သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္ဝမ္အနီး တ႐ုတ္စစ္ေလယာဥ္ေတြ ပ်ံသန္းမႈ အေမရိကန္ စိုးရိမ္မကင္း


တ႐ုတ္ေလတပ္ရဲ႕ SU-30 တုိက္ေလယာဥ္ႏွစ္စီး။

(Zawgyi / Unicode)

ထုိင္ဝမ္ပိုင္နက္ေဒသ အနားတဝိုက္ တ႐ုတ္ရဲ႕ ရန္လိုတဲ့ စစ္ေရးလုပ္ေဆာင္မႈေတြအတြက္ စိုးရိမ္စိတ္ပူေၾကာင္း အေမရိကန္က ထုတ္ေဖာ္ေျပာဆိုလိုက္ခ်ိန္မွာပဲ တ႐ုတ္က ထိုင္ဝမ္ေတာင္ပိုင္း ေရျပင္ေပၚမွာ တနဂၤေႏြေန႔က စစ္ေလယာဥ္ ၁၆ စင္း ျဖတ္ၿပီး ပ်ံသန္းခဲ့ပါတယ္။

တ႐ုတ္က ထုိင္ဝမ္ေလေၾကာင္းကာကြယ္ေရးဇုန္ထဲကို သူတို႔ရဲ႕ တိုက္ေလယာဥ္ ၁၂ စင္းနဲ႔ တျခားအမ်ိဳးအစား စစ္ေလယာဥ္ ၄ စင္း ေစလႊတ္ခဲ့ေၾကာင္း ထုိင္ဝမ္ ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာပါတယ္။

တ႐ုတ္က ထိုင္ဝမ္ေဝဟင္ပိုင္နက္ထဲ ေသာၾကာေန႔က စစ္ေလယာဥ္ ၃၈ စင္းနဲ႔ ပ်ံသန္းခဲ့သလို စေနေန႔မွာေတာ့ စစ္ေလယာဥ္ ၃၉ စင္း ပ်ံသန္းခဲ့တာပါ။ ဒါဟာ မႏွစ္က စက္တင္ဘာလထဲ တ႐ုတ္ေလယာဥ္ေတြ သူ႔ေဝဟင္ပိုင္နက္မွာ ပ်ံသန္းလာေၾကာင္း ထုိင္ဝမ္ စတင္ေျပာၾကားခ်ိန္ကစ ၾကည့္မယ္ဆိုရင္ တရက္အတြင္း ေလယာဥ္စင္းေရ အမ်ားဆံုး ျဖတ္ပ်ံခဲ့တာ ျဖစ္ပါတယ္။

ေလယာဥ္ေတြဟာ ေန႔ဘက္မွာေရာ ညဘက္ေတြမွာပါ ပ်ံသန္းေနတာေၾကာင့္ တနဂၤေႏြညဘက္မွာ အစင္းေရ ခုထက္ပိုမ်ားလာဖို႔ ရွိမရွိေတာ့ ေသေသခ်ာခ်ာ မသိရေသးပါဘူး။

ထုိင္ဝမ္နားမွာ တ႐ုတ္ရဲ႕ စစ္ေရးလႈပ္ရွားမႈေတြဟာ မွားယြင္းခၽြတ္ေခ်ာ္မႈ တစံုတရာ ျဖစ္လာမယ့္ အႏၲရာယ္ႀကီးသလို ေဒသတြင္း တည္ၿငိမ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးကို ထိခိုက္ေစႏိုင္တယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Ned Price က ေၾကညာခ်က္ထုတ္ျပန္ သတိေပးခဲ့ပါတယ္။

တ႐ုတ္အစိုးရအေနနဲ႔ ထုိင္ဝမ္ကိုဆန္႔က်င္တဲ့ စစ္ေရး၊ သံတမန္ေရးနဲ႔ စီးပြါးေရးဖိအားေတြ ရပ္ပစ္ဖို႔ အေမရိကန္က တိုက္တြန္းေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ အေမရိကန္ဟာ ထုိင္ဝမ္ရဲ႕ အႀကီးဆံုး လက္နက္ျဖန္႔ျဖဴးသူျဖစ္သလို ထုိင္ဝမ္ ကိုယ့္ကိုယ္ကို ကာကြယ္ႏိုင္စြမ္း ေကာင္းေကာင္းရွိေအာင္ ဆက္လက္အကူအညီေပးဖို႔ ရွိတယ္လို႔လည္း ေျပာပါတယ္။

တ႐ုတ္နဲ႔ ထုိင္ဝမ္ဟာ ၁၉၄၉ ခု ျပည္တြင္းစစ္အတြင္း ႏွစ္ဖက္ကြဲသြားတာျဖစ္ၿပီး တ႐ုတ္ျပည္မမွာ ကြန္ျမဴနစ္ထိန္းခ်ဳပ္ခဲ့ခ်ိန္မွာ ျပည္မနဲ႔ မိုင္ ၁၀၀ ေလာက္သာေဝးတဲ့ လူေပါင္း ၂၄ သန္းရွိတဲ့ ကၽြန္းကေလးမွာေတာ့ အမ်ိဳးသားေရးဝါဒီေတြက ထုိင္ဝမ္အစိုးရတရပ္ကို ထူေထာင္ခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ထိုင်ဝမ်အနီး တရုတ်စစ်လေယာဉ်တွေ ပျံသန်းမှု အမေရိကန် စိုးရိမ်မကင်း

ထိုင်ဝမ်ပိုင်နက်ဒေသ အနားတဝိုက် တရုတ်ရဲ့ ရန်လိုတဲ့ စစ်ရေးလုပ်ဆောင်မှုတွေအတွက် စိုးရိမ်စိတ်ပူကြောင်း အမေရိကန်က ထုတ်ဖော်ပြောဆိုလိုက်ချိန်မှာပဲ တရုတ်က ထိုင်ဝမ်တောင်ပိုင်း ရေပြင်ပေါ်မှာ တနင်္ဂနွေနေ့က စစ်လေယာဉ် ၁၆ စင်း ဖြတ်ပြီး ပျံသန်းခဲ့ပါတယ်။

တရုတ်က ထိုင်ဝမ်လေကြောင်းကာကွယ်ရေးဇုန်ထဲကို သူတို့ရဲ့ တိုက်လေယာဉ် ၁၂ စင်းနဲ့ တခြားအမျိုးအစား စစ်လေယာဉ် ၄ စင်း စေလွှတ်ခဲ့ကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

တရုတ်က ထိုင်ဝမ်ဝေဟင်ပိုင်နက်ထဲ သောကြာနေ့က စစ်လေယာဉ် ၃၈ စင်းနဲ့ ပျံသန်းခဲ့သလို စနေနေ့မှာတော့ စစ်လေယာဉ် ၃၉ စင်း ပျံသန်းခဲ့တာပါ။ ဒါဟာ မနှစ်က စက်တင်ဘာလထဲ တရုတ်လေယာဉ်တွေ သူ့ဝေဟင်ပိုင်နက်မှာ ပျံသန်းလာကြောင်း ထိုင်ဝမ် စတင်ပြောကြားချိန်ကစ ကြည့်မယ်ဆိုရင် တရက်အတွင်း လေယာဉ်စင်းရေ အများဆုံး ဖြတ်ပျံခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်တွေဟာ နေ့ဘက်မှာရော ညဘက်တွေမှာပါ ပျံသန်းနေတာကြောင့် တနင်္ဂနွေညဘက်မှာ အစင်းရေ ခုထက်ပိုများလာဖို့ ရှိမရှိတော့ သေသေချာချာ မသိရသေးပါဘူး။

ထိုင်ဝမ်နားမှာ တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ မှားယွင်းချွတ်ချော်မှု တစုံတရာ ဖြစ်လာမယ့် အန္တရာယ်ကြီးသလို ဒေသတွင်း တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က ကြေညာချက်ထုတ်ပြန် သတိပေးခဲ့ပါတယ်။

တရုတ်အစိုးရအနေနဲ့ ထိုင်ဝမ်ကိုဆန့်ကျင်တဲ့ စစ်ရေး၊ သံတမန်ရေးနဲ့ စီးပွါးရေးဖိအားတွေ ရပ်ပစ်ဖို့ အမေရိကန်က တိုက်တွန်းကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် အမေရိကန်ဟာ ထိုင်ဝမ်ရဲ့ အကြီးဆုံး လက်နက်ဖြန့်ဖြူးသူဖြစ်သလို ထိုင်ဝမ် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်း ကောင်းကောင်းရှိအောင် ဆက်လက်အကူအညီပေးဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

တရုတ်နဲ့ ထိုင်ဝမ်ဟာ ၁၉၄၉ ခု ပြည်တွင်းစစ်အတွင်း နှစ်ဖက်ကွဲသွားတာဖြစ်ပြီး တရုတ်ပြည်မမှာ ကွန်မြူနစ်ထိန်းချုပ်ခဲ့ချိန်မှာ ပြည်မနဲ့ မိုင် ၁၀၀ လောက်သာဝေးတဲ့ လူပေါင်း ၂၄ သန်းရှိတဲ့ ကျွန်းကလေးမှာတော့ အမျိုးသားရေးဝါဒီတွေက ထိုင်ဝမ်အစိုးရတရပ်ကို ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG