သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တရုတ် ထိပ်သီးဆွေးနွေးပွဲ ဖြစ်နိုင်ခြေ ညှိနှိုင်း

အမေရိကန် သမ္မတအိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan နဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့ တရုတ်နိုင်ငံ၊ ဘီဂျင်းမြို့မှာ တွေ့ဆုံစဉ်။ (သြ ဂုတ် ၂၇၊ ၂၀၂၄)
အမေရိကန် သမ္မတအိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan နဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့ တရုတ်နိုင်ငံ၊ ဘီဂျင်းမြို့မှာ တွေ့ဆုံစဉ်။ (သြ ဂုတ် ၂၇၊ ၂၀၂၄)

အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan နဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ ဗုဒ္ဓဟူးနေ့က ဒုတိယမြောက်နေ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာမှာ အမေရိကန်နဲ့တရုတ်ခေါင်းဆောင်တို့ကြား တွေ့ဆုံဆွေးနွေးပွဲ ဖြစ်နိုင်ခြေ၊ နောက် တောင်တရုတ်ပင်လယ်ပြင်အတွင်း တင်းမာမှုအရေးကိစ္စတွေလည်း ပါဝင်ပါတယ်။

ပွင့်ပွင့်လင်းလင်း၊ ထိထိမိမိနဲ့ အပြုသဘောဆောင် ဆွေးနွေးခဲ့ကြကြောင်း နှစ်ဘက်စလုံးက ပြောပါတယ်။ လာမယ့်သီတင်းပတ်တွေအတွင်း နိုင်ငံခေါင်းဆောင်အဆင့် ဆွေးနွေးပွဲတွေ စီစဉ်ရေးကိုလည်း နှစ်ဘက် ဆွေးနွေးခဲ့ကြကြောင်းအမေရိကန် သမ္မတအိမ်ဖြူတော်ကြေညာချက်က ဖော်ပြပါတယ်။ အမေရိကန်သမ္မတ Joe Biden နဲ့ တရုတ်သမ္မတ Xi Jinping တို့ကြား ဆွေးနွေးပွဲအလားအလာကို ဆွေးနွေးခဲ့ကြောင်းလည်း Xinhua သတင်းက ဖော်ပြပါတယ်။

နှစ်နိုင်ငံ စစ်တပ်ချင်း ဆက်သွယ်ရေး၊ နောက် သင့်လျော်အဆင်ပြေတဲ့အချိန်မှာ စစ်တပ်တပ်မှူးတွေကြား ဗွီဒီယို Call နဲ့ဆက်သွယ်ရေးတို့ အရေးကြီးမှုကိုလည်း နှစ်ဘက်တို့ဆွေးနွေးခဲ့ကြောင်း တရုတ်ဘက်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ထိုင်ဝမ် ရေလက်ကြားမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းထားရေးကို ဆွေးနွေးခဲ့ကြတဲ့အပြင်Wang နဲ့ Sullivan တို့ တောင်တရုတ် ပင်လယ်ပြင်အတွင်း အငြင်းပွားမှုအရေး ဆွေးနွေးမှုမှာတော့ ဖိလစ်ပိုင်ကို အမေရိကန်ကထောက်ခံတာနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က သတိပေး ပြောဆိုခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်ပြင်အတွင်း ဖိလစ်ပိုင်ရဲ့ တရားဝင်ရေကြောင်းလှုပ်ရှားမှုတွေကို တရုတ်ဘက်ကမတည်မငြိမ်ဖြစ်အောင် ဆန့်ကျင်လုပ်ဆောင်နေတာတွေအပေါ် စိုးရိမ်ကြောင်းလည်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးSullivan က ပြောခဲ့ကြောင်း အမေရိကန် သမ္မတအိမ်ဖြူတော် ကြေညာချက်က ဖော်ပြပါတယ်။

ကန်-တရုတ် ထိပ်သီးဆွေးနွေးပွဲ ဖြစ်နိုင်ခြေ ညှိနှိုင်း
please wait

No media source currently available

0:00 0:01:36 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG