ကြာသပတေးနေ့က လုံခြုံရေးကောင်စီ တံခါးဖွင့် ဆွေးနွေးပွဲမှာ ရိုဟင်ဂျာပြဿနာကို ဦးတည် ဆွေးနွေးတာမျိုးက စစ်အာဏာရှင်တော်လှန်ရေးမှာ လူမျိုးရေးကို ဦးတည်သလား လူသားအားလုံး အရေး လုပ်နေတလား ဆိုတာကို စမ်းသပ်ချက် ဖြစ်တယ်လို့ အမေရိကန် အခြေစိုက် မြန်မာ နိုင်ငံရေးသိပ္ပံ ပညာရှင်တဦးက သုံးသပ်လိုက်ပါတယ်။ ရိုဟင်ဂျာကိစ္စဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ထောက်ပြဖို့ အကောင်းဆုံး ဖြစ်နေကာ ကုလသမဂ္ဂ ပဋိညာဉ် အခန်း ၆ ပါ အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာ ဖျန်ဖြေရေးပါ လုပ်ငန်းစဥ်တွေ အတိုင်း လက်ရှိ လုပ်ဆောင်နေတာ ဖြစ်ပြီး နောက်တဆင့် ဖြစ်တဲ အခန်း ၇ ပါ အတိုင်း လုံခြုံရေးကောင်စီ အနေနဲ့ အရေးယူဖို့ကတော့ လိုနေဦးမယ်လို့ ပါမောက္ခ ဒေါက်တာ ထွန်းမြင့်က ဗွီအိုအေကို ပြောပါတယ်။ အခုလို တံခါးဖွင့် ဆွေးနွေးလာနိုင်တာက ၂၀၂၂ ခုနှစ် လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၂၆၆၉ ရဲ့ နောက်ဆက်တွဲ ဖြစ်ထွန်းမှုတွေ ဖြစ်တယ်လို့ သူက ထောက်ပြထားပါတယ်။ ကိုငြိမ်းချမ်းအေးက ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာ့အရေးလုံခြုံရေးကောင်စီဆွေးနွေးပွဲအပေါ် အမြင်သုံးသပ်ချက်
လုံခြုံရေးကောင်စီတံခါးဖွင့်ဆွေးနွေးပွဲမှာ ရိုဟင်ဂျာပြဿနာကို ဦးတည် ဆွေးနွေးတာမျိုးက စစ်အာဏာရှင်တော်လှန်ရေးမှာလူမျိုးရေးကို ဦးတည်သလား၊ လူသားအားလုံးအရေးလုပ်တာလား ဆိုတာကို စမ်းသပ်ချက် ဖြစ်တယ်လို့အမေရိကန်အခြေစိုက် မြန်မာနိုင်ငံရေးသိပ္ပံပညာရှင်ကသုံးသပ်ပါတယ်။ ကိုငြိမ်းချမ်းအေးက ဆက်သွယ်မေးမြန်းထားပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၂၂ ဇူလိုင်၊ ၂၀၂၄
စစ်ကောင်စီလက်ထဲ လက်နက်ပစ္စည်းတွေမရောက်ရေး ဆက်လက် ကြိုးပမ်းမည်
-
၂၀ ဇူလိုင်၊ ၂၀၂၄
ကုလစင်မြင့်ပေါ်က မြန်မာလူထုအသံ “မေးမြန်းခန်း”
-
၁၃ ဇူလိုင်၊ ၂၀၂၄
ချင်းပြည်မှာ တော်လှန်ရေးတပ်များ ထိန်းချုပ်ထားနိုင်မှု “မေးမြန်းခန်း”
-
၁၁ ဇူလိုင်၊ ၂၀၂၄
မန္တလေး PDF အဖွဲ့ပြောခွင့်ရနဲ့ ဆက်သွယ်မေးမြန်းချက်
-
၁၁ ဇူလိုင်၊ ၂၀၂၄
မြန်မာလူငယ်တွေ တော်လှန်ဘဝ ဒါရိုက်တာ Dylan Chow ရုပ်ရှင်
Forum