သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Michigan ပြည်နယ် ပါတီတွင်း သမ္မတလောင်းရွေးပွဲ သမ္မတ Biden နဲ့ Donald Trump တို့ အနိုင်ရ


Michigan ပြည်နယ် ပါတီတွင်း သမ္မတလောင်းရွေးပွဲမဲပေးနေကြစဉ် (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၄)
Michigan ပြည်နယ် ပါတီတွင်း သမ္မတလောင်းရွေးပွဲမဲပေးနေကြစဉ် (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၄)

အမေရိကန်ပြည်ထောင်စု Michigan ပြည်နယ်မှာ မနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ကျင်းပတဲ့ ပါတီတွင်း သမ္မတ‌လောင်း ရွေးပွဲတွေမှာ ဒီမိုကရက်ပါတီက သမ္မတ Joe Biden အနိုင်ရပြီး ရီပတ်ဘလစ်ကန် ပါတီက သမ္မတဟောင်း Donald Trump အနိုင်ရသွားပါတယ်။

သူတို့ နှစ်ယောက်စလုံး အနိုင်ရမယ်ဆိုတာကို အများက မျှော်လင့်ပြီးသား ဖြစ်ပေမဲ့လည်း ရွေးကောက်ပွဲအတွက် အဓိက ကျတဲ့ ပြည်နယ်ကြီး တခု ဖြစ်တာကြောင့် အနိုင်ရတဲ့ ပမာဏနဲ့ လူထုထောက်ခံမှုအရှိန် ဘယ်လောက်ရှိသလဲဆိုတာကို လေ့လာသူတွေ အနီးကပ် စောင့်ကြည့်နေကြပါတယ်။ ၂၀၂၀ ပြည့်နှစ်က သမ္မတရွေးကောက်ပွဲမှာ သမ္မတ Biden အနိုင်ရခဲ့တဲ့ Michigan ပြည်နယ်မှာ ဒီတကြိမ်လည်း Trump နဲ့ ပြန်လည် ပြန်ယှဉ်ပြိုင်ရနိုင်ခြေ ရှိနေပါတယ်။

ဒီမိုကရက်ပါတီတွင်း ရွေးကောက်ပွဲ မဲအားလုံးရဲ့ သုံးပုံနှစ်ပုံ ရေတွက်ပြီးချိန်မှာ သမ္မတ Biden က ၈၁ ရာခိုင်နှုန်း အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့လည်း မဲအားလုံးရဲ့ ၁၃ ရာခိုင်နှုန်းကတော့ သမ္မတ Biden ကို မဲပေးမယ့်အစား "ဘယ်သူ့ကိုမှ ထောက်ခံမဲ မပေးဘူး" ဆိုတဲ့မဲကို ရွေးချယ် ပေးခဲ့ကြပါတယ်။အာရပ်နွယ်ဖွား အများအပြား‌နေထိုင်တဲ့ Michigan ပြည်နယ်မှာ အစ္စရေးနဲ့ ဟာမတ်စ်တို့ရဲ့ ဂါဇာပဋိပက္ခအတွင်း သမ္မတ Biden က အစ္စရေးကို ထောက်ခံတဲ့ မူဝါဒကို ကန့်ကွက်တဲ့အနေနဲ့ ဒီမိုကရက်ပါတီဝင်တချို့က "ဘယ်သူ့ကိုမှ မဲမပေးဘူး" ဆိုတဲ့ မဲပြားတွေကို ထားခဲ့ကြပါတယ်။

သမ္မတဟောင်း Donald Trump အတွက်တော့ ရီပတ်ဘလစ်ကန် ပါတီတွင်း သမ္မတလောင်း ပဏာမ ရွေးပွဲတွေမှာ ခြောက်ကြိမ်မြောက် ဆက်တိုက် အနိုင်ရထားပါတယ်။

Michigan ပြည်နယ် ပါတီတွင်း သမ္မတလောင်းရွေးပွဲ သမ္မတ Biden နဲ့ Donald Trump တို့ အနိုင်ရ
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG