သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လိင္ဝိေသသ ကဲြျပားသူေတြကို အသိအမွတ္ျပဳတဲ႔ ပတ္(စ)ပို႔ ကန္ထုတ္ေပးေတာ႔မည္


လိင္ဝိေသသ ကဲြျပားသူေတြကို အသိအမွတ္ျပဳတဲ႔ ပတ္(စ)ပို႔ ကန္ထုတ္ေပးေတာ႔မည္

လိင္ဝိေသသ ကဲြျပားသူေတြကို အသိအမွတ္ျပဳတဲ႔ ပတ္(စ)ပို႔ ကန္ထုတ္ေပးေတာ႔မည္

{{Zawgyi/Unicode}}

အေမရိကန္ႏုိင္ငံသားေတြအတြက္ ႏုိင္ငံကူးလက္မွတ္မွာ က်ားမ လိင္သတ္မွတ္ခ်က္ ၂ မ်ိဳးအျပင္၊ က်ားမလိင္ခဲြျခားသတ္မွတ္မွုမရွိတဲ့ တတိယလိင္အမ်ိဳးအစား X gender အျဖစ္အသိအမွတ္ျပုတဲ့ ႏုိင္ငံကူးလက္မွတ္ေတြ ထုတ္ေပးေတာ့မွာျဖစ္ေၾကာင္းအေမရိကန္ ျပည္ေထာင္စုႏုိင္ငံျခားေရး ၀န္ႀကီးဌာနက ဗုဒၶဟူးေန့က ထုတ္ျပန္ေၾကျငာပါတယ္။

အဲဒီ တတိယလိင္အမ်ိဳးအစား X- gender အျဖစ္၊ က်ား၊ မ လိင္အုပ္စု၂ခုထဲမွာမပါ၀င္လုိသူမ်ား၊ မိမိကုိယ္ မိမိက်ား ၊မ လိင္ သတ္မွတ္ခ်က္အတည္မျပဳလုိသူမ်ားအတြက္ျဖစ္ပါတယ္။ ဒီပတ္စပုိ့ေတြကုိလာမယ့္ ၂၀၂၂ ခုႏွစ္ႏွစ္ဆန္းပုိင္းမွာစတင္ထုတ္ေပးမွာျဖစ္ပါတယ္။

အခုလုိက်ားမခဲြျခားသတ္မွတ္မွုမရွိတဲ့ Gender X တတိယ လိင္အမ်ိဳးအစားနဲ့ ႏုိင္ငံကူးလက္မွတ္ေတြ ထုတ္ေပးဖုိ့ ၿပီးခဲ့တဲ့ဇြန္လက ႏုိင္ငံျခားေရး၀န္ႀကီး Antony Blinken က ေျပာၾကားခဲ့ၿပီးတဲ့ ေနာက္ အခုအခါမွာ အေကာင္အထည္ေဖၚခဲ့တာျဖစ္ေၾကာင္း ႏုိင္ငံျခားေရး၀န္ႀကီးဌာန ေျပာေရး ဆုိခြင့္ရွိသူ Ned Price ကေျပာဆုိခဲ့ပါတယ္။

ဒီလုပ္ေဆာင္မွုဟာ LGBTQI နဲ့ အေမရိကန္ႏုိင္ငံသားေတြ၊ လိင္သတ္မွတ္ခ်က္မျပုလုပ္လုိသူေတြ အေပၚ တရားမွ်တတဲ့ ဆက္ဆံေရးကုိေဖၚေဆာင္ဖုိ့အတြက္ ေျခလွမ္းတလွမ္းလွမ္းလုိက္တာဘဲျဖစ္ တယ္လုိ့ေျပာဆုိပါတယ္။

ႏုိင္ငံကူးလက္မွတ္ေတြမွာ အခုလုိ က်ားမမခဲြတဲ့ တတိယ လိင္အမ်ိဳးစားခြင့္ျပုသတ္မွတ္တာကုိ ၾသစေတးလ်၊ နယူးဇီလန္၊ နီေပါ နဲ့ ကေနဒါ ႏုိင္ငံေတြမွာလည္းခြင့္ျပုထားၿပီးျဖစ္ပါတယ္။ အခုအခါ အေမရိကန္ ျပည္ေထာင္စုပါထပ္မံပါ၀င္လာတာျဖစ္ပါတယ္။

.......................................

တိုက္႐ိုက္ လင့္ခ္

လိင်ဝိသေသ ကွဲပြားသူတွေကို အသိအမှတ်ပြုတဲ့ ပတ်(စ)ပို့ ကန်ထုတ်ပေးတော့မည်

{{Unicode}}

အမေရိကန်နိုင်ငံသားတွေအတွက် နိုင်ငံကူးလက်မှတ်မှာ ကျားမ လိင်သတ်မှတ်ချက် ၂ မျိုးအပြင်၊ ကျားမလိင်ခွဲခြားသတ်မှတ်မှုမရှိတဲ့ တတိယလိင်အမျိုးအစား X gender အဖြစ်အသိအမှတ်ပြုတဲ့ နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးတော့မှာဖြစ်ကြောင်းအမေရိကန် ပြည်ထောင်စုနိုင်ငံခြားရေး ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေငြာပါတယ်။

အဲဒီ တတိယလိင်အမျိုးအစား X- gender အဖြစ်၊ ကျား၊ မ လိင်အုပ်စု၂ခုထဲမှာမပါဝင်လိုသူများ၊ မိမိကိုယ် မိမိကျား ၊မ လိင် သတ်မှတ်ချက်အတည်မပြုလိုသူများအတွက်ဖြစ်ပါတယ်။ ဒီပတ်စပို့တွေကိုလာမယ့် ၂၀၂၂ ခုနှစ်နှစ်ဆန်းပိုင်းမှာစတင်ထုတ်ပေးမှာဖြစ်ပါတယ်။

အခုလိုကျားမခွဲခြားသတ်မှတ်မှုမရှိတဲ့ Gender X တတိယ လိင်အမျိုးအစားနဲ့ နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးဖို့ ပြီးခဲ့တဲ့ဇွန်လက နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောကြားခဲ့ပြီးတဲ့ နောက် အခုအခါမှာ အကောင်အထည်ဖေါ်ခဲ့တာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ Ned Price ကပြောဆိုခဲ့ပါတယ်။

ဒီလုပ်ဆောင်မှုဟာ LGBTQI နဲ့ အမေရိကန်နိုင်ငံသားတွေ၊ လိင်သတ်မှတ်ချက်မပြုလုပ်လိုသူတွေ အပေါ် တရားမျှတတဲ့ ဆက်ဆံရေးကိုဖေါ်ဆောင်ဖို့အတွက် ခြေလှမ်းတလှမ်းလှမ်းလိုက်တာဘဲဖြစ် တယ်လို့ပြောဆိုပါတယ်။

နိုင်ငံကူးလက်မှတ်တွေမှာ အခုလို ကျားမမခွဲတဲ့ တတိယ လိင်အမျိုးစားခွင့်ပြုသတ်မှတ်တာကို သြစတေးလျ၊ နယူးဇီလန်၊ နီပေါ နဲ့ ကနေဒါ နိုင်ငံတွေမှာလည်းခွင့်ပြုထားပြီးဖြစ်ပါတယ်။ အခုအခါ အမေရိကန် ပြည်ထောင်စုပါထပ်မံပါဝင်လာတာဖြစ်ပါတယ်။

XS
SM
MD
LG