သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း လိင်အယူအဆကွဲပြားသူများကြား တန်းတူညီမျှရေးထိခိုက်ကျဆင်း


ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews

စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ လိင်အယူအဆကွဲပြားသူတွေကြား တန်းတူညီမျှရေး ထိခိုက်ကျဆင်းသွားခဲ့ရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်က အင်္ဂါနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာအသစ်မှာ ပြောပါတယ်။ အမျိုးသမီးတွေ၊ မိန်းခလေးတွေနဲ့ LGBT တွေဟာ ခွဲခြားဆက်ဆံခံရတဲ့အပြင် အကြမ်းဖက်၊ အမြတ်ထုတ်တာလည်း ခံကြရတယ်လို့ မစ္စတာ Tom Andrews က ဆိုပါတယ်။

မစ္စတာအင်ဒရူးက သူ့အစီရင်ခံစာကို "အကျပ်အတည်းထဲက သတ္တိ"လို့ ခေါင်းစဥ်ပေးထားပြီး ပဋိပက္ခဇုံ၊ စစ်ဆေးရေးဂိတ်တွေနဲ့ အကျဥ်းစခန်းတွေမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ အပျံ့အနှံ့ဖြစ်နေတာက စစ်ကောင်စီရဲ့ ရက်စက်မှုနဲ့ လူမဆန်မှုကို ပြသနေတယ်လို့ မစ္စတာအင်ဒရူးက ပြောပါတယ်။ တော်လှန်ရေးလှုပ်ရှားမှုတွေ မှာ အမျိုးသမီးတွေ ရှေ့တန်းကပါဝင်နေကြတာကိုလည်း အစီရင်ခံစာက မီးမောင်းထိုးပြထားပြီး ဒါဟာ အနာဂတ် ဒီမိုကရေစီနိုင်ငံတော်မှာ တန်းတူရေး၊ မခွဲခြားရေးနဲ့ တရားမျှတမှုအတွက် အခြေ တည်ပေးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသမီး၊ မိန်းခလေး၊ LGBTQ ဆိုင်ရာ အကြမ်းဖက်မှုတွေအပေါ် တာဝန်ခံမှုရှိလာအောင် ပေါ်‌ပေါက်လာနေတဲ့ အုပ်ချုပ်ရေးစနစ်၊ တိုင်းရင်းသား အဖွဲ့အစည်း၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အလုပ်လုပ်ဖို့လည်း အလှူရှင်နိုင်ငံတွေနဲ့ အဖွဲ့တွေကို တိုက်တွန်းပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG