သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ ဆွေးနွေးမည် 


ဂါဇာအပစ်ရပ်ရေး လုံခြုံရေးကောင်စီအစည်းအဝေး (မတ် ၂၂၊ ၂၀၂၄)
ဂါဇာအပစ်ရပ်ရေး လုံခြုံရေးကောင်စီအစည်းအဝေး (မတ် ၂၂၊ ၂၀၂၄)

မြန်မာနိုင်ငံအရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဒီနေ့ ဗုဒ္ဓဟူးနေ့ အမေရိကန်ပြည်ထောင်စု အရှေ့ခြမ်း စံတော်ချိန် မနက် ၁၀ နာရီမှာ တံခါးပိတ်အစည်းအဝေး ကျင်းပဖို့ စီစဉ်နေပါတယ်။ ဗြိတိန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေရဲ့ တောင်းဆိုချက်အရ ကျင်းပတဲ့ အစည်းအဝေး ဖြစ်ပြီး ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ အကြီးအကဲ Joyce Msuya က မြန်မာနိုင်ငံ အခြေအနေကို အစီရင်ခံ တင်ပြမယ်လို့ ခန့်မှန်းရပါတယ်။ ဆွေးနွေးပွဲ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ဇွန်လ နောက်ဆုံးပတ်အတွင်းကပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာ့အရေး လုံခြုံရေးကောင်စီအနေနဲ့ အရေးယူ ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တာတွေကို ဝေဖန်ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အကျပ်အတည်း လုံခြုံရေးကောင်စီရဲ့ အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်တာဟာ မြန်မာပြည်သူတွေအတွက် အလွန်ကြီးမာပြီး ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်နိုင်တဲ့အကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောခဲ့တာပါ။

မြန်မာအပါအဝင် ကမ္ဘာ့နေရာအတော်များများမှာဖြစ်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်း နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေကို ကုလသမဂ္ဂအနေနဲ့ ကာကွယ်တားဆီးပေးဖို့ ပျက်ကွက်နေတယ်လို့ မနေ့ကလည်း ထပ်မံ ဝေဖန်ပြောဆိုပါတယ်။ ကုလသမဂ္ဂလုံခြုံရေး ကောင်စီဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း မြန်မာနိုင်ငံအရေး ဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ၆ ရက်နေ့ကလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ် ဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။

မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ ဆွေးနွေးမည် 
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG