ဖမ်းဆီးခံနေရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦး ရဲ့ အယူခံမှုကို ငြင်းပယ်ခဲ့တဲ့ မြန်မာနိုင်ငံ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ဗုဒ္ဓဟူးနေ့က ပြစ်တင် ရှုတ်ချခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်မှာ မြန်မာနိုင်ငံ တရားလွှတ်တော်ချုပ်ရဲ့ဆုံးဖြတ်ချက်ဟာ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ သတင်းသမားတွေကို အကာအကွယ် ပေးရာမှာ ရေရှည်အကျိုး သက်ရောက်မှု ရှိစေမယ့် ဆိုးရွားတဲ့ အချက်ပြမှု တစ်ခုဖြစ်တယ်လို့ ပါရှိပါတယ်။
ဆက်လက်ပြီး မကြာသေးမီ ကာလအတွင်း မြန်မာနိုင်ငံမှာ သတင်းထောက် တချို့ ၊ လူမှုအဖွဲ့အစည်း အဖွဲ့တချို့နဲ့ သံချပ် ထိုးသူတချို့ ဖမ်းဆီး ခံရတဲ့ အပေါ်အမေရိကန် ပြည်ထောင်စုက အလွန် စိုးရိမ်မိကြောင်းလည်း ပြောပါတယ်။
သတင်းထောက် နှစ်ဦးရဲ့ အယူခံမှုကို ငြင်းပယ်ခဲ့တဲ့ တရားလွှတ်တော်ချုပ် ကတော့ ဘာကြောင့် ငြင်းပယ်ရသလဲ ဆိုတာကို ထပ်ပြီး အသေးစိတ် မပြောခဲ့ပါဘူး။
သတင်းထောက်တွေကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တာ ဖြစ်ကြောင်းနဲ့ တရား စစ်ဆေးနေတဲ့ အချိန်အတွင်း ဥပဒေ စိုးမိုးရေး အရာရှိ တစ်ဦးကလည်း စာရွက်စာတမ်းတွေကို သူက ပေးခဲ့တာ ဖြစ်ကြောင်း သူတို့ရဲ့ ရှေ့နေတွေက ထွက်ဆိုခဲ့တယ်လို့ပြောခဲ့ပါတယ်။ သတင်းထောက် နှစ်ဦး ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ဖမ်းဆီးခဲ့တာဟာ နိုင်ငံတကာမှာ မြန်မာနိုင်ငံအပေါ် ဝေဖန်မှုတွေ များစွာ ဖြစ်ပေါ်ခဲ့ပါတယ်။