သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“မြန်မာ့အရေး အာရုံစိုက်တွန်းအားပေးဖို့ Burma Caucus ဖွဲ့စည်း” Bill Huizenga 


“မြန်မာ့အရေး အာရုံစိုက်တွန်းအားပေးဖို့ Burma Caucus ဖွဲ့စည်း” Bill Huizenga
please wait

No media source currently available

0:00 0:05:41 0:00

“မြန်မာ့အရေး အာရုံစိုက်တွန်းအားပေးဖို့ Burma Caucus ဖွဲ့စည်း” Bill Huizenga

မြန်မာလူထုရဲ့အသံကို နားထောင်ဖို့ရော မြန်မာအရေးနဲ့ပတ်သက်လို့ အမေရိကန်လွှတ်တော်အတွင်း အာရုံစိုက်တွန်းအားပေးဆောင်ရွက်နိုင်ဖို့ပါ ရည်ရွယ်ပြီး Burma Caucus မြန်မာ့အရေးအဖွဲ့ကို ဖွဲ့စည်းခဲ့တာဖြစ်ကြောင်း Burma Caucus ရဲ့ပူးတွဲဥက္ကဋ္ဌ၊ ရီပတ်ဘလစ်ကန်အောက်လွှတ်တော်အမတ် Bill Huizenga က ဗွီအိုအေကို ပြောပါတယ်။ မအိသန့်စင် ဆက်သွယ်မေးမြန်းတင်ဆက်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ ပြင်ပ၊ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေထိုင်နေတဲ့ မြန်မာပြည်သူတွေရဲ့ အရေးပါတဲ့အသံတွေကိုကြားနိုင်မယ့် လမ်းကြောင်းတခု ဖန်တီးပေးချင်တာကြောင့်နဲ့ မြန်မာ့အရေးကိုချည်း အာရုံစိုက်တွန်းအားပေးလုပ်ဆောင်မယ့်အဖွဲ့ရယ်ဆိုပြီး ဖွဲ့ထားတာမရှိသေးတာကြောင့် Burma Caucus မြန်မာ့ရေးရာအဖွဲ့ ဖွဲ့ဖြစ်တာဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု Michigan ပြည်နယ်နေ မြန်မာအသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ Burma Caucus အဖွဲ့ ပူးတွဲဥက္ကဋ္ဌ Michigan ပြည်နယ်ဆိုင်ရာ ရီပတ်ဘလစ်ကန်အမတ် Bill Huizenga က VOA ကိုပြောပါတယ်။

“ဟုတ်ကဲ့။ ဒီမိုကရက်ပါတီက လွှတ်တော်အမတ် Betty McCollum နဲ့အတူ အဖွဲ့ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူရတာ ဝမ်းသာပါတယ်။ နိုင်ငံခြားရေးရာကော်မတီမှာ ကျနော်ပါဝင်ခဲ့ရာကနေ မြန်မာ့အရေးမှာ စပါဝင်ဖြစ်တာပါ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာလည်း ကျနော့်ပြည်နယ်ထဲမှာ အသစ်လာနေထိုင်သူတွေနဲ့ ရင်းနှီးလာခဲ့ပြီး ကျနော့်နယ်ဖြစ်တဲ့ Michigan ပြည်နယ်၊ Battle Creek နဲ့ Kalamazoo အရပ်တွေမှာ မြန်မာအသိုင်းအဝိုင်း တော်တော်များတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံကနေ သူတို့ ထွက်ပြေးလာရပုံအကြောင်းနဲ့ မြန်မာနိုင်ငံထဲမှာ ကျန်ခဲ့တဲ့ သူတို့ရဲ့ မိသားစုတွေ၊ ဆွေမျိုးတွေအကြောင်းကို ကျနော် သိလာခဲ့တဲ့နောက် ကူညီဖို့ တခုခု လုပ်ဆောင်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ စဥ်းစားရှာဖွေကြည့်တဲ့အခါ မြန်မာ့အရေးဆိုပြီး သီးသန့် တွန်းအားပေးလုပ်ဆောင်တဲ့ လွှတ်တော်တွင်းမှာ အဖွဲ့ ဖွဲ့ထားတာမရှိသေးတာကို သိရပါတယ်။ ဆိုလိုတာက လူအစုအဖွဲ့တခုက တစုတစည်းတည်း ပူးပေါင်းပြီး မြန်မာနိုင်ငံ ဒေသတွင်းမှာ ဖြစ်ပျက်နေတာတွေကို တင်ပြပြောဆိုတာတွေ မရှိသေးပါဘူး။ အဲဒီကနေ စတာပါ။ မြန်မာနိုင်ငံရဲ့ ပြင်ပ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေထိုင်နေတဲ့ မြန်မာပြည်သူတွေရဲ့ အရေးပါတဲ့ အသံတွေကို ကြားနိုင်မယ့် လမ်းကြောင်းတခု ဖန်တီးပေးချင်တာပါ။”

မြန်မာ့အရေး အမေရိကန်အစိုးရအဖွဲ့တွင်းမှာ တွန်းအားပေးလုပ်ဆောင်နိုင်ဖို့ အမေရိကန်လွှတ်တော်တွင်း ပါတီနှစ်ရပ်လုံးက ကိုယ်စားလှယ်တွေ ပူးပေါင်းလုပ်ဆောင်တဲ့ Burma Caucus အထူးအဖွဲ့ကို ၂၀၂၄ ဖေဖော်ဝါရီလတရက်နေ့ အာဏာသိမ်းတဲ့ ၃ နှစ်ပြည့်နှစ်ပတ်လည်နေ့မှာ ဖွဲ့စည်းလိုက်ပြီးတဲ့နောက် နောက်တဆင့် ဆက်လက်လုပ်ဆောင်သွားမယ့် အစီအစဉ်တွေကိုလည်း အမတ် Bill Huizenga က VOA ကို အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံတွင်း မြေပြင်မှာ လက်တွေ့ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို ကျနော့်ရဲ့ လုပ်ဖော်ကိုင်ဘက် အမေရိကန်အောက်လွှတ်တော်ကိုယ်စားလှယ်တွေ သိနားလည်စေဖို့ အဓိက လုပ်ဆောင်သွားပါမယ်။ အားလုံးသိတဲ့အတိုင်းပဲ မြန်မာစစ်တပ်က ကျေးရွာတွေနဲ့ မြို့တွေအပေါ် လေကြောင်းကနေ အင်မတန်ဆိုးဆိုးရွားရွားကို ဗုံးကြဲတိုက်ခိုက်နေပြီး ကိုယ့်ပြည်သူတွေကိုယ် ဖိနှိပ်နေဆဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရပ်တွေအကြောင်းကို အထက်နဲ့အောက် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဝန်ထမ်းတွေ သိနားလည်စေဖို့၊ ဆွေးနွေးပြောဆိုတာတွေလုပ်ဖို့ နိုင်ငံခြားရေးရာကော်မတီဝင်ဖြစ်တဲ့ ကျနော့်ရာထူးကနေ သေချာ ကြပ်မတ်သွားမှာပါ။ အမေရိကန်အစိုးရနိုင်ငံခြားရေးဌာန၊ ဘဏ္ဍာရေးဌာနတို့နဲ့ပါ ပုံမှန်တွေ့ဆုံအသိပေးပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်တာမျိုးတွေကို ဆွေးနွေးသွားမှာပါ။ ဒီကိစ္စတွေနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲတွေလည်း ကျင်းပသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာရှိနေတဲ့ မြန်မာပြည်သူတွေနဲ့ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့နေထိုင်လာတဲ့ မြန်မာပြည်သူတွေရဲ့ အသံတွေကို ကြားသိနိုင်အောင်နဲ့ လွှတ်တော်တွင်း ဥပဒေ မူတွေ ချမှတ်နိုင်အောင်လည်း ကြိုးစားလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ”

Michigan ပြည်နယ်ဆိုင်ရာ ရီပတ်ဘလစ်ကန်အမတ် Bill Huizenga နဲ့အတူ Minnesota ပြည်နယ်ဆိုင်ရာ ဒီမိုကရက်အမတ် Betty McCollum တို့က Burma Caucus အဖွဲ့ရဲ့ပူးတွဲဥက္ကဋ္ဌတွေအဖြစ် တာဝန်ယူတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရပိုင်ခွင့်တွေအတွက် တိုက်ပွဲဝင်နေတာတွေကို အမေရိကန်လွှတ်တော်မှာ တွန်းအားပေးလုပ်ဆောင်သွားဖို့ ရည်ရွယ်ကြောင်း ဖေဖော်ဝါရီလ ၁ ရက်နေ့တုန်းက ထုတ်ပြန်တဲ့ လွှတ်တော်အမတ်နှစ်ဦးရဲ့ ပူးတွဲသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“မြန်မာ့အရေး အာရုံစိုက်တွန်းအားပေးဖို့ Burma Caucus ဖွဲ့စည်း” Bill Huizenga
please wait

No media source currently available

0:00 0:03:29 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG