သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ အကျပ်အတည်း လုံခြုံရေးကောင်စီ အထူးစိုးရိမ်


Security Council Meets on Mission to Myanmar and Bangladesh Caption Description Wide view of the Security Council meeting on its mission to Bangladesh and Myanmar (28 April to 2 May 2018).
Security Council Meets on Mission to Myanmar and Bangladesh Caption Description Wide view of the Security Council meeting on its mission to Bangladesh and Myanmar (28 April to 2 May 2018).


မြန်မာ အကျပ်အတည်း လုံခြုံရေးကောင်စီ အထူးစိုးရိမ်

{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၁ နှစ်ကြာတဲ့အထိ နိုင်ငံရေး အကျပ်အတည်းတွေ ပေါ်ပေါက်နေတဲ့အပေါ် အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြောဆိုလိုက်ပါတယ်။ မြန်မာပြည်သူတွေအကျိုး ရှေ့ရှုပြီး ဆွေးနွေးဖြေရှင်းဖို့လည်း ဗုဒ္ဓဟူးနေ့မှာ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်တာပါ။

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် အပါအဝင် စစ်အာဏာသိမ်းပြီး နောက်ပိုင်း မတရားဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့လည်း လုံခြုံရေးကောင်စီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံက အကြမ်းဖက် လုပ်ရပ်တွေနဲ့ နေရပ်စွန့်ခွာရသူတွေ တိုးလာတဲ့အပေါ် လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေက စိုးရိမ်ကြောင်း ပြောပါတယ်။

ကျန်းမာရေးနဲ့ ပညာရေး အပါအဝင် အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်တဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်းနဲ့ ပုံစံမျိုးစုံနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ချက်ခြင်းရပ်ဖို့၊ အရပ်သားတွေ ဘေးကင်းလုံခြုံအောင် ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားတာပါ။ နိုင်ငံရေး အကျပ်အတည်းတွေအပြင် ကိုဗစ်ကပ်ရောဂါနဲ့ပါ ရင်ဆိုင်နေရတဲ့အတွက် အထူးသဖြင့်၊ အမျိုးသမီး၊ ကလေးငယ်တွေနဲ့ အားနည်းသူတွေအတွက် စာနာမှုအကူအညီ လိုအပ်ချက်တွေ တိုးလာနေတဲ့အပေါ် အထူးစိုးရိမ်ကြောင်းလည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက ထိထိရောက်ရောက် ဖြေရှင်းဖို့ ပျက်ကွက်နေတယ်ဆိုပြီး ဝေဖန်သတိပေးမှုတွေ ထွက်ပေါ်နေချိန်မှာပဲ လုံခြုံရေးကောင်စီ ကြေညာချက် ထွက်ပေါ်လာတာပါ။ စစ်အာဏာသိမ်းမှု နှစ်ပတ်လည်နေ့အဖြစ် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က ဒီသီတင်းပတ်ထဲ ဗွီဒီယိုနဲ့ အမှာစကားပြောရာမှာတော့ လုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာက ဒီထက်ပို ထိရောက်အောင် ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

..........................................................

တိုက်ရိုက် လင့်ခ်


{{Zawgyi/Unicode}}




XS
SM
MD
LG