သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကားကို ပြောင်းရွှေ့လာသူတွေထဲ အာရှသားပညာတတ်တွေ များပြား


အမေရိကန်ပြည်ထောင်စုကို လက်ရှိကာလမှာ ရောက်လာကြတဲ့ ရွှေ့ပြောင်း အခြေချနေထိုင်သူ အများစုဟာ အာရှတိုက်က ပညာတတ်တွေ ဖြစ်ပါတယ်။

အစိုးရက ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်အတွင်း အမေရိကန်ပြည်ထောင်စုကို ရောက်လာသူ အများစုဟာ လက်တင်အမေရိကားတိုက်က ဖြစ်တယ်လို့ ဖော်ပြထားတာကြောင့် ဒါဟာ ပြောင်းလဲလာတဲ့ လက္ခဏာဖြစ်ပါတယ်။

၁၉၁၀ ခုနှစ်တွေတုန်းက အမေရိကန်ကို ပြောင်းရွှေ့လာသူ အများစုဟာ ဥရောပတိုက်ကဖြစ်ပြီ၊ နောက်ပိုင်း ၁၉၇၀ ခုနှစ်တွေမှာတော့ လက်တင်အမေရီးကားတိုက်က အများစုဖြစ်လာပြီး လက်ရှိ အနေအထားမှာတော့ အာရှတိုက်သားတွေဖြစ်တယ်လို့ Brookings Institute က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၀၀ ခုနှစ်ကစလို့ အမေရိကန်ပြည်ထောင်စုကို ရောက်လာကြတဲ့ ထိပ်တန်း ၃ နိုင်ငံဟာ တရုတ်၊ အိန္ဒိယနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဖြစ်တယ်လို့ ဝါရှင်တန် ဒီစီမြို့အခြေစိုက် Brooking Institute ရဲ့ အကြီးတန်း သုတေသီ William H. Frey က ပြောပါတယ်။

အမေရိကန် သန်းခေါင်စာရင်းဌာနက အချက်အလက်တွေကို ပြန်လည် သုံးသပ်ကြည့်တဲ့အခါမှာ ၂၀၁၀ ခုနှစ်ကစလို့ လက်တင်အမေရိကတိုက်က ဝင်ရောက်လာသူ အရေးအတွက်ဟာ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။ အမေရိကန်ကို လာရောက် ရွှေ့ပြောင်း နေထိုင်သူအများစုဟာ လက်တင်အမေရိကတိုက်က ဖြစ်တယ်ဆိုတဲ့ အများစုရဲ့ ယူချက်ဟာ ရွေ့ပြောင်းနေထိုင်သူ စုစုပေါင်းရဲ့ ထက်ဝက်ဟာ လက်တင်အမေရိကတိုက်သားတွေ ဖြစ်နေတဲ့အတွက်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG