သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်ချမှတ်မှု လုံခြုံရေးကောင်စီ ရှုတ်ချ


ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး ကျင်းပနေမှုမြင်ကွင်း။ (စက်တင်ဘာ ၂၈၊ ၂၀၁၇)
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး ကျင်းပနေမှုမြင်ကွင်း။ (စက်တင်ဘာ ၂၈၊ ၂၀၁၇)

(Zawgyi / Unicode)

တာဝန်ကနေ ဖယ်ရှားခံခဲ့ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ထောင်ဒဏ်တွေ ချမှတ်လိုက်တဲ့အပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ အနေနဲ့ လွန်စွာမှ စိုးရိမ်မကင်းဖြစ်မိကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဗုဒ္ဓဟူးနေ့မှာ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက တရားမဝင် ဖမ်းဆီးထားတာ ဖြစ်ကြောင်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ချက်ချင်းလွှတ်ပေးဖို့ ထပ်မံတောင်းဆိုကြောင်း အလှည့်ကျ လုံခြုံရေးကောင်စီဥက္ကဋ္ဌ Abdou Abarry က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ပြန်လည်ဖော်ဆောင်ဖို့နဲ့ ဒီမိုကရေစီအဖွဲ့အစည်းတွေ ဆက်လက်ရပ်တည်ရှင်သန်ခွင့် ပေးဖို့ကိုလည်း လုံခြုံရေးကောင်စီက ထပ်မံတောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့နဲ့ မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒနဲ့အညီ တွေ့ဆုံဆွေးနွေးရေးနဲ့ ပြန်လည်သင့်မြတ်ရေးကိုလည်း လုပ်ဆောင်ဖို့၊ လူ့အခွင့်အရေးနဲ့ ပြည်သူတွေရဲ့ အခြေခံလွတ်လပ်ခွင့်တွေကို အပြည့်အဝ လေးစား အသိအမှတ်ပြုဖို့၊ တရားဥပဒေ စိုးမိုးရေးရှိအောင် လုပ်ဖို့ စတာတွေကိုလည်း လုံခြုံရေးကောင်စီက ထပ်မံတိုက်တွန်းထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့က ၅၀၅ (ခ) ဆူပူလှုံ့ဆော်ပုဒ်မ၊ သဘာဝဘေးအန္တရာယ် ပုဒ်မတွေနဲ့ ထောင်ဒဏ် ၄ နှစ်စီ ချမှတ်ခဲ့ပြီးနောက် ၂ နှစ် ပြန်လည်လျှော့ပေါ့ပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------

(Unicode)







XS
SM
MD
LG