WFP က တောင်းခံထားပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဒေါ်လာ၃သန်း ကုလရံပုံငွေချထား
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG