သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ ဘဏ္ဍာရေး အစည်းအဝေး မြန်မာဝန်ကြီးတက်ရောက်ခဲ့

အာဆီယံ ဘဏ္ဍာရေးဝန်ကြီး အစည်းအဝေးပွဲ ယခင် မှတ်တမ်းဓာတ်ပုံ
အာဆီယံ ဘဏ္ဍာရေးဝန်ကြီး အစည်းအဝေးပွဲ ယခင် မှတ်တမ်းဓာတ်ပုံ

အာဆီယံ ဒေသတွင်း ပထဝီအနေထားရ တင်းမာမှုတွေနဲ့ ကုန်ဈေးနှုန်း မတည်ငြိမ်မှုတွေကြောင့် ဘဏ္ဍာရေးဆိုင်ရာ ဒေသတွင်း အဖွဲ့အစည်းတွေဟာ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ ဘဏ္ဍာရေးဝန်ကြီး Santiphab Phomvihane က ပြောပါတယ်။

လာအိုနိုင်ငံ Luang Prabang မှာ ဧပြီလ ၃ ရက်နေ့က စတင်တဲ့ အာဆီယံ ဘဏ္ဍာရေးဝန်ကြီးတွေနဲ့ ဗဟိုဘဏ် အုပ်ချုပ်ရေးမှုးတွေရဲ့ ၁၁ ကြိမ်မြောက် အစည်းဝေး AFMGM နဲ့ အာဆီယံ ဘဏ္ဍာရေး ဝန်ကြီးတွေရဲ့ ၂၈ ကြိမ်မြောက် အစည်းဝေး AFMM ပြီးဆုံးတဲ့ ဧပြီ ၅ ရက် သောကြာနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ အိမ်နီးချင်း မြန်မာနိုင်ငံကို ထည့်မတွက်ရင်တောင်မှ တခြား အာဆီယံ နိုင်ငံတွေမှာ စီးပွားရေးအရ စိန်ခေါ်မှုတွေ ရှိနေတာကြောင့် လာအိုနိုင်ငံ အတွက်တော့ လူဦးရေ ၇ သန်းခွဲလောက်ရှိတဲ့ သူ့ရဲ့ လူငယ်လူရွယ်နဲ့ သက်ကြီးရွယ်အိုတွေအတွက် ပြင်ဆင်ရမယ့် အချိန် ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒါပေမယ့် လာအိုနိုင်ငံဟာ နိုင်ငံခြားကြွေးမြီပြဿနာ၊ လာအိုငွေကြေး ခိုင်မာမှု လျော့လာတာနဲ့ ငွေဖောင်းပွမှု ၂၅ % လောက် ဖြစ်နေတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။ အခု လာအိုမှာ ကျင်းပတဲ့ ၃ ရက်ကြာ အစည်းအဝေးကို မြန်မာစစ်ကောင်စီရဲ့ ဒုတိယဝန်ကြီးချုပ်နဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်ခဲ့ပါတယ်။

This item is part of

ဆက်စပ်သတင်းများ ...

Forum

XS
SM
MD
LG