သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကို ဖ့ွံဖြိုးဆဲနိုင်ငံစာရင်းက ဖယ်ထုတ်ဖို့ ကန်ဖိအားပေး


တရုတ်နဲ့ တခြားနိုင်ငံတချို့ကို ဖွံ့ဖြိုးဆဲနိုင်ငံတွေအဖြစ် သတ်မှတ်ထားတာကို ရပ်ဆိုင်းဖို့ WTO ခေါ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဖိအားပေးနေပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံ Developing Nations အဖြစ် ကမ္ဘာ့ကုန်သွယ်ရေး လုပ်ထုံးလုပ်နည်းအရ သက်ညှာမှု ရရှိနိုင်တာ ဖြစ်ပါတယ်။

ဒီနိုင်ငံတွေရဲ့ စီးပွားရေးအင်အား ခိုင်မာတယ်ဆိုရင် ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ် သတ်မှတ်မှုကို ရပ်ဆိုင်းသွားအောင် WTO အပေါ် နည်းမျိုးစုံသုံးပြီး ဖိအားပေးဖို့ သမ္မတထရမ့်က အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် Robert Lighthizer ကို သောကြာနေ့က ညွှန်ကြားလိုက်ပါတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံလို့ ခွဲခြားသတ်မှတ်ရာမှာ WTO ရဲ့ စံဟာ ခေတ်နောက်ကျနေပြီဖြစ်ပြီး အဖွ့ဲဝင်နိုင်ငံတချို့ဟာ တဘက်စောင်းနင်း အခွင့်အရေးတွေ ခံစားနေရတယ်လို့ သမ္မတထရမ့်ကဆိုပါတယ်။

တကယ်လို့ WTO ရဲ့လုပ်ရပ်ဟာ ရက်ပေါင်း ၉၀ အတွင်း ထူးခြား တိုးတက်မှု ရှိမလာရင် အဲဒီနိုင်ငံတွေအပေါ် ဖွံ့ဖြိုးဆဲနိုင်ငံတွေအဖြစ် ဆက်ဆံတာကို အမေရိကန်က တဖက်သတ် ရပ်ဆိုင်းပစ်မယ်လို့လည်း ဆိုထားပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး ၁၀ နိုင်ငံအနက် တရုတ်အပါအဝင် ခုနစ် နိုင်ငံတို့ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအဖြစ် WTO မှာ စာရင်းသွင်းထားကြတယ်လို့ ဆိုပါတယ်။ ဒီအဆင့် သတ်မှတ်ခံရတဲ့အတွက်အစိုးရတွေဟာ သူတို့ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေကို အကာကွယ်ပေးနိုင် ငွေကြေးထောက်ပံ့တဲ့အပြင် ကုန်သွယ်ရေး သဘောတူညီမှုတွေကို လိုက်နာ အကောင်အထည်ဖော်ဖို့အတွက်လည်း အချိန်ပိုပြီး ရယူနိုင်ကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG