သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တရုတ် ထိပ်တန်းသံတမန်နှစ်ဦးဆွေးနွေးပွဲ မြန်မာ့အရေးပါဝင်


အမေရိကန် သမ္မတအိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan နဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့ တရုတ်နိုင်ငံ၊ ဘီဂျင်းမြို့မှာ တွေ့ဆုံစဉ်။ (သြ ဂုတ် ၂၇၊ ၂၀၂၄)
အမေရိကန် သမ္မတအိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan နဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့ တရုတ်နိုင်ငံ၊ ဘီဂျင်းမြို့မှာ တွေ့ဆုံစဉ်။ (သြ ဂုတ် ၂၇၊ ၂၀၂၄)

တရုတ်နိုင်ငံကိုရောက်နေတဲ့ အမေရိကန် အမျိုးသား လုံခြုံရေးအကြံပေး Jake Sullivan နဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီးWang Yi တို့ သြဂုတ်လ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့ ဆွေးနွေးပွဲတွေအတွင်း မြန်မာ့အရေးကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာ့အရေး စိုးရိမ်ချက်တွေကို ဆွေးနွေးခဲ့ကြကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်ကြေညာချက်ကဖော်ပြပေမဲ့ အသေးစိတ်ကိုတော့ ဖော်ပြ မထားပါဘူး။

တရုတ်နိုင်ငံခြားရေး ဝမ်ယိရဲ့ မြန်မာခရီးစဉ်၊ နောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ ဆွေးနွေးမှုတွေအပြီးမှာ အမေရိကန်နဲ့တရုတ်ကြား မြန်မာ့အရေးဆွေးနွေးမှု ထပ်ပြီး ပေါ်ပေါက်လာတာပါ။

တရုတ်နိုင်ငံခြားရေး ဝမ်ယိက သြဂုတ်လ ၁၄ ရက်နေ့မှာ မြန်မာ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့သလို စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေနဲ့လည်း တွေ့ဆုံခဲ့တာပါ။မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပရေးကို ထောက်ခံကြောင်းနဲ့ ပြည်ပအင်အားစုတွေ စွက်ဖက်မှုကို ဆန့်ကျင်ကြောင်းတရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိက ပြောဆိုခဲ့တယ်ဆိုပြီး တရုတ် နိုင်ငံပိုင် ရှင်ဟွာ သတင်းက ဖော်ပြပါတယ်။ တရုတ်ဘက်က ဒီလို ကတိပြု ပြောဆိုခဲ့ပြီး နောက် သြဂုတ်လ ၁၆ ရက်နေ့မှာပဲ အမေရိကန်ဘက်ကလည်း မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို တိုက်ရိုက် ထောက်ပံ့မှု တိုးချဲ့မယ့်အကြောင်း ကတိပြုခဲ့တာပါ။

အမေရိကန် နိုင်ငံခြားရေးဌာန အကြံပေး Tom Sullivan နဲ့ အမေရိကန် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီ USAID လက်ထောက် စီမံခန့်ခွဲရေးမှုး Michael Schiffer တို့က အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ KNU ကရင်အမျိုးသားအစည်းအရုံး၊KNPP ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ၊ CNF ချင်းအမျိုးသားတပ်ဦး အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ကြတာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Julie Bishop လည်း တရုတ်နိုင်ငံကို သြဂုတ်လ၂၀ ရက်နေ့က သွားရောက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနဲ့ မြန်မာ့ အရေး ဆွေးနွေးခဲ့ပါတယ်။

ကန်-တရုတ် ထိပ်တန်းသံတမန်နှစ်ဦးဆွေးနွေးပွဲ မြန်မာ့အရေးပါဝင်      
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG