သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အမှု အင်္ဂါနေ့ အမိန့်ချဖို့ရှိ


 ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး
ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး

နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် အပြစ်ပေးတာ ခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ အယူခံနောက်ဆုံးအဆင့်ကို မတ်လတုန်းက သူတို့ရဲ့ အကျိုးဆောင်တွေက နေပြည်တော် တရားလွှတ်တော်ချုပ်မှာ ကြားနာခဲ့တာ ဖြစ်ပြီး အခု အင်္ဂါနေ့မှာတော့ အမိန့်ချတော့မှာ ဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ် ကိုဝလုံးနဲ့ ၂၉ နှစ်အရွယ် ကိုကျော်စိုးဦးတို့အနေနဲ့ မြန်မာနိုင်ငံမှာ ကိုလိုနီခေတ် လျှို.ဝှက်သတင်းအချက်အလက် ဆိုင်ရာဥပဒေနဲ့ အဖမ်းခံခဲ့ရတဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက စပြီး ထောင်ထဲမှာ ၁ နှစ်နဲ့ ၄ လ နေလာခဲ့ရပါတယ်။

ဒီသတင်းထောက် ၂ ယေက်အနေနဲ့ ရခိုင်ပြည်နယ်က တပ်မတော် စစ်ဆင်ရေး လုပ်နေချိန်က ရိုဟင်ဂျာမွတ်ဆလင် (၁၀) ဦး သတ်ခံရတာကို သတင်းစုံစမ်းနေစဉ် အဖမ်းခံခဲ့ရတာပါ။

မြန်မာနိုင်ငံမှာ အဆင့်အမြင့်ဆုံးဖြစ်တဲ့ ဒီတရုားရုံးချုပ်ရဲ့ အင်တာနက် Website နဲ့ Facebook တွေမှာ ဒီ သတင်းထောက်တွေရဲ့ အယူခံအမူအကြောင်းကို စနေနေ့က ဖော်ပြထားပါတယ်။

ရန်ကုန် တရားရုံး ကတော့ ဒီ သတင်းထောက်တွေအနေနဲ့ နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ လျှို့ဝှက်အထောက်အထားတွေ လက်ဝယ်ရယူထားတာ တွေ့ခဲ့ရတယ်လို့ ဆုံးဖြတ်ထားပါတယ် ။

ဒါပေမဲ့ ဒီသတင်းထောက်တွေရဲ့ ရှေ.နေ ဦးခင်မောင်ဇော်ကတော့ ဒီ အမူမှာ ပြစ်မူသက်သေအထောက်အထား မရှိဘဲ၊ ရဲက ကြိုတင်အကွင်ဆင် ဖမ်းဆီးထားတဲ့ အထောက်အထားသာတွေ့ရတယ်လို့ ပြန်ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG