သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက္ကဆီကို ပင်လယ်ကွေ့ကို အမေရိကန် ပင်လယ်ကွေ့ အဖြစ် Google မြေပုံမှာ ပြောင်းလဲမည်


မက္ကဆီကို ပင်လယ်ကွေ့
မက္ကဆီကို ပင်လယ်ကွေ့

အမေရိကန် နိုင်ငံရဲ့ ပထဝီဝင် အနေအထား ဆိုင်ရာ အမည်ပေး စနစ်မှာ မက္ကဆီကို ပင်လယ်ကွေ့ကို အမေရိကန် ပင်လယ်ကွေ့ အဖြစ် Google မြေပုံမှာ ပြောင်းလဲတော့မှာ ဖြစ်ကြောင်း X လူမှုကွန်ရက်မှာ တနင်္လာနေ့မှာ Google က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ အမေရိကန်က Google သုံးစွဲသူတွေ အတွက် အမေရိကန် ပင်လယ်ကွေ့ အဖြစ် တွေ့ရမှာ ဖြစ်ပေမဲ့ မက္ကဆီကို ဘက်မှာတော့ မက္ကဆီကို ပင်လယ်ကွေ့ အဖြစ်သာ ထားရှိမှာ ဖြစ်ပါတယ်။

ဒီ နှစ်နိုင်ငံ ကလွဲလို့ တခြားနိုင်ငံတွေမှာ ဖော်ပြမယ့် Google မြေပုံတွေမှာတော့ နာမည် ၂ မျိုးလုံးကို တွေ့ရမှာ ဖြစ်ပါတယ်။ အမေရိကန် သမ္မတ Donald Trump က သူ့ရဲ့ သမ္မတ တာဝန်ယူတဲ့ ပထမ သီတင်းပတ်မှာ ထုတ်ပြန်တဲ့ သမ္မတ အမိန့်ကြေညာချက်တွေထဲမှာ အခုလို အမည်ပြောင်းဖို့ အမိန့်ကိုပါ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Trump အစိုးရ အဖွဲ့ရဲ့ ပြည်ထဲရေး ဝန်ကြီးဌာနကတော့ သောကြာနေ့မှာစပြီး မက္ကဆီကို ပင်လယ်ကွေ့ကို အမေရိကန် ပင်လယ်ကွေ့ အဖြစ် ပြောင်းလဲ သုံးစွဲခဲ့ပါတယ်။ ဒါပေမဲ့ ကမ်းရိုးတန်း ဒေသခံတွေကတော့ အခုလို အမည်ပြောင်းတာကို လက်မခံကြပါဘူး။ အမည်ပြောင်းဖို့ မလိုဘူးလို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG