သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဘိုင်ဒင် နဲ့ သမ္မတဟောင်းထရမ့် မက္ကစီကိုနယ်စပ် သွားရောက်မည်


အမေရိကန်-မက္ကဆီကို နယ်စပ်မှာ တရားမဝင် နိုင်ငံကူးဖို့ကြိုးစားသူတွေပိုများလာ (ဒီဇင်ဘာ ၂၀၂၃)
အမေရိကန်-မက္ကဆီကို နယ်စပ်မှာ တရားမဝင် နိုင်ငံကူးဖို့ကြိုးစားသူတွေပိုများလာ (ဒီဇင်ဘာ ၂၀၂၃)

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ ၂ ယောက်လုံး မက္ကဆီကိုနိုင်ငံနဲ့နယ်စပ်ဖြစ်တဲ့ Texas ပြည်နယ်ကို ဒီနေ့ကြာသပတေးနေ့မှာ သွားကြဖို့ရှိနေပါတယ်။ မက္ကဆီကို နယ်စပ်ကနေ အမေရိကန်ထဲ တရားမဝင် ဝင်လာနေသူတွေကို တားဆီးရေးကိစ္စက နိုဝင်ဘာကျင်းပမယ့် သမ္မတရွေးကောက်ပွဲအတွက် အဓိကအရေးကြီးတဲ့ ကိစ္စတခုဖြစ်တာကြောင့် သမ္မတဝင်အရွေးခံကြမယ့် သူတို့ ၂ ယောက် နယ်စပ်ဒေသကို သွားကြမှာပါ။

အခုနှစ်ပိုင်းတွေအတွင်း တရားမဝင် ဝင်လာသူတွေ သိသိသာသာ နည်းသွားတဲ့ Brownsville မြို့ကို သမ္မတ ဘိုင်ဒင် သွားမှာဖြစ်ပါတယ်။ အဲဒီက အခြေအနေကို အမေရိကန် အကောက်ခွန်၊ နယ်စပ်လုံခြုံရေး၊ လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူတွေရဲ့ တင်ပြချက်တွေကို သမ္မတဘိုင်ဒင် နားထောင်မှာဖြစ်ပြီး မိန့်ခွန်းပြောကြားဖို့ရှိတယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ထားပါတယ်။

Republican ပါတီရဲ့ သမ္မတလောင်းဖြစ်ဖို့ သေချာသလောက်ရှိနတဲ့ ထရမ့် ကတော့ မကြာခင်လပိုင်းတွေကစ တရားမဝင် ဝင်ရောက်သူတွေအများဆုံးဖြစ်တဲ့ နေရာတခုဖြစ်တဲ့ Eagle Pass မြို့ကို သွားရောက်မှာဖြစ်ပါတယ်။ ထရမ့် သမ္မတတာဝန်ထမ်းဆောင်ခဲ့စဉ်တုန်းက အမေရိကန်နဲ့ Mexico နယ်စပ်ကို တံတိုင်းကာဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ ရွေးကောက်ပွဲလုပ်မယ့်နှစ်မှာ အမေရိကန်နယ်စပ်တွေ ပိုမိုလုံခြုံစေအောင် အသုံးစရိတ်ပိုသုံးစွဲမယ့် ဥပဒေကြမ်းတွေကို အတည်ပြုနိုင်ရေး အောက်လွှတ်တော် Republican အမတ်တွေက စည်းရုံးစွဲဆောင်နေကြပါတယ်။ ဘိုင်ဒင် အစိုးရကတော့ ယူကရိန်းနဲ့ အစ္စရေးအတွက် စစ်ရေးအကူအညီပေးရေးပါ ပါဝင်တဲ့ လုံခြုံရေးအသုံးစရိတ်ကို လွှတ်တော်က အတည်ပြုပေးဖို့ တိုက်တွန်းနေပါတယ်။

သမ္မတဘိုင်ဒင် နဲ့ သမ္မတဟောင်းထရမ့် မက္ကစီကိုနယ်စပ် သွားရောက်မည်
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG