သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ဦးညီပုနဲ႔ ဝန္ႀကီးဦးမင္းေအာင္တို႔ကို မဲမသမာမႈနဲ႔ ျပစ္ဒဏ္ခ်



[[Zawgyi/Unicode]]

ေ႐ြးေကာက္ပြဲမွာ မဲမသာမႈေတြလုပ္တယ္ဆိုၿပီး တရားစြဲခံထားရတဲ့ NLD အစိုးရလက္ထက္က ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပုနဲ႔ စည္ပင္ဝန္ႀကီး ဦးမင္းေအာင္တို႔ကို စစ္ေတြေထာင္တြင္း အထူးတရား႐ုံးကေန ဒီေန႔ ဧၿပီလ ၆ ရက္ေန႔မွာ ျပစ္ဒဏ္ခ်ခဲ့ပါတယ္။ ေထာင္ဒဏ္ ၄ လ ဒါမွမဟုတ္ ေငြဒဏ္ ၅ ေသာင္းေပးေဆာင္ရမယ္ဆိုတဲ့အတြက္ ေငြဒဏ္ေပးေဆာင္ခဲ့တယ္လို႔ ဦးညီပုရဲ႕ ေရွ႕ေနက ေျပာပါတယ္။ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ပိုင္း ဦးညီပုကို အဂတိလိုက္စားမႈ ၊ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္လုပ္ေဆာင္မႈေတြနဲ႔လည္း ေထာင္ဒဏ္ ၁၁ ႏွစ္ ခ်မွတ္ထားပါတယ္။ ဒီအေၾကာင္း အျပည့္အစုံကိုေတာ့ ရန္ကုန္က လာတဲ့ သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း နွစ္ရွည္ေထာင္ခ်ခံထားရတဲ့ NLD အစိုးရလက္ထက္က ရခိုင္ျပည္နယ္ဝန္ႀကီး ခ်ဳပ္ေဟာင္းဦးညီပုနဲ႔ ဝန္ႀကီးေဟာင္း ဦးမင္းေအာင္တို႔ကို ေရြးေကာက္ပြဲမွာ မဲမသမာမႈလုပ္ခဲ့တယ္ဆိုၿပီး ရာဇသတ္ႀကီး ဥပေဒပုဒ္ မ ၁၃၀ (က) နဲ႔ ျပည္နယ္ေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႔ခြဲ ဒုတိယဥကၠ႒ ဦးသူရိန္ထြဋ္က တရားလိုလုပ္ၿပီး တရားစြဲဆိုခဲ့ပါတယ္။ ဒါ့အျပင္ ရခိုင္ျပည္နယ္ စည္ပင္ဝန္ႀကီးေဟာင္းဦးမင္းေအာင္ကိုလည္း ဦးညီပုရဲ႕ ေရြးေကာက္ပြဲဆိုင္ရာ ဥပေဒ ေဖာက္ဖ်က္မႈကို အားေပးကူညီခဲ့တယ္ဆုိၿပီးေတာ့ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၁၀၉ နဲ႔ ထပ္တိုး တရားစြဲဆိုခဲ့ပါတယ္။

ဒီကေန႔မွာေတာ့ ဦးညီပုနဲ႔ ဦးမင္းေအာင္တို႔ကို စစ္ေတြ ေတာင္တြင္းအထူးတရားရံုးကေန ေထာင္ဒဏ္ ၄ လ ဒါမွမဟုတ္ ေငြဒဏ္ က်ပ္ ၅ ေသာင္းစီ က်ခံေစဖို႔ အမိန္႔ ခ်ခဲ့တယ္လို႔ ဦးညီပုအမႈကို လုိက္ပါေဆာင္ရြက္ေနတဲ့ ေရွ႕ေနက ေျပာပါတယ္။ ဦးညီပုနဲ႔ဦးမင္းေအာင္တို႔က ေထာင္ဒဏ္ ၄ လစီ က်ခံဖို႔ ေရြးခ်ယ္ခဲ့ေပမယ့္ အမ်ိဳးသား ဒီမုိကေရစီအဖြဲ႔ခ်ဳပ္ (NLD) ပါတီက ဒဏ္ေငြ ငါးေသာင္းစီ လာေရာက္ေပး ေဆာင္ခဲ့တာေၾကာင့္ ေထာင္ဒဏ္ ၄ လ က်ခံဖို႔ မလိုေတာ့ေၾကာင္း ဦးညီပုအမႈကို လိုက္ပါေဆာင္ရြက္ေနတဲ့ သဇင္ဥပေဒဆိုင္ရာအဖြဲ႔အစည္းက အထက္တန္းေရွ႕ေန ဦးေက်ာ္စိုးလင္းက ခုလို႐ွင္းျပပါတယ္။

“ဒီေန႔အမိန္႔ခ်တာေပါ့ေနာ္၊ ေထာင္ဒဏ္ ေလးလပါ။ ေငြဒဏ္က ငါးေသာင္းေပါ့၊ ေငြဒဏ္ ငါးေသာင္းမေဆာင္ရင္ ေထာင္ဒဏ္ေလးလ က်ခံရမယ္ဆိုၿပီးေတာ့ အမိန္႔ ခ်တာပါခင္မ်ာ။ အခုကေတာ့ ေငြဒဏ္ေဆာင္လိုက္ၿပီေပါ့ေနာ္။ ပါတီကတေယာက္ လာၿပီးေတာ့ ေငြဒဏ္ ေဆာင္လိုက္တယ္လို႔ ေျပာတယ္။ ေထာင္ဒဏ္လည္း မရွိေတာ့ပါ ဘူးခင္ဗ်ာ။ ဟုတ္။”

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ဖမ္းဆီးခံထားရတဲ့ ဝန္ႀကီးခ်ဳပ္ ဦးညီပုအပါအဝင္ ရခိုင္ျပည္နယ္ NLD အစိုးရ ဝန္ႀကီးေဟာင္း ၅ ဦးတို႔ကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မေတြနဲ႔ ၂၀၂၂ ခုနွစ္ ဇန္နဝါရီလ ၁၉ ရက္ေန႔ကပဲ ရခိုင္ျပည္နယ္တရားရံုးက နွစ္ရွည္ေထာင္ဒဏ္ အသီးသီး ခ်မွတ္ခဲ့ပါတယ္။

ဦးညီပုအပါအဝင္ ဘ႑ာ အခြန္၊ စီမံကိန္းနဲ႔ စီးပြားေရးဝန္ႀကီးေဟာင္း ဦးေက်ာ္ေအးသိန္းနဲ႔ လွ်ပ္စစ္၊ စက္မွုနဲ႔ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီးေဟာင္း ဦး ေအာင္ေက်ာ္ဇံတို႔ကို အဂတိလိုက္စားမႈေတြနဲ႔ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ၉ နွစ္စီ ခ်မွတ္ခဲ့ပါတယ္။ စည္ပင္သာယာေရးဝန္ႀကီးေဟာင္း ဦးမင္းေအာင္ကိုေတာ့ ေထာင္ဒဏ္ ၇ နွစ္၊ စိုက္ပ်ိဳးေရးေမြးျမဴေရး၊ သစ္ေတာနဲ႔ သတၱဳတြင္း ဝန္ႀကီးေဟာင္း ဦးေက်ာ္လြင္ကို ေထာင္ဒဏ္ ၃နွစ္စီ ခ်မွတ္ခဲ့ထားပါတယ္။

ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္းဦးညီပုကေတာ့ ေထာင္ဒဏ္ ၉ နွစ္အျပင္ အမ်ားျပည္ သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္လုပ္ေဆာင္မႈ ပုဒ္မ ၅၀၅-ခ နဲ႔ ေထာင္ ၂ ႏွစ္ ခ်ထားပါေသးတယ္။

စည္ပင္သာယာေရး ဝန္ႀကီးေဟာင္း ဦးမင္းေအာင္ဟာလည္း အာဏာသိမ္းမႈ ဆန႔္က်င္ဆႏၵျပပြဲေတြကို ဦးေဆာင္မႈနဲ႔ ၿငိမ္းစုစီပုဒ္မ ၁၉၊ သဘာဝေဘး အႏၲရာယ္ ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒ ပုဒ္မ ၂၅ တို႔နဲ႔ ေထာင္ဒဏ္ ၂ ႏွစ္နဲ႔ ၂ လ ခ်မွတ္ခံထားရပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနဲ့ ဝန်ကြီးဦးမင်းအောင်တို့ကို မဲမသမာမှုစွဲချက်နဲ့ ပြစ်ဒဏ်ချ

ရွေးကောက်ပွဲမှာ မဲမသာမှုတွေလုပ်တယ်ဆိုပြီး တရားစွဲခံထားရတဲ့ NLD အစိုးရလက်ထက်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ စည်ပင်ဝန်ကြီး ဦးမင်းအောင်တို့ကို စစ်တွေထောင်တွင်း အထူးတရားရုံးကနေ ဒီနေ့ ဧပြီလ ၆ ရက်နေ့မှာ ပြစ်ဒဏ်ချခဲ့ပါတယ်။ ထောင်ဒဏ် ၄ လ ဒါမှမဟုတ် ငွေဒဏ် ၅ သောင်းပေးဆောင်ရမယ်ဆိုတဲ့အတွက် ငွေဒဏ်ပေးဆောင်ခဲ့တယ်လို့ ဦးညီပုရဲ့ ရှေ့နေက ပြောပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ဦးညီပုကို အဂတိလိုက်စားမှု ၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လုပ်ဆောင်မှုတွေနဲ့လည်း ထောင်ဒဏ် ၁၁ နှစ် ချမှတ်ထားပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ရန်ကုန်က လာတဲ့ သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နှစ်ရှည်ထောင်ချခံထားရတဲ့ NLD အစိုးရလက်ထက်က ရခိုင်ပြည်နယ်ဝန်ကြီး ချုပ်ဟောင်းဦးညီပုနဲ့ ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ကို ရွေးကောက်ပွဲမှာ မဲမသမာမှုလုပ်ခဲ့တယ်ဆိုပြီး ရာဇသတ်ကြီး ဥပဒေပုဒ် မ ၁၃၀ (က) နဲ့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဒုတိယဥက္ကဋ္ဌ ဦးသူရိန်ထွဋ်က တရားလိုလုပ်ပြီး တရားစွဲဆိုခဲ့ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီးဟောင်းဦးမင်းအောင်ကိုလည်း ဦးညီပုရဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ဖောက်ဖျက်မှုကို အားပေးကူညီခဲ့တယ်ဆိုပြီးတော့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၀၉ နဲ့ ထပ်တိုး တရားစွဲဆိုခဲ့ပါတယ်။

ဒီကနေ့မှာတော့ ဦးညီပုနဲ့ ဦးမင်းအောင်တို့ကို စစ်တွေ တောင်တွင်းအထူးတရားရုံးကနေ ထောင်ဒဏ် ၄ လ ဒါမှမဟုတ် ငွေဒဏ် ကျပ် ၅ သောင်းစီ ကျခံစေဖို့ အမိန့် ချခဲ့တယ်လို့ ဦးညီပုအမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေက ပြောပါတယ်။ ဦးညီပုနဲ့ဦးမင်းအောင်တို့က ထောင်ဒဏ် ၄ လစီ ကျခံဖို့ ရွေးချယ်ခဲ့ပေမယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဒဏ်ငွေ ငါးသောင်းစီ လာရောက်ပေး ဆောင်ခဲ့တာကြောင့် ထောင်ဒဏ် ၄ လ ကျခံဖို့ မလိုတော့ကြောင်း ဦးညီပုအမှုကို လိုက်ပါဆောင်ရွက်နေတဲ့ သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်းက အထက်တန်းရှေ့နေ ဦးကျော်စိုးလင်းက ခုလိုရှင်းပြပါတယ်။

“ဒီနေ့အမိန့်ချတာပေါ့နော်၊ ထောင်ဒဏ် လေးလပါ။ ငွေဒဏ်က ငါးသောင်းပေါ့၊ ငွေဒဏ် ငါးသောင်းမဆောင်ရင် ထောင်ဒဏ်လေးလ ကျခံရမယ်ဆိုပြီးတော့ အမိန့် ချတာပါခင်မျာ။ အခုကတော့ ငွေဒဏ်ဆောင်လိုက်ပြီပေါ့နော်။ ပါတီကတယောက် လာပြီးတော့ ငွေဒဏ် ဆောင်လိုက်တယ်လို့ ပြောတယ်။ ထောင်ဒဏ်လည်း မရှိတော့ပါ ဘူးခင်ဗျာ။ ဟုတ်။”

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ ဝန်ကြီးချုပ် ဦးညီပုအပါအဝင် ရခိုင်ပြည်နယ် NLD အစိုးရ ဝန်ကြီးဟောင်း ၅ ဦးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ကပဲ ရခိုင်ပြည်နယ်တရားရုံးက နှစ်ရှည်ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့ပါတယ်။

ဦးညီပုအပါအဝင် ဘဏ္ဍာ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနဲ့ လျှပ်စစ်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦး အောင်ကျော်ဇံတို့ကို အဂတိလိုက်စားမှုတွေနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၉ နှစ်စီ ချမှတ်ခဲ့ပါတယ်။ စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်ကိုတော့ ထောင်ဒဏ် ၇ နှစ်၊ စိုက်ပျိုးရေးမွေးမြူရေး၊ သစ်တောနဲ့ သတ္တုတွင်း ဝန်ကြီးဟောင်း ဦးကျော်လွင်ကို ထောင်ဒဏ် ၃နှစ်စီ ချမှတ်ခဲ့ထားပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပုကတော့ ထောင်ဒဏ် ၉ နှစ်အပြင် အများပြည် သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လုပ်ဆောင်မှု ပုဒ်မ ၅၀၅-ခ နဲ့ ထောင် ၂ နှစ် ချထားပါသေးတယ်။

စည်ပင်သာယာရေး ဝန်ကြီးဟောင်း ဦးမင်းအောင်ဟာလည်း အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတွေကို ဦးဆောင်မှုနဲ့ ငြိမ်းစုစီပုဒ်မ ၁၉၊ သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ တို့နဲ့ ထောင်ဒဏ် ၂ နှစ်နဲ့ ၂ လ ချမှတ်ခံထားရပါတယ်။

=============

XS
SM
MD
LG