သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ကုန်ပစ္စည်းတွေ အပေါ် ကနေဒါ အခွန်တိုးကောက်


အမေရိကန်သမ္မတ Donald Trump အစိုးရက ကနေဒါနိုင်ငံရဲ့ သံမဏိနဲ့ အလူမီနီယံ သွင်းကုန်တွေအပေါ် အခွန်ကောက်ခံမှု အသစ်တွေလုပ်ဖို့ ချမှတ်ခဲ့ပြီးတဲ့နောက်၊ ဒါကိုတုံ့ပြန်တဲ့အနေနဲ့ ကနေဒါအစိုးရကလည်း အမေရိကန်ရဲ့ ကုန်ပစ္စည်းတွေကို ဒီကနေ့ ဇူလိုင် ၁ ရက်နေ့က စပြီး အလားတူ အခွန်ကောက်ခံမှုအသစ်တွေလုပ်သွားမှာဖြစ်ပါတယ်။

ကနေဒါဝန်ကြီးချုပ် Trudeau အနေနဲ့ တခြားရွေးချယ်စရာ နည်းလမ်းမရှိဘဲ၊ အမေရိကန်က ပြီးခဲ့တဲ့ ဇွန်လ ၁ ရက် နေ့မှာ သံမဏိနဲ့ အလူမီနီယံတွေအပေါ် အခွန်တွေကောက်ဖို့ချမှတ်ခဲ့သလိုမျိုး၊ ကနေဒါနိုင်ငံဘက်ကလည်း အလားတူ ပြန်ကြေညာရတာဖြစ်တယ် ကနေဒါဝန်ကြီးချုပ်ရုံးရဲ့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။

ကနေဒါဝန်ကြီးချုပ် Justin Trudeau နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်တို့ဟာ ကုန်သွယ်ရေးနဲ့ တခြားစီးပွားရေးကိစ္စတွေကို ဆွေးနွေးဖို့အတွက် ပြီးခဲ့တဲ့ သောကြာနေ့ နှောင်းပိုင်းက စကားပြောခဲ့ကြတယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က စနေနေ့မှာ ကြေငြာပါတယ်။

ကနေဒါဝန်ကြီးချုပ်ရုံးရဲ့ အဆိုအရတော့၊ ခေါင်းဆောင် ၂ ဦးဟာ ရှေ့လျှောက်လုပ်ဆောင်သွားရမယ့်ကိစ္စရပ်တွေမှာ နီးနီးကပ်ကပ်လက်တွဲလုပ်ဆောင်ကြဖို့ သဘောတူခဲ့ကြတယ်လို့ ဖော်ပြပါတယ်။ သူတို့ ၂ ဦး အခုတကြိမ် တယ်လီဖုန်းနဲ့ စကားပြောကြတာဟာ ကနေဒါနိုင်ငံ Quebec မြို့မှာ ဇွန်လကကျင်းပခဲ့တဲ့ G-7 ညီလာခံအပြီး ပထမဆုံးအကြိမ် ပြောကြတာဖြစ်ပါတယ်။ အဲဒီညီလာခံအပြီး သမ္မတထရမ့်က ကနေဒါဝန်ကြီးချုပ်ဟာ ပျော့ညံ့ပြီး မရိုးသားဘူးလို့ တွစ်တာကနေ ဝေဖန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG