သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် သွင်းကုန်ခွန် တိုးကောက်မယ့် အစီအစဉ် အစုရှယ်ယာဈေးကွက်ကိုရိုက်ခတ်


ဂျပန် အစုရှယ်ယာဈေး (ဖေဖေါ်ဝါရီ ၂၊ ၂၀၂၅)
ဂျပန် အစုရှယ်ယာဈေး (ဖေဖေါ်ဝါရီ ၂၊ ၂၀၂၅)

အမေရိကန်သမ္မတ Donald Trump က တရုတ်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့အပေါ် သွင်းကုန်ခွန်တွေ တိုးကောက်မယ်လို့ကြေညာလိုက်တဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေကြား စိုးရိမ်မှုတွေထွက်ပေါ်ပြီး နိုင်ငံတကာကအစုရှယ်ယာဈေးတွေ ဒီကနေ့ ကျဆင်းခဲ့ပါတယ်။

ဗြိတိန်အစုရှယ်ယာဈေး FTSE (ဖွတ်စီ) ဟာ နေ့လယ်ပိုင်းအထိ ၁.၂၅% ကျသွားခဲ့သလို ဂျာမနီက DAX နဲ့ ပြင်သစ်က CAC40 အစုရှယ်ယာဈေးတွေလည်း ၁.၇% စီ အသီးသီး ကျသွားခဲ့ပါတယ်။​

ဒီကနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ဂျပန်အစုရှယ်ယာဈေး Nikkei ၂.၆၆% ကျသွားခဲ့သလို တောင်ကိုရီးယား အစုရှယ်ယာဈေး KOSPI လည်း ၂.၅% ကျခဲ့ပါတယ်။ ဟောင်ကောင် အစုရှယ်ယာ ဈေး Hang Seng ကတော့ အစောပိုင်းမှာ ၂% ကျဆင်းခဲ့ပေမယ့် ဈေးမပိတ်ခင်မှာ ဝ.၀၇% ပြန်တက်ခဲ့ ပါတယ်။

ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတို့က သွင်းကုန်တွေအပေါ် ၂၅% နဲ့ တရုတ်နိုင်ငံက သွင်းကုန်တွေအပေါ် ၁၀% အခွန်တိုးမြှင့် ကောက်သွားမယ်လို့ သမ္မတ Trump က ဖေဖော်ဝါရီ ၁ ရက်၊ ပြီးခဲ့တဲ့ စနေနေ့က ကြေညာခဲ့ပါတယ်။

အမေရိကန်ကုန်ကသွင်းကုန်တွေအပေါ် သူတို့ဘက်ကလည်း အခွန်တွေ တိုးမြှင့်ကောက်ခံသွားမယ်လို့ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတို့က တန်ပြန်ကြေညာခဲ့ပြီး တရုတ်နိုင်ငံကလည်း အလားတူ တန်ပြန် အခွန်တိုးကောက်မယ်လို့ ပြောထားပါတယ်။

တရုတ်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတွေဟာ အမေရိကန်ရဲ့ ထိပ်တန်း ကုန်သွယ်ဘက် ၃ နိုင်ငံဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG