သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးကို တိုက်ခိုက်မှုအတွက် ဟားမတ်စ်ခေါင်းဆောင်ကို အမေရိကန် စွဲချက်တင်

ဟားမတ်စ်ခေါင်းဆောင် Yahya Sinwar အား အစည်းအဝေးတခုမှာတွေ့ရစဉ် (ဧပြီ ၃၀၊ ၂၀၂၂)
ဟားမတ်စ်ခေါင်းဆောင် Yahya Sinwar အား အစည်းအဝေးတခုမှာတွေ့ရစဉ် (ဧပြီ ၃၀၊ ၂၀၂၂)

အောက်တိုဘာ ၇ ရက် အစ္စရေးကို တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဟားမတ်စ်ခေါင်းဆောင် Yahya Sinwar နဲ့ အခြားစစ်သွေးကြွတွေကို ရာဇဝတ်ကြောင်းနဲ့ စွဲချက်တင်လိုက်ကြောင်း အမေရိကန် တရားရေးဌာနကပြောပါတယ်။

နယူးယောက်မြို့က ဖယ်ဒရယ်တရားရုံးကို တင်သွင်းထားတဲ့ အမှုမှာတော့ ပြည်ပအကြမ်းဖက် အဖွဲ့အစည်းတွေကို ထောက်ပံ့ကူညီမှု၊ ပူးပေါင်းကြံစည်မှုတွေကြောင့် သေကျေထိခိုက်မှုတွေဖြစ်ခဲ့ရတာတွေ အပါအဝင် ရာဇဝတ်ကြောင်းနဲ့ တိုင်ကြားချက်တွေ ပါဝင်ပါတယ်။

ရှေ့နေချုပ် Merrick Garland ကတော့ ဟာမတ်စ်တွေ ကျုးလွန်ခဲ့တဲ့ လုပ်ရပ်အတွက် အပြစ်ပေးနိုင်ဖို့ အားထုတ်မှုတွေထဲက တခုသာဖြစ်ပြီး၊ ဒါဟာ နောက်ဆုံး မဟုတ်သေးဘူးလို့လည်း မနေ့တုန်းက ဗွီဒီယိုနဲ့ ထုတ်ပြန်ချက်မှာ ပြောခဲ့တာပါ။

အမေရိကန်တရားရေးဌာနက ဟာမတ်စ်ခေါင်းဆောင် အပါအဝင် စစ်သွေးကြွအဖွဲ့ကို အမေရိကန် တရားရေးဌာနက စွဲချက်တင်လိုက်ပေမဲ့ ဂါဇာဒေသမှာ ခိုအောင်းနေတဲ့သူတွေကို လက်တွေ့ထက် သင်္ကေတသဘောသာ ဖြစ်နိုင်တယ်လို့လည်း ယူဆကြပါတယ်။ စွဲချက်တင်လိုက်တဲ့သူ ၆ ဦးအနက် ၃ ဦးက သေဆုံးသွားပြီလို့လည်း တာဝန်ရှိသူတွေက ယုံကြည်ထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG