သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လွှတ်တော်နဲ့ပိုထိစပ်နိုင်ဖို့ မြန်မာ့အရေးအဖွဲ့တွေမျှော်လင့်


ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် Los Angeles Myanmar Movement (LA2M) မြန်မာ့အရေးလှုပ်ရှားတဲ့အဖွဲ့ တာဝန်ခံ ဦးဂျိမ်းရွှေ (Zoom Screenshot/ဖေဖေါ်ဝါရီ ၁၊ ၂၀၂၄)
ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် Los Angeles Myanmar Movement (LA2M) မြန်မာ့အရေးလှုပ်ရှားတဲ့အဖွဲ့ တာဝန်ခံ ဦးဂျိမ်းရွှေ (Zoom Screenshot/ဖေဖေါ်ဝါရီ ၁၊ ၂၀၂၄)

အမေရိကန်လွှတ်တော်မှာ မြန်မာ့အရေးကို အာရုံစိုက်လုပ်ဆောင်မယ့် Burma Caucus အဖွဲ့ပေါ်လာတာကြောင့် လွှတ်တော်အမတ်တွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံတိုက်တွန်းနိုင်လိမ့်မယ်လို့ မြန်မာ့အရေး လှုပ်ရှားတဲ့အဖွဲ့တွေက မျှော်လင့်နေပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် Los Angeles Myanmar Movement (LA2M) မြန်မာ့အရေးလှုပ်ရှားတဲ့အဖွဲ့ တာဝန်ခံ ဦးဂျိမ်းရွှေကို ကိုဉာဏ်ဝင်းအောင်က Zoom ကတဆင့် ဆက်သွယ်မေးမြန်းထားပါတယ်။

ဉာဏ်ဝင်းအောင်။ ။ Burma Caucus ဆိုပြီးတော့ မြန်မာ့အရေးကို အာရုံစိုက်လုပ်ဆောင်မယ့် ကော်မတီတရပ်ပေါ်လာပြီဖြစ်ပါတယ်။ အဲဒီတော့ ဒီကော်မတီက မြန်မာ့အရေးကို ဘယ်လောက်အထိ ထိထိရောက်ရောက်နဲ့ လုပ်သွားနိုင်မယ်လို့ ထင်မိပါသလဲ။

ဦးဂျိမ်းရွှေ။ ။ ဒီ Burma Act ဥပဒေကို လွှတ်တော်က အတည်ပြုပြီးသား-နော်။ လွှတ်တော်က ဝန်ကြီးများအဖွဲ့ကို လုပ်ခွင့်ပေးထားပြီ။ အေးနေတာက ဝန်ကြီးများအဖွဲ့က အေးနေတာ။ အဲဒီတော့ လွှတ်တော်က ကျနော်တို့လို မဲပေးတဲ့နိုင်ငံသားတွေအတွက် ကျနော်တို့က ထိတွေ့ဆက်သွယ် တောင်းဆိုလို့ အဆင်ပြေတယ်ဗျာ။ ဝန်ကြီးများအဖွဲ့ကကျတော့ အစိုးရအချင်းချင်းလုပ်ကိုင်တာ အဆင်ပြေတယ်။ အဲဒီတော့ Burma Caucus ကို လွှတ်တော်မှာဖွဲ့ခြင်းက ဗမာပြည်အတွက်ကို နည်းနည်းသိပြီးတော့ နားလည်ပြီးတော့ လုပ်ပေးမယ့်သူတွေ အဖွဲ့ဖွဲ့ထားတာပဲ။ သူတို့ကို ကျနော်တို့က တိုက်ရိုက်တောင်းဆိုနိုင်တယ်ဆိုလို့ရှိရင် သူတို့က ဝန်ကြီးများအဖွဲ့ကို ဖိအားပေးနိုင်တာပေါ့ဗျာ။ သူတို့က အမှန်ဆိုလို့ရှိရင် ဝန်ကြီးများအဖွဲ့က သူတို့ကို ..... report တွေ ဘာတွေ ပေးရမှာ။ အခုထက်ထိ သိပ်ပြီးတော့ မဖြစ်သေးဘူးဗျ။

ဉာဏ်ဝင်းအောင်။ ။ ဆိုတော့ - အရင်တုန်းက NDAA ဆိုတဲ့ အမေရိကန်အမျိုးသားလုံခြုံရေး ဘတ်ဂျက်အသုံးစရိတ်အောက်မှာ Burma Act ဆိုတဲ့ဟာကို ထည့်သွင်းထားတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ထိထိရောက်ရောက် အကောင်အထည်ဖော်လာတာမျိုး မတွေ့ရသေးပါဘူး။ ဒီတခေါက်မှာကျတော့ Burma Caucus အနေနဲ့ မြန်မာ့အရေးကို အကောင်အထည်ဖော်တဲ့အခါမှာ မြန်မာ့အရေး လှုပ်ရှားတဲ့အဖွဲ့အစည်းတွေနဲ့ ဘယ်လောက် လက်တွဲဆောင်ရွက် လာနိုင်ခြေရှိပါသလဲ။

ဦးဂျိမ်းရွှေ။ ။ ဟုတ်ကဲ့၊ ဒါကတော့ နှစ်ပိုင်းဖြေရမယ်ဗျနော်။ ပထမတပိုင်းက NDAA ထဲမှာ Burma Act ကို ထည့်လိုက်ပေမဲ့ ဘာကြောင့် ထိရောက်မှုမရှိလဲဆိုတော့ NDAA နဲ့ ဒီက appropriation ခေါ်တဲ့ ဘတ်ဂျက်ချပေးတဲ့ဥပဒေနဲ့က တချိန်တည်းမှာထွက်လာတာ။ ထွက်လာပြီးတော့ သူတို့ ဥပဒေနှစ်ခုကို ညှိစရာ အချိန်မရှိဘူး။ မရှိတော့ Burma Act က လုပ်ပိုင်ခွင့်ပဲ ရှိတယ်။ လွှတ်တော်က ဝန်ကြီးများအဖွဲ့ကို လုပ်ပိုင်ခွင့်ပေးလိုက်တယ်။ ဒါပေမဲ့ လုပ်ဖို့ ပိုက်ဆံမရှိဘူး။ အဲဒီပိုက်ဆံက နောက်တနှစ် အခုဘတ်ဂျက်ထဲမှာပါဖို့။ ဒါပေမဲ့ ဒီဘတ်ဂျက်ကို ဒီနှစ် ဆီးနိတ်က - အထက်လွှတ်တော်က ဗမာပြည်အတွက် ၁၂၁ သန်းကူဖို့ လျာထား ထားတယ်၊ ဒါပေမဲ့ အဲဒီဘတ်ဂျက်ကိုအတည်ပြုဖို့အတွက်က ဆီးနိတ်က - ဒီ house မှာ အခုထက်ထိကို သူတို့အချင်းချင်း ရီပတ်ဘလင်ကင်နဲ့ ဒီမိုကရက်နဲ့အငြင်းပွါးနေကြတာနဲ့ အခုထက်ထိ သူတို့ continuing resolution ဆိုတာ ဒီက ဘတ်ဂျက်တောင် မကျနိုင်ဘူးဖြစ်နေတယ်။ ဒီက အစိုးရကို မပိတ်အောင်တောင် မနည်းလုပ်နေရတယ်။ အခု မတ်ချ်အထိ တခါ ဆွဲသွားပြန်ပြီ။ ဒီကဘတ်ဂျက်က အောက်တိုဘာမှာစတာဆိုတော့ ဒီကလူတွေတောင် တမမဖြစ်နေတော့ အဲဒီတော့ ဗမာပြည်ကတော့ နှေးနေတာပေါ့ဗျာ။ အဲဒါ ပထမတချက်နော်။

.... ပြီးတော့ Burma Caucus လုပ်လို့ရှိရင် ကျနော်တို့ကို အဲဒါကို organize လုပ်နေတဲ့သူတွေပေါ့ဗျာ၊ စီစဥ်တဲ့သူတွေက ကျနော်တို့ကို ဒီဟာ မဖွဲ့ခင်ကတည်းက ပြောတယ်ဗျ။ ပြောတော့ ကျနော်တို့က ကျနော်တို့နဲ့ရင်းနှီးတဲ့ Congress ကလူတွေကို ကျနော်တို့ ဒီထဲမှာပါဖို့ လိုက်ပြီးတော့ စည်းရုံးနေတယ်။ ကျနော်တို့အမြင်ကျတော့ Burma Caucus တွင် ဒီဥစ္စာ ဗမာတွေအတွက်ဖြစ်ရမယ်ပေါ့နော်။ အဲဒီတော့ ကျနော်တို့က သူများတွေဆီကနေတဆင့် ဆွေးနွေးတင်ပြခွင့်တွေ ဘာတွေကို မလုပ်ချင်ဘူး။ ကျနော်တို့ Burma Caucus ဆိုရင် ကျနော်တို့ ဗမာတွေက access ရှိရမယ်ပေါ့ဗျာ။ ကျနော်တို့ တိုက်ရိုက် ဆွေးနွေးတင်ပြခွင့် ရှိရမယ်ဆိုပြီးတော့ ကျနော်တို့ လိုက်ပြီးတော့ တောင်းဆိုတာပေါ့။ ကျနော်တို့နဲ့သိတဲ့သူတွေကို။ အဲဒီတော့ ကျနော်တို့ Third Anniversary Statement ပေးတုန်းကတောင်မှ အဲဒီ Burma Caucus က ဒီမိုကရက်တစ် chair ပေါ့ဗျာ၊ ဥက္ကဋ္ဌရော၊ ရီပတ်ဘလစ်ကင်ဥက္ကဋ္ဌရော ကျနော်တို့ အဲဒါ ပြောတယ်ဗျ။ ပြောပြီးတော့မှ ကျနော်တို့ကို တခြား ဆီးနိတ်တာအရွေးခံချင်တဲ့ congressman တယောက်က ဆက်သွယ်လာပြီးတော့ နောက်အပတ်ကို ကျနော်တို့ကို---- ပေးထားတယ်။ အဲဒါတွေကို ကျနော်တို့က အဓိကထားပြီးတော့ ပြောရမှာ။ Burma Caucus က ဗမာတွေ access ရှိကိုရှိရမယ်ဆိုတာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG