သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တူရကီေရာက္ အေမရိကန္ေတြ အၾကမ္းဖက္တိုက္ခိုက္ခံရႏိုင္ဖြယ္ ကန္သံ႐ုံး သတိေပး


တူရကီရွိ အေမရိကန္သံ႐ုံးအနီး ေစာင့္ၾကပ္ေနတဲ့ လုံၿခဳံေရးဝန္ထမ္းတဦး။ (ေအာက္တိုဘာ ၈၊ ၂၀၁၉)

(Zawgyi / Unicode)

တူရကီႏိုင္ငံ Istanbul ၿမိဳ႕ေတာ္နဲ႔ ႏိုင္ငံတြင္း တျခားေနရာေတြမွာ အၾကမ္းဖက္တိုက္ခိုက္မႈေတြ ျဖစ္လာႏိုင္ေၾကာင္း တူရကီေရာက္ အေမရိကန္ ႏိုင္ငံသားေတြအတြက္ အေမရိကန္သံ႐ုံးက သတိေပးခ်က္ ထုတ္ျပန္ထားပါတယ္။

Istanbul က အေမရိကန္ေကာင္စစ္ဝန္႐ုံး အပါအဝင္ ၿမိဳ႕ေတာ္နဲ႔ တူရကီထဲက တျခားေနရာေတြမွာပါ အေမရိကန္ႏုိင္ငံသားေတြနဲ႔ ႏိုင္ငံျခားသားေတြကို အၾကမ္းဖက္တိုက္ခိုက္မႈေတြ၊ ျပန္ေပးဆြဲတာေတြ လုပ္ႏိုင္တယ္ဆိုတဲ့ ယံုၾကည္စိတ္ခ်ရတဲ့ သတင္းေတြ ရထားေၾကာင္း Istanbul အေမရိကန္သံ႐ုံးက ေသာၾကာေန႔မွာ သတိေပးခ်က္ ထုတ္ျပန္ထားတာပါ။

အေမရိကန္ႏုိင္ငံသားေတြ အေနနဲ႔ ႀကီးမားတဲ့ ႐ုံးအေဆာက္အဦေတြ၊ ေစ်းဝယ္စင္တာေတြအျပင္ တျခား အေမရိကန္နဲ႔ ႏိုင္ငံျခားသားေတြ စုေဝးသြားေရာက္ေလ့ရွိတဲ့ ေနရာမ်ိဳးေတြကို သြားမယ္ဆိုရင္ သတိႀကီးႀကီးထားဖို႔ သတိေပးထားတာ ျဖစ္ပါတယ္။

ဒါ့အျပင္ ျပည္ဝင္ခြင့္ဗီဇာနဲ႔ တူရကီက အေမရိကန္သံ႐ုံးက ေပးေနက် တျခားဝန္ေဆာင္မႈေတြကိုလည္း ယာယီရပ္ဆိုင္းထားမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

တူရကီႏိုင္ငံအတြက္ လံုၿခံဳေရးဆိုင္ရာ အေျခအေန ဆန္းစစ္မႈေတြကေန အခုလို သတိေပးခ်က္ ထုတ္ျပန္ရတာလို႔ အေမရိကန္ ႏိုင္ငံျခားေရးဌာနက စေနေန႔မွာ ေျပာပါတယ္။ ဒါေပမယ့္ ဘာေၾကာင့္ ႐ုတ္တရက္ အခုလို ထုတ္ျပန္ရတယ္ ဆိုတာကိုေတာ့ ေသေသခ်ာခ်ာ ထုတ္မေျပာပါဘူး။

ဆီးရီးယားမွာရွိတဲ့ အယ္လ္ကိုင္းဒါး အၾကမ္းဖက္အဖြဲ႔ကို မၾကာေသးခင္ကမွ အေမရိကန္က ေလေၾကာင္းတိုက္ခိုက္မႈေတြ လုပ္ခဲ့တဲ့ေနာက္ အခုလို သတိေပးခ်က္ ထုတ္ျပန္ခဲ့တာပါ။ ၾကာသပေတးေန႔ကလည္း ဒီအၾကမ္းဖက္အဖြဲ႔ ေခါင္းေဆာင္ပိုင္းေတြ အစည္းအေဝး လုပ္ေနတယ္ဆိုတဲ့ ေနရာကို ေလေၾကာင္းတိုက္ခိုက္ခဲ့တာ ျဖစ္ပါတယ္။

ဆီးရီးယားႏိုင္ငံ အေနာက္ေျမာက္ပိုင္းမွာ တည္ၿငိမ္မႈမရွိတာကို အခြင့္ေကာင္းယူၿပီး အယ္လ္ကိုင္းဒါးအဖြဲ႔က တိုက္ခိုက္မႈေတြလုပ္ဖို႔ ေျခကုပ္ယူေနတယ္လို႔ အေမရိကန္ စစ္တပ္ရဲ႕ အလယ္ပိုင္းေဒသ စစ္ဌာနခ်ဳပ္က ေၾကညာခ်က္ထုတ္ျပန္ သတိေပးထားပါတယ္။

ဆီးရီးယားႏုိင္ငံမွာ ျဖစ္ပြားေနတဲ့ ဆယ္ႏွစ္ၾကာစစ္ပြဲ ေနာက္ပိုင္း Idlib ခ႐ုိင္္္ဟာ သူပုန္ေတြ ေနာက္ဆံုးအျဖစ္ အခုိင္အမာ ေျခကုပ္ယူထားတဲ့ေနရာ ျဖစ္ပါတယ္။ ဂ်ီဟတ္ တုိက္ခိုက္ေရးသမားေတြ အပါအဝင္ အတိုက္အခံတပ္ေတြက တူရကီစစ္တပ္ရဲ႕ အကူအညီရေနတဲ့ ဆီးရီးယားသမၼတ Bashar al-Assad ကို ေတာ္လွန္တဲ့ တိုက္ခိုက္မႈေတြ အခုထိ ဆက္လက္လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

တူရကီရောက် အမေရိကန်တွေ အကြမ်းဖက်တိုက်ခိုက်ခံရနိုင်ဖွယ် ကန်သံရုံး သတိပေး

တူရကီနိုင်ငံ Istanbul မြို့တော်နဲ့ နိုင်ငံတွင်း တခြားနေရာတွေမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်ကြောင်း တူရကီရောက် အမေရိကန် နိုင်ငံသားတွေအတွက် အမေရိကန်သံရုံးက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

Istanbul က အမေရိကန်ကောင်စစ်ဝန်ရုံး အပါအဝင် မြို့တော်နဲ့ တူရကီထဲက တခြားနေရာတွေမှာပါ အမေရိကန်နိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ ပြန်ပေးဆွဲတာတွေ လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းတွေ ရထားကြောင်း Istanbul အမေရိကန်သံရုံးက သောကြာနေ့မှာ သတိပေးချက် ထုတ်ပြန်ထားတာပါ။

အမေရိကန်နိုင်ငံသားတွေ အနေနဲ့ ကြီးမားတဲ့ ရုံးအဆောက်အဦတွေ၊ ဈေးဝယ်စင်တာတွေအပြင် တခြား အမေရိကန်နဲ့ နိုင်ငံခြားသားတွေ စုဝေးသွားရောက်လေ့ရှိတဲ့ နေရာမျိုးတွေကို သွားမယ်ဆိုရင် သတိကြီးကြီးထားဖို့ သတိပေးထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်ဝင်ခွင့်ဗီဇာနဲ့ တူရကီက အမေရိကန်သံရုံးက ပေးနေကျ တခြားဝန်ဆောင်မှုတွေကိုလည်း ယာယီရပ်ဆိုင်းထားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

တူရကီနိုင်ငံအတွက် လုံခြုံရေးဆိုင်ရာ အခြေအနေ ဆန်းစစ်မှုတွေကနေ အခုလို သတိပေးချက် ထုတ်ပြန်ရတာလို့ အမေရိကန် နိုင်ငံခြားရေးဌာနက စနေနေ့မှာ ပြောပါတယ်။ ဒါပေမယ့် ဘာကြောင့် ရုတ်တရက် အခုလို ထုတ်ပြန်ရတယ် ဆိုတာကိုတော့ သေသေချာချာ ထုတ်မပြောပါဘူး။

ဆီးရီးယားမှာရှိတဲ့ အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့ကို မကြာသေးခင်ကမှ အမေရိကန်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့နောက် အခုလို သတိပေးချက် ထုတ်ပြန်ခဲ့တာပါ။ ကြာသပတေးနေ့ကလည်း ဒီအကြမ်းဖက်အဖွဲ့ ခေါင်းဆောင်ပိုင်းတွေ အစည်းအဝေး လုပ်နေတယ်ဆိုတဲ့ နေရာကို လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ တည်ငြိမ်မှုမရှိတာကို အခွင့်ကောင်းယူပြီး အယ်လ်ကိုင်းဒါးအဖွဲ့က တိုက်ခိုက်မှုတွေလုပ်ဖို့ ခြေကုပ်ယူနေတယ်လို့ အမေရိကန် စစ်တပ်ရဲ့ အလယ်ပိုင်းဒေသ စစ်ဌာနချုပ်က ကြေညာချက်ထုတ်ပြန် သတိပေးထားပါတယ်။

ဆီးရီးယားနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဆယ်နှစ်ကြာစစ်ပွဲ နောက်ပိုင်း Idlib ခရိုင်ဟာ သူပုန်တွေ နောက်ဆုံးအဖြစ် အခိုင်အမာ ခြေကုပ်ယူထားတဲ့နေရာ ဖြစ်ပါတယ်။ ဂျီဟတ် တိုက်ခိုက်ရေးသမားတွေ အပါအဝင် အတိုက်အခံတပ်တွေက တူရကီစစ်တပ်ရဲ့ အကူအညီရနေတဲ့ ဆီးရီးယားသမ္မတ Bashar al-Assad ကို တော်လှန်တဲ့ တိုက်ခိုက်မှုတွေ အခုထိ ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG